နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာစစ်ပွဲ ရပ်တန့်နိုင်မယ့်အစီအစဉ်ကို လိုက်နာကြဖို့ ဂျိုးဘိုင်ဒန်တိုက်တွန်း

ဂါဇာစစ်ပွဲ ရပ်တန့်နိုင်မယ့်အစီအစဉ်ကို လိုက်နာကြဖို့ ဂျိုးဘိုင်ဒန်တိုက်တွန်း

++++++++++++++

အကျဉ်းသားတွေနဲ့ ဓားစာခံတွေလဲလှယ်ပြီး ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးရဲ့ ကမ်းလှမ်းမှုကို ဟားမက်စ်ခေါင်းဆောင်တွေ လက်ခံဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သောကြာနေ့မှာတောင်းဆိုလိုက်ပါတယ်။ ဒါဟာ အသေအဆုံးများတဲ့ သေမင်းတမန်စစ်ပွဲကို အဆုံးသတ်ဖို့ နည်းလမ်းဖြစ်တယ်လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ ၈ လကြာ ပဋိပက္ခအတွက် ဖြေရှင်းမယ့်အဖြေကို  ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မိန့်ခွန်းမှာ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပြီး အခုကမ်းလှမ်းမှုဟာ ဂါဇာထဲမှာရှိတဲ့ အစ္စရေးတပ်တွေ ၆ ပတ်အတွင်း ပြန်ထွက်သွားမယ့် အစီအစဉ်နဲ့ စတင်မယ်လို့ ဆိုပါတယ်။

“ ဒီစစ်ပွဲကြီး ပြီးဆုံးဖို့ အချိန်တန်ပါပြီ” လို့ ပြောဆိုကာ ငြိမ်းချမ်းရေးကို ဆုပ်ကိုင်နိုင်မယ့် ဒီအခွင့်အရေးကို မိမိတို့ ထပ်ပြီး အဆုံးရှုံးမခံနိုင်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ အသက် 81 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုးဘိုင်ဒန်က အခုကမ်းလှမ်းမှုကို ဟားမက်စ်ခေါင်းဆောင်တွေလက်ခံသင့်တယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် ဂျိုးဘိုင်ဒန်ပြောတဲ့ ပထမအဆင့်မှာ ၆ ပတ်တာကာလအတွင်း ဂါဇာထဲကနေ အစ္စရေးတပ်တွေ ပြန်ဆုတ်ခွါဖို့၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့၊ အကျဉ်းသားတွေကို လွှတ်ပေးဖို့ အစီအစဉ်တွေပါဝင်ပါတယ်။

အဲဒီ ၆ ပတ်တာကာလအတွင်း အစ္စရေးနဲ့ ပါလက်စ်တိုင်းတို့ဟာ ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်ဆဲရေးအတွက် ဆက်လက်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဟားမက်စ်တွေက အဲဒီစည်းကမ်းတွေကို လိုက်နာသရွေ့ အပစ်အခတ်ရပ်စဲရေးကလည်း ရှိနေမှာဖြစ်တယ်လို့လည်း ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဂါဇာစစ်ပွဲကို နိုင်ငံတကာက ကြိုးပမ်းမှုတွေ အရာမထင်တဲ့နောက်မှာ ဂျိုးဘိုင်ဒန်ရဲ့ အဆိုပြုချက်တွေထွက်ပေါ်လာခဲ့တာပါ။ ဟားမက်စ်တွေကတော့ အပစ်အခတ်ရပ်စဲရေးဟာ ယာယီမဟုတ်ဘဲ ထာ၀ရဖြစ်သင့်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ အစ္စရေးအနေနဲ့ ရန်ပြုမှုကို ရပ်တန့်မယ်ဆိုရင် အကျဉ်းသားလဲလှယ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့ဖို့ကို သဘောတူညီတယ်လို့ ဟားမက်စ်ခေါင်းဆောင်တွေက ကြားဝင်ဖြေရှင်းပေးနေတဲ့နိုင်ငံတွေကတဆင့် ပြောဆိုထားတယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း နီပေါ မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

တလ အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ကြမလား?

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 12 Views
၂၀၂၆ခုနှစ်၊ မေလ (၁)ရက် ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့မြန်မာနိုင်ငံသားတွေ တသုတ်ပြီး တသုတ်စစ်အုပ်စုက စေလွှတ်နေတာနဲ့ ပတ်သက်လို့ စဥ်းစားမိတဲ့အချက်တချို့ကိုဖော်ပြလိုက်ပါတယ်၊ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ ၄နှစ်ကျော်၅နှစ်ထဲရှိလာတဲ့အတွက် စစ်မှုထမ်း
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သားများ၏ အသေခံတိုက်ခိုက်မှုကို ကင်မ်ဂျုံအန်း ချီးကျူး၊ ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ အခန်းကဏ္ဍ ပိုမိုနက်ရှိုင်းလာမည့် အလားအလာရှိနေ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 19 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ့လက်သို့ အဖမ်းမခံဘဲ သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည့် စစ်သားများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားနှင့် ရုရှားစစ်သားများ၏ ကြေးရုပ်တုကြီးကို ကင်မ်ဂျုံအန်းက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

 ဖိအားများနှင့် ခြိမ်းခြောက်မှုများကြားတွင် ယခုနှစ် ရုရှား၏ စစ်ရေးပြအခမ်းအနားကို ပူတင် အကျဉ်းချုံ့ကျင်းပမည်

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 16 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ရုရှား-ယူကရိန်းစစ်ပွဲ။ မော်စကိုမြို့ ရင်ပြင်နီတွင် မေလ ၉ ရက်နေ့၌ ကျင်းပလေ့ရှိသည့် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားသည် ရုရှားသမ္မတ ဗလာဒီမာပူတင်
နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ တောင်အာရှ နိုင်ငံ၌ တရားမဝင်သော ကန်နဗစ် (ဆေးခြောက်) ကီလိုဂရမ် ၁၁၀ ကျော်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး