နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာစစ်ပွဲ ရပ်တန့်နိုင်မယ့်အစီအစဉ်ကို လိုက်နာကြဖို့ ဂျိုးဘိုင်ဒန်တိုက်တွန်း

ဂါဇာစစ်ပွဲ ရပ်တန့်နိုင်မယ့်အစီအစဉ်ကို လိုက်နာကြဖို့ ဂျိုးဘိုင်ဒန်တိုက်တွန်း

++++++++++++++

အကျဉ်းသားတွေနဲ့ ဓားစာခံတွေလဲလှယ်ပြီး ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးရဲ့ ကမ်းလှမ်းမှုကို ဟားမက်စ်ခေါင်းဆောင်တွေ လက်ခံဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သောကြာနေ့မှာတောင်းဆိုလိုက်ပါတယ်။ ဒါဟာ အသေအဆုံးများတဲ့ သေမင်းတမန်စစ်ပွဲကို အဆုံးသတ်ဖို့ နည်းလမ်းဖြစ်တယ်လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ ၈ လကြာ ပဋိပက္ခအတွက် ဖြေရှင်းမယ့်အဖြေကို  ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မိန့်ခွန်းမှာ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပြီး အခုကမ်းလှမ်းမှုဟာ ဂါဇာထဲမှာရှိတဲ့ အစ္စရေးတပ်တွေ ၆ ပတ်အတွင်း ပြန်ထွက်သွားမယ့် အစီအစဉ်နဲ့ စတင်မယ်လို့ ဆိုပါတယ်။

“ ဒီစစ်ပွဲကြီး ပြီးဆုံးဖို့ အချိန်တန်ပါပြီ” လို့ ပြောဆိုကာ ငြိမ်းချမ်းရေးကို ဆုပ်ကိုင်နိုင်မယ့် ဒီအခွင့်အရေးကို မိမိတို့ ထပ်ပြီး အဆုံးရှုံးမခံနိုင်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ အသက် 81 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုးဘိုင်ဒန်က အခုကမ်းလှမ်းမှုကို ဟားမက်စ်ခေါင်းဆောင်တွေလက်ခံသင့်တယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် ဂျိုးဘိုင်ဒန်ပြောတဲ့ ပထမအဆင့်မှာ ၆ ပတ်တာကာလအတွင်း ဂါဇာထဲကနေ အစ္စရေးတပ်တွေ ပြန်ဆုတ်ခွါဖို့၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့၊ အကျဉ်းသားတွေကို လွှတ်ပေးဖို့ အစီအစဉ်တွေပါဝင်ပါတယ်။

အဲဒီ ၆ ပတ်တာကာလအတွင်း အစ္စရေးနဲ့ ပါလက်စ်တိုင်းတို့ဟာ ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်ဆဲရေးအတွက် ဆက်လက်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဟားမက်စ်တွေက အဲဒီစည်းကမ်းတွေကို လိုက်နာသရွေ့ အပစ်အခတ်ရပ်စဲရေးကလည်း ရှိနေမှာဖြစ်တယ်လို့လည်း ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဂါဇာစစ်ပွဲကို နိုင်ငံတကာက ကြိုးပမ်းမှုတွေ အရာမထင်တဲ့နောက်မှာ ဂျိုးဘိုင်ဒန်ရဲ့ အဆိုပြုချက်တွေထွက်ပေါ်လာခဲ့တာပါ။ ဟားမက်စ်တွေကတော့ အပစ်အခတ်ရပ်စဲရေးဟာ ယာယီမဟုတ်ဘဲ ထာ၀ရဖြစ်သင့်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ အစ္စရေးအနေနဲ့ ရန်ပြုမှုကို ရပ်တန့်မယ်ဆိုရင် အကျဉ်းသားလဲလှယ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့ဖို့ကို သဘောတူညီတယ်လို့ ဟားမက်စ်ခေါင်းဆောင်တွေက ကြားဝင်ဖြေရှင်းပေးနေတဲ့နိုင်ငံတွေကတဆင့် ပြောဆိုထားတယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

ယူကရိန်းသည် ရုရှားကို အနိုင်ယူရန်အတွက် ရုရှား-ဂျပန်စစ်ပွဲတွင် အသုံးပြုခဲ့သည့် “ အာကာရှီ မဟာဗျူဟာ” ကို အတုယူရန် အရေးကြီးသည်။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 1 Views
++++++++++++++++++++++++++++++++++ ယူကရိန်း၏ လျှို့ဝှက်စစ်ဆင်ရေးများသည် အောင်မြင်သော်လည်း ၎င်းတို့သည် အာကာရှီမဟာဗျူဟာနှင့် တူညီသောအဆင့်သို့ မရောက်ရှိသေးဟု စစ်ရေးသုံးသပ်သူ ယိုကိုဟားမားက ဆိုသည်။ ဂျပန်လေတပ်တွင်တာဝန်ထမ်းဆောင်ခဲ့သည့်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

စားနပ်ရိက္ခာအကူအညီရယူရန် ကြိုးစားနေသော ဂါဇာအရပ်သားများအား တိုက်ခိုက်သည့်လုပ်ရပ်မှာ “အလွန်ဒေါသဖြစ်ဖွယ်ကောင်းသည်” ဟု ကုလသမဂ္ဂပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 1 Views
ဇွန်လ (၄) ရက်။ စားနပ်ရိက္ခာအကူအညီရယူဖို့ ကြိုးစားနေတဲ့ ဂါဇာအရပ်သားတွေအပေါ် သေစေနိုင်တဲ့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ “အလွန် ဒေါသဖြစ်ဖွယ်ကောင်း”
တောင်ကိုရီးယား နိုင်ငံတကာသတင်း အာရှ

“ဘယ်အပင်တွေ စားလို့ရမှန်း ကျွန်တော်သိတယ်” တောင်ကိုရီးယားသမ္မတသစ် လီချေမြောင်သည် ​​အလွန်ဆင်းရဲနွမ်းပါးသည့်ဘဝမှ သမ္မတ ဖြစ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 0 Views
ဇွန်လ (၄) ရက်။ တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသွားတဲ့ အသက် (၆၁) နှစ်အရွယ် လီချေမြောင်ဟာ နွမ်းပါးတဲ့စက်ရုံအလုပ်သမားတစ်ဦးကနေ နိုင်ငံ့ထိပ်တန်းအထိ တက်လာခဲ့ပါတယ်။ လူအချို့က သူ၏ ခိုင်မာသော ခေါင်းဆောင်မှုကို ချီးကျူးသော်လည်း သူ့ကို အချို့ကလည်း
နိုင်ငံတကာသတင်း အမေရိကန်

“ သူ့ရဲ့ သီးခံနိုင်စွမ်း ကျော်လွန်သွားပြီ” လို့ ဘတ်ဂျက်ဥပဒေကြမ်းကို ဝေဖန်ပြီး ပြတ်ပြတ်သားသား ကွဲပြားမှုကို အီလွန်မတ်စ် ထုတ်ဖော်

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 0 Views
ဇွန်လ ၄ ရက်။ သမ္မတထရန့်၏အနီးကပ်လက်ထောက်အဖြစ် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ကို ဦးဆောင်ခဲ့သည့် စီးပွားရေးသမား အီလွန်မတ်စ်က ထရန့်အစိုးရ၏ အခွန်လျှော့ချခြင်းအပါအဝင် ဘတ်ဂျက်ဥပဒေကြမ်းကို ဝေဖန်ခဲ့ပြီး ဇွန်လ ၃ ရက်နေ့က X တွင် “
Mongolia နိုင်ငံတကာသတင်း အာရှ

မွန်ဂိုလီးယားတွင် ဒီဇိုင်နာလက်ကိုင်အိတ်ကြောင့် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ရ

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဇနီး ကြူကြူလှ ဒီဇိုင်နာလက်ကိုင်အိတ်တွေကိုင်ပြနေတာ ဘာမှမဖြစ်ပေမဲ့ မွန်ဂိုလီးယားမှာ ဟယ်လီကော့ပတာစီးပြီး ဒီဇိုင်နာလက်ကိုင်အိတ် ကိုင်ပြတာနဲ့ ဝန်ကြီးချုပ်ရာထူးက ဆင်းပေးလိုက်ရကြောင်းကို မြန်မာပရိဿတ်များ ချိန်ထိုး စဥ်းစားနိုင်ရန် ဒီဆောင်းပါးကို တင်ပြလိုက်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့ ၂၀၂၅ခုနှစ်၊ ဇွန်လ ၃ရက်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းရဲ့ ဒရုန်းစစ်ဆင်ရေး ဘယ်လိုဆင်နွှဲခဲ့သလဲ။ (ရုပ်သံသတင်း)

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 12 Views
ဇွန်လ (၁) ရက်နေ့မှာရုရှားလေတပ်စခန်းတွေကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရုရှားရဲ့စစ်လေယဥ် ၄၀ကျော်ပျက်စီးထိုခိုက်ခဲ့ရပါတယ်။ ရုရှားကိုတိုက်ခိုက်ဖို့အတွက် ယူကရိန်းလုံခြုံ‌ရေးအကြီးအကဲက အိုင်ဒီယာထုတ် အကြံပြုခဲ့တာပါ။ ပင့်ကူအိမ် (Spider Web) လို့ အမည်ရတဲ့ အဲဒီစစ်ဆင်ရေးဟာ ယူကရိန်းနယ်စပ်နဲ့ မိုင်ထောင်ချီကွာဝေးပြီး မတူညီတဲ့စံတော်ချိန် ၃ခုမှာရှိတဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ကြောင့် အမေရိကန်တွင် ဦးနှောက်ယိုစီးမှု ဖြစ်စေခဲ့သော်လည်း ကမ္ဘာကြီးက ၎င်းကို ရယူရန် အရှိန်မြှင့် လုပ်ဆောင်နေ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 14 Views
ဇွန်လ (၂) ရက်။ ဘရာဇီးနိုင်ငံမှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် ဒန်နီရယ်လ် ဘက်(ခ)မန် (Daniel Beckman) သည် အလုပ်အတွက် အမေရိကန်သို့ ပြောင်းရွှေ့ရန် အမြဲတမ်း စိတ်ကူးယဉ်ခဲ့သည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် Davis
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်-အမေရိကန် ပြဿနာကြား တရုတ်က ဂျပန်နိုင်ငံကို ချဉ်းကပ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 15 Views
ဇွန်လ (၂) ရက်။ မေလ ၃၁ ရက်နေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က စင်္ကာပူမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ထိပ်သီးအစည်းအဝေးမှာ တရုတ်က ထိုင်ဝမ်ကို လက်နက်နဲ့ အကြမ်းဖက် ပေါင်းစည်းရေးလုပ်မယ်ဆိုရင် “အကုန်ပျက်စီးသွားမယ့်ရလဒ် ရလာနိုင်တယ်”