နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

တယ်တောရွာဖြစ်စဉ်ကနေ ပါဝင်ကျူးလွန်သူဆိုတဲ့ (၁၉) ဦးအထိကို ထိန်းသိမ်းထားတယ်လို ခရိုင်တပ်ရင်း (၁၂) ပြော

ဇွန်လ (၃) ရက်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တယ်တောရွာ ပစ်ခတ်တဲ့ဖြစ်စဉ်ထဲမှာ လူသေဆုံးထိခိုက်တာတွေရှိတဲ့အပေါ် ပါဝင်ကျူးလွန်သူတွေထဲကနေ စုစုပေါင်း အမျိုးသား (၁၉) ဦးအထိ ထိန်းသိမ်းထားနိုင်ခဲ့တယ်လို ခရိုင်တပ်ရင်း (၁၂) က တာဝန်ခံက ခေတ်မျက်လုံးကို ပြောပါတယ်။

“ ကျွန်တော်တို့ကို ဆန္ဒပြလို့ ဖမ်းတာမဟုတ်ဘူး၊ ပြီးတော့ အဲ့ဒီလို ဝင်စစ်ဆေးတော့လည်း ရွာဘက်ကနေ တစ်ဦးတစ်ယောက်ရဲ့ ပူးပေါင်းပါဝင်တာမျိုး မရခဲ့ဘူး။ ရွာဘက်က ကျူးလွန်သူတွေဘက်ကို ကာကွယ်ပေးတာတွေ ရှိပါတယ်။ ထွက်ပြေးနေတာတွေ့တာတောင် ပစ်ခတ်ဖမ်းဆီးတာ မရှိခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်အပေါ် ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖိုကို ညှိနှိင်းတာ (၇) ကြိမ်အထိရှိခဲ့ပြီး ရွာထဲဝင်ရောက်စစ်ဆေးခဲ့စဉ်မှာ RPG အပါအဝင် လက်နက်ခဲယမ်းမျိုးစုံတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းရမိခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။

တယ်တောရွာဟာ အိမ်ခြေ (၆၀၀) နီးပါးရှိပြီး လက်နက်အင်အားလည်း အတန်အသင့် ရှိနေတဲ့အတွက် ရွာကိုဝန်းရံပိတ်ဆိုကာ ဝင်ရောက်ခဲ့ရသလို ရွာခံတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပေမယ့် သေနတ်ပစ်ဖောက်တာတွေ မရှိခဲ့ဘူးလို့ ပြောပါတယ်။

တယ်တောရွာမှာ ရွာခံတွေနဲ့ Black Tiger ခေါ် တစ်လုံးအဖွဲ့က ကိုသန့်ဇင်ထက်ကို ရွာကအဖွဲ့တွေက ပစ်ခတ်ခဲ့တာမှာ သန့်ဇင်ထက်နဲ့ သူ့ဇနီး၊ သူ့မိဘနှစ်ဦး အပါအဝင် မိသားစုဝင် (၅) ဦး သေဆုံးခဲ့ရသလို (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၃) လသားအရွယ်တစ်ဦး ပေါက်ကွဲတဲ့အရှိန်ကြောင့် နားသွေးယိုဒဏ်ရာရရှိခဲ့ကာ အကြားအာရုံ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ အခုက ရွာကို ပိတ်ဆို့တာတွေဘာတွေ မရှိတော့ဘူး၊ ရွာမှာကလဲ လက်နက်ကိုင်အဖွဲ့တွေ မရှိတော့ဘူးဆိုတော့ လုံခြုံရေးအရလောက်ပဲ ထားတော့တာပေါ့။ အခုထိန်းသိမ်းထားတယ်ဆိုတာကလဲ ရွာက လာပိုလို ရတာပေါ့။ အဲ့ဒီလိုလာပိုတာမှာလဲ အဓိကတရားခံဆိုတာထက် ဝင်ယောင်တဲ့သူတွေကိုပဲ လာပိုတာရှိတယ်” လို့ ဆိုပါတယ်။

ဒါ့ပြင် ထိန်းသိမ်းခံထားရတဲ့ သံသယတရားခံတွေရဲ့ မိသားစုတွေနဲ့ တွေ့ဆုံတာတွေ ပြုလုပ်ခဲ့သလို သေချာရှင်းလင်းပြောပြထားကာ မိသားစုဝင်တွေဘက်ကလဲ နားလည်သဘောပေါက်ကြတယ်လို့ ခရိုင်တပ်ရင်းဘက်က ပြောဆိုထားပါတယ်။

ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အပေါ် သက်သေထွက်ဆိုချက်တွေအပါအဝင် ဝန်ခံချက်တွေကိုလဲ ရရှိထားကာ အရေးကြီး တရားခံတစ်ဦး ပျောက်ဆုံးနေပြီး အမှုဖွင့်ထားကာ ဆက်လက်စစ်ဆေးစုံစမ်းနေတယ်လို့ ခရိုင်တပ်ရင်း (၁၂) က ပြောပါတယ်။

အရင်ကတည်းက ရွာခံတွေနဲ့ ကိုသန့်ဇင်ထက်တို့အဖွဲ့ အပြန်အလှန် သတ်ဖြတ်မှုတွေ ရှိခဲ့ပြီး ကိုသန့်ဇင်ထက်က စစ်ရှောင်နေရာကနေ ရွာကိုပြန်အလာ နောက်တနေ့မှာ ဒီဖြစ်စဉ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့ပြီးနောက် သေနတ်နဲ့လည်း ဝိုင်းပစ်ခဲ့တယ်လို့ သိရပါတယ်။

ရွာကဒေသခံတွေကို ခေတ်မျက်လုံးသတင်းဌာနက ဖုန်းဆက်မေးမြန်းခဲ့တဲ့အခါ သူတို့ ဖြစ်စဉ် ဖြစ်သွားတာကို သိတယ်။ ကိုသန့်ဇင်ထက်တို့ မိသားစုငါးယောက်သေတာလည်း သိတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ဘာတွေ ဖြစ်သွားတယ်ဆိုတာ အတိအကျ မသိဘူးလို့ ပြောကြပါတယ်။ ဘယ်သူတွေ ပစ်တယ်ဆိုတာလည်း မသိဘူးလို့ ပြောပါတယ်။

တယ်တောရွာနဲ့ ခရိုင်တပ်ရင်း (၁၂) အကြားမှာလည်း အရင်လူသတ်မှု ဖြစ်စဉ်တွေ အတည်းက မကျေလည်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အခု အကြိမ်နဲ့ဆိုရင် အဲ့ဒီရွာမှာ လူသတ်မှု ၃ ကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အချက်အလက်များ။
++++++++++++
သေဆုံးသူများစာရင်း
၁။ ထက်စိုးပိုင်
၂။ သန့်ဇင်ထက် (၃လသားကလေး၏ ဖခင်)
၃။ မခိုင် (၃လသားကလေး၏ မိခင်)
၄။ ဒေါ်တင်ရွှေ
၅။ ဦးဆောင်

ဒဏ်ရာရစာရင်း
၁။ ယွန်းမေသော် (၅ နှစ် ကလေး) – လက်ကိုဗုံးစရှပ်မှန်
၂။ ဦး‌ဝင်းဇော်
၃။ ၃ လသားအရွယ် ကလေး ၁ ဦး – ဗုံးသံကြောင့် နားမှ သွေးယိုပြီး အကြားအာရုံထိခိုက်သွား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 13 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 18 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 24 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 18 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 17 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ