နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

အရပ်သား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ စစ်တွေမြို့ ဗျိုင်းဖြူရွာဖြစ်စဉ်အပေါ် NUG ပြင်းထန်စွာရှုတ်ချ

ဇွန်လ (၄)ရက်။

မေလ (၂၉)ရက်နေ့က စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှာ အရပ်သားပြည်သူ (၅၀)ကျော် သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်တွေမြို့၊ ဆတ်ရိုးကျချောင်စဘေးရှိ ဗျိုင်းဖြူရွာကို စစ်ကောင်စီအပါအ၀င် အခြားလက်နက်ကိုင်တွေ ပူးပေါင်းပါ၀င်တဲ့ အင်အား (၁၇၀)ကျော်ရှိတဲ့ စစ်ကြောင်းဟာ အလုံးအရင်းနဲ့ တစ်ရွာလုံးကို ပိတ်ဆို့ခဲ့တာလို့ ဆိုပါတယ်။

ရွာကို ၀န်းရံပိတ်ဆို့ခဲ့ပြီးနောက် အမျိူသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ အသက်(၁၅)နှစ်ကနေ (၇၀)နှစ်ကြား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အရပ်သားပြည်သူ (၅၁)ဦးကို အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်စဉ်ထဲ အကြမ်းဖက်စစ်အုပ်စုဟာ နှိပ်စက်ညှင်းပန်းတာ၊ မုဒိန်းကျင့်တာနဲ့ ရွာထဲက ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ် စတာတွေကို ခိုးယူခဲ့သလို ဇွန်လ (၁)ရက်နေ့ကလဲ ဗျိုင်းဖြူရွာဘေးက မင်းကင်းတောရွာသစ်နဲ့ ရွာဟောင်းကို မီးရှို့ခဲ့တယ်လို့ ရေးသားထားပါတယ်။

NUG အနေနဲ့ ပြည်သူတစ်ရပ်လုံးကို အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တဲ့ဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါ၀င်ပတ်သက်သူတွေအားလုံးကို တရားဥပဒေရှေ့မှောက်ကို အမြန်ဆုံးပို့ဆောင်မယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 22 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 22 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ‌အဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို NUG နဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ “ ပြီးခဲ့တဲ့လတုန်းကလဲ အဲ့ဒီကံတလူတိုးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုလဲ စကမလုံခြုံရေးယူနေတဲ့ကြားက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေကြောင်းတိုက်ခိုက်ခံရတာက အခုလ(၁)ရက်နဲ့ (၂)ရက်နေ့မှာပါ၊ တိုက်ခိုက်ခံရတာက ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၇)တပ်စခန်းပါ၊
မြန်မာသတင်း

ဖောင်းပြင်မြို့ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်(၅၀)ထက်မနည်း တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 32 Views
ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ PDC ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။