နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

စင်္ကာပူမှာ တရုတ်နဲ့ အမေရိကန်ကို ထိပ်တိုက်တွေ့

+++++++++++++++++++++++++++++

ဇွန်လ (၃) ရက်၊ စင်္ကာပူ။

တရုတ်ကာကွယ်ရေးဝန်ကြီး ဒုန်ချန် (Dong Jun) က စင်ကာပူတွင် ဇွန်လ (၂) ရက်နေ့က ကျင်းပသည့် အာရှလုံခြုံရေးညီလာခံ – ရှန်ဂရီလာဆွေးနွေးပွဲတွင် ထိုင်ဝမ်သည် လွတ်လပ်ရေးရရှိရန် ရည်မှန်း၍ တဖြည်းဖြည်းလုပ်ဆောင်နေပြီး ထိုင်ဝမ်ကို တရုတ်နိုင်ငံမှ ခွဲထုတ်သည့် မည်သူမဆို ကိုယ်တိုင်ပျက်စီးခြင်းဖြင့်သာ အဆုံးသတ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတသစ် စတင်တာဝန်ယူပြီးနောက် ရက်အနည်းငယ်အလိုတွင် တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို ဝန်းရံ၍ ကြီးမားသော စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။

“ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို ဟန့်တားဖို့ ပြတ်ပြတ်သားသား အရေးယူသွားမှာပါ၊ ဒီလို ကြံစည်မှုတွေ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး” ဟု ဒုန်ချန် (Dong Jun) က ပြောကြားပြီး ထိုင်ဝမ်သို့ လက်နက်များ ရောင်းချပြီး တရားမဝင် တရားဝင် အဆက်အသွယ် ရှိနေသည့် နိုင်ငံခြားတိုင်းပြည်များ ဝင်ရောက်စွက်ဖက်နေမှုများကိုလည်း ၎င်းက ရှုတ်ချခဲ့သည်။ ၎င်းသည် ထိုင်ဝမ်နှင့် နီးကပ်ပြီး တရားဝင်မဟုတ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အမေရိကန်ကို ရှင်းရှင်းလင်းလင်း ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်သည် မေလ ၃၁ ရက်နေ့က Dong နှင့် တွေ့ဆုံခဲ့ပြီး ထိုင်ဝမ်၏ အသွင်ကူးပြောင်းရေးကို အကြောင်းပြချက်အဖြစ် မသုံးရန် တရုတ်ကို တိုက်တွန်းခဲ့သည်။

ထိုင်ဝမ်သမ္မတသစ်လိုင်က လက်ရှိအနေအထားကို ထိန်းသိမ်းထားမည်ဟု ပြောဆိုထားသည်။

စင်ကာပူတွင် ဒုန်၏ပြောကြားချက်ကို ထိုင်ဝမ်က ကန့်ကွက်ခဲ့ပြီး “ ရန်စပြီး အဓိပ္ပါယ်မရှိသည့်လုပ်ရပ်” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

“လူထုအမြင်ကို လျစ်လျူရှုတဲ့ အတင်းအကြပ် လုပ်ရပ်အားလုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဆန့်ကျင်ပြီး စစ်ပွဲဖြစ်အောင် ဆက်စပ်ပေးတဲ့လုပ်ရပ်တွေက ဆန့်ကျင်ဘက်ရလဒ်ကို ဖြစ်စေပါတယ်” ဟု ထိုင်ဝမ်ပြည်မကြီးကော်မတီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေတပ်ဦးစီးမှူးဟောင်း ဒုန်သည် ယမန်နှစ်နှောင်းပိုင်းတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး ပထမဆုံးအကြိမ် ညီလာခံသို့ တက်ရောက်ခဲ့သည်။

အာရှလုံခြုံရေးညီလာခံသည် ဒေသတွင်း လုံခြုံရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများက ၎င်းတို့တောင်းဆိုနေသည့် ရေပိုင်နက်နယ်မြေများတွင် တရုတ်နိုင်ငံအပေါ် ၎င်းတို့၏အချုပ်အခြာအာဏာကို အခိုင်အမာ အသုံးချပြီး အမေရိကန်နှင့် လုံခြုံရေးအရ ခိုင်မာသည့်ဆက်ဆံရေးရှိသည့်ဒေသများတွင် စစ်ရေးအရ သာလွန်မှုကို ထူထောင်ရန် ကြိုးပမ်းနေကြသည်။

သို့သော် ဒုန်သည် ၎င်း၏မိန့်ခွန်းတွင် တရုတ်နိုင်ငံ၏ ခြားနားသောအမြင်ကို ဖော်ပြခဲ့ပြီး ၎င်းကို စစ်ရေးအရ “မျက်ကွယ်ပြုခြင်းမပြုနိုင်သည့်အင်အားဟု ခေါ်သည့် အနေအထားမှ ဘယ်သောအခါမှ အင်အားကို အသုံးမပြုသည့်” အဖြစ် ပုံဖော်ကာ အမေရိကန်ကို ရည်ရွယ်လျက် “ကျွန်တော်တို့ဒေသအတွင်း ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများ ဒါမှမဟုတ် စစ်ပွဲတစ်ခုခုကို လက်နက်ကိုင်စစ်ပွဲဖြစ်စေ စစ်အေးတိုက်ပွဲဖြစ်စေ ဘယ်သူ့ကိုမှ ယူဆောင်လာခွင့်ပြုမှာ မဟုတ်ဘူး” ဟု ပြောဆိုခဲ့သည်။

Source: CNN

ဓာတ်ပုံ။

အာရှလုံခြုံရေးညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် တရုတ်ကာကွယ်ရေးဝန်ကြီး ဒုန်ချန် (Dong Jun)/ဇွန်လ (၂) ရက်၊ စင်္ကာပူ/Nhac Nguyen/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ထပ်မံရွှေ့ပြောင်းရန် အမိန့်ပေး

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 25 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 30 Views
CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 37 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက