ဇွန်လ (၆)ရက်။
ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားဦးရေ (၉၅၉)ဦး မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၃)အနေနဲ့ ဝင်ရောက်ခိုလှုံလာသူတွေကို စိစစ်လက်ခံပြီး အခြေခံစစ်ပညာသင်တန်းတွေနဲ့ သက်ဆိုင်ရာဌာနအလိုက် ကျွမ်းကျင်မှုသင်တန်းတွေ ပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်မှုထမ်းဥပဒေနဲ့ ပြည်သူအချင်းချင်း တိုက်ခိုက်ဖို့ မတရားစေခိုင်းတာကြောင့် လူငယ်တွေဟာ နီးစပ်ရာ လွတ်မြောက်နယ်မြေထဲ သွားရောက်ခိုလှုံပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသူတွေရှိလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီအထဲမှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာဖို့အတွက် PDF၊ တောင်ပိုင်းစစ်ဒေသကို ဝင်ရောက်ခိုလှုံကာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်ခုခံတွန်းလှန်ဖို့ ရောက်လာသူတွေ ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။
PDF အနေနဲ့ မူလချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ပြည်သူလိုလားတဲ့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်တဲ့အထိ စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ထပ်လောင်းကတိပြုပြောဆိုထားချက်အရ သိရပါတယ်။