နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့တွင်အပူချိန် ၁၂၀ ဖာရင်ဟိုက်ထိရှိခြင်းကြောင့် ဟာ့ဂ်ျ ဘုရားဖူး ရာနဲ့ချီ သေဆုံးခဲ့

၂၀၂၄ခုနှစ် ဇွန်လ ၂၀ ရက်၊

ဒူဘိုင်း၊ ယူအေအီး CNN — ပြင်းထန်သောအပူချိန် ၄၉ ဒီဂရီစင်တီဂရိတ် (၁၂၀ ဒီဂရီဖာရင်ဟိုက်) အထိရှိသည့်အတွက် မက္ကာသို့ နှစ်စဉ် မွတ်စလင် ဟာ့ဂျ် (Hajj) ဘုရားဖူးဝတ်ပြုနေစဉ် လူရာနှင့်ချီ သေဆုံးပြီး ထောင်နှင့်ချီသောလူများ အပူဒဏ်ကြောင့် ဆေးကုသမှု ခံယူခဲ့ရသည်။ သေဆုံးသူများထဲတွင် အင်ဒိုနီးရှားနိုင်ငံသား ၁၆၅ ဦးခန့်ရှိကြောင်း ဆော်ဒီအာရေဗျနိုင်ငံရှိ ကောင်စစ်ဝန်ချုပ်၏ ဟာ့ဂျ် စီမံခန့်ခွဲမှုရုံးကို ကိုးကား၍ CNN အင်ဒိုနီးရှားဌာန က ဖော်ပြခဲ့သည်။ ထို့အပြင် အနည်းဆုံး ဂျော်ဒန်နိုင်ငံသား ၄၁ ဦး၊ တူနီးရှား ၃၅ ဦးနှင့် အီရန်နိုင်ငံသား ၁၁ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတစ်ခုစီရှိ အာဏာပိုင်များက ပြောကြားခဲ့သည်။

နောက်ထပ် ဂျော်ဒန်နိုင်ငံသား ၂၂ ဦး ပျောက်ဆုံးနေပြီး အီရန်နိုင်ငံသား ၂၆ ဦးကို ဆေးရုံတင်ထားကြောင်း အီရန်လခြမ်းနီအဖွဲ့မှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း အီရန်၏ တရားဝင်တစ်ပိုင်းဖြစ်သော တက်စ်နင်မ် (Tasnim) သတင်းအေဂျင်စီက ပြောကြားခဲ့သည်။ အီရန်နိုင်ငံသားအချို့မှာ အပူဒဏ်ကြောင့် သေဆုံးခဲ့ပြီး အချို့မှာ ကုသခံနေရသည့်အခြေအနေများရှိကြောင်း အီရန်လခြမ်းနီအဖွဲ့က ပြောကြားခဲ့သည်။ ဆော်ဒီအာရေဗျနှင့် အီဂျစ်တို့သည် တရားဝင်ကိန်းဂဏန်းများကို ထုတ်ပြန်ခြင်းမရှိသေးသောကြောင့် သေဆုံးသူဦးရေ တိုးလာဖွယ်ရှိသည်။ ထို့အပြင်၊ အစိုးရများသည် ၎င်းတို့၏ နိုင်ငံခွဲတမ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် မက္ကာသို့ မှတ်ပုံတင်ပြီး ခရီးသွားခဲ့ကြသည့် ဘုရားဖူးများကိုသာ သတိပြုမိသည် – မှတ်ပုံမတင်ထားသည့် ဘုရားဖူးများအကြားတွင် သေဆုံးမှုများမှာ ပိုများမည်ဟု စိုးရိမ်နေကြသည်။

အပူဒဏ်ကြောင့် လူပေါင်း ၂၇၀၀ ကျော်ကို ကုသမှုခံယူခဲ့ရကြောင်း ဆော်ဒီအစိုးရက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် လူပေါင်း ရာနှင့်ချီ၍ လူမှုကွန်ရက်ပေါ်တွင် ချစ်ခင်ရသူများ စာရင်းသွင်းမခံရခြင်းအကြောင်း ပို့စ်တင်ခဲ့ကြသည်။ ယခုနှစ် ဟာ့ဂျ် တွင် လူပေါင်း ၁.၈ သန်းကျော် ပါဝင်ဆင်နွှဲနေကြကြောင်း ဆော်ဒီအထွေထွေ စာရင်းအင်း အာဏာပိုင်အဖွဲ့မှ သိရသည်။ ဘုရားဖူးများကြား သေဆုံးမှုမှာ အဆန်းမဟုတ်သော်လည်း (ယခင်နှစ်တွင် ၂၀၀ ကျော်ရှိခဲ့သည်)၊ အထူးသဖြင့် အပူချိန်မြင့်မားသည့်ကြားတွင် ယခုနှစ် စုဝေးပွဲကို ကျင်းပခြင်းဖြစ်ပါသည်။

ဟာ့ဂ်ျရာသီသည် အစ္စလာမ့်ပြက္ခဒိန်အရ နှစ်စဉ်ပြောင်းလဲနေပြီး ယခုနှစ်တွင် နိုင်ငံတော်၏ အပူဆုံးလများထဲမှ တစ်ခုဖြစ်သည့် ဇွန်လတွင် ကျရောက်သည်။ တနင်္လာနေ့တွင် ဆော်ဒီအာရေးဗီးယားသည် အပူချိန်လွန်ကဲသော ၄၉ ဒီဂရီစင်တီဂရိတ် (၁၂၀ ဒီဂရီဖာရင်ဟိုက်) သို့ရောက်ရှိပြီးနောက် အချို့သောနာရီများကြားတွင် “မာရ်နတ်ကို ကျောက်ခဲဖြင့်ပစ်ခြင်း” ဓလေ့ကို မလုပ်ဆောင်ရန် ဘုရားဖူးများအား တနင်္လာနေ့တွင် အကြံပေးခဲ့သည်။ ဟာ့ဂ်ျတာဝန်ရှိသူများက ဘုရားဖူးများအား ထီးများဆောင်ထားရန်နှင့် ပြင်းထန်သောအခြေအနေများကြားတွင် ရေဓာတ်ရှိနေရန် ဆော်ဒီစစ်တပ်မှ လူပေါင်း ၁၆၀၀ ကျော်ကို အပူဒဏ်အတွက် အထူးဆေးဘက်ဆိုင်ရာယူနစ်များနှင့် အမြန်တုံ့ပြန်ရေးအဖွဲ့ ၃၀ ဖြင့် တပ်ဖွဲ့ဝင် ၁,၆၀၀ ကျော်ကို ဖြန့်ကြက်ထားသည်။ နောက်ထပ် ကျန်းမာရေးနှင့် ရှေးဦးသူနာပြု စေတနာ့ဝန်ထမ်း ၅၀၀၀ လည်း ပါဝင်နေပါတယ်။

ဟဂ်ျပြုခြင်းသည် အစ္စလမ်၏ မဏ္ဍိုင်ကြီးငါးရပ်အနက်မှ တစ်ခုဖြစ်ပြီး၊ ရုပ်ပိုင်းအရရော ငွေကြေးအရပါ သန့်ရှင်းသော မက္ကာမြို့သို့ မွတ်စ်လင်မ်တိုင်းအတွက် အနည်းဆုံး တစ်ကြိမ် သွားရောက်ရန် လိုအပ်ပါသည်။ ဘုရားဖူးခရီးစဉ်တွင် လူသားများ၏ တန်းတူညီမျှမှုနှင့် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုသည့် အထူးအဝတ်အထည်ကို ဝတ်ဆင်ခြင်း၊ ကုဗပုံသဏ္ဌာန် ကာဘာ အဆောက်အအုံပတ်ပတ်လည်တွင် စက်ဝိုင်းပုံ၊ လက်ယာရစ် စီတန်းခြင်း နှင့် မကောင်းဆိုးဝါးကို ကျောက်တုံးများ ဖြင့်ပစ်ပေါက်ခြင်းအပါအဝင် အသေးစိတ် ထုံးတမ်းစဉ်လာများစွာ ပါဝင်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

တရုတ် DJI ကုမ္ပဏီကြီးအား ထိုးနှက်ချက်အဖြစ် နိုင်ငံခြားဖြစ် ဒရုန်းမော်ဒယ်အသစ်များကို အမေရိကန် ပိတ်ပင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 17 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် တရုတ်နိုင်ငံထုတ် ဒရုန်းများသည် အမေရိကန်ပြည်ထောင်စု၏ ကောင်းကင်ယံကို နှစ်ပေါင်း များစွာ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဆာဗေးဒိုး အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည့် ဗင်နီဇွဲလားနိုင်ငံသားများက အမေရိကန်တရားရုံးတွင် ပြည်နှင်ဒဏ်ကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 22 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက် ရိုက်တာသတင်း။ အမေရိကန်ပြည်ထောင်စုမှတစ်ဆင့် အယ်ဆာဗေးဒိုး (El Salvador) နိုင်ငံရှိ အဆင့်မြင့်လုံခြုံရေး အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီးနောက် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗင်နီဇွဲလားနိုင်ငံသား တစ်စုသည် ၎င်းတို့အား ပြည်နှင်ဒဏ် ပေးခဲ့မှုအပေါ်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားစစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် “ အဆောက်အအုံကြီးတစ်ခု” ကို အမေရိကန်က ခြေမှုန်းနိုင်ခဲ့ကြောင်း ထရန့် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 17 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ဗင်နီဇွဲလားနိုင်ငံအပေါ် ဖိအားပေးသည့် စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြီးခဲ့သည့် အပတ်က “ အဆောက်အအုံကြီးတစ်ခု” (big facility) ကို အမေရိကန် ပြည်ထောင်စုက
နိုင်ငံတကာသတင်း အမေရိကန်

၁၉၉၈ ခုနှစ်က အမေရိကန်လူမျိုးများ၏ ၂၀၂၅ ခုနှစ်အပေါ် ခန့်မှန်းချက်များ – မည်သည်တို့ မှန်ကန်ခဲ့သနည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 16 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ၁၉၉၈ ခုနှစ်တုန်းက ဘီလ်ကလင်တန်သည် တရားစွဲဆိုဖယ်ရှားခံရမည့် (impeachment) လုပ်ငန်းစဉ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်ပြီး၊ “ Titanic” ရုပ်ရှင်သည်လည်း အော်စကာဆု များကို သိမ်းကျုံးရရှိနေသည့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 32 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒေါ်နယ်ထရန့်နှင့် ဇယ်လန်းစကီးတို့ ယုံကြည်မှုရှိနေပုံရသော်လည်း ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထူးခြားသည့် တိုးတက်မှုများ မရှိသေးပါ။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 32 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေအပေါ် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သော်လည်း၊ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီး နှင့် တွေ့ဆုံပြီးနောက် အဆိုပါဆွေးနွေးပွဲများသည် အလွန်ရှုပ်ထွေးနေဆဲဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် အဖြေထွက်မည်ဆိုသည့် တိကျသော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးနှင့် ထရမ့်တို့ မတွေ့ဆုံမီ ရုရှားက ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 37 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်  (ရိုက်တာ) — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေးနှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အရေးပါသော တွေ့ဆုံမှု မပြုလုပ်မီ စနေနေ့တွင် ရုရှားက