နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

အိုးဘိုထောင်ထဲ ထောင်ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်တာတွေကြောင့် နိုင်/ကျဉ်းတစ်ဦး ကျဆုံးခဲ့ရ

ဇွန်လ (၂၆)ရက်။

မန္တလေး အိုးဘိုအကျဉ်းထောင်ထဲက ထောင်ဝန်ထမ်းတွေရဲ့ ဥပဒေမဲ့ ဝိုင်းဝန်းရိုက်နှက်တာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုထက်ရန်နိုင်(ခ)ကိုထက် ကျဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇွန်လ (၂၀)ရက်နေ့ နံနက်(၇)နာရီအချိန်က ပုဒ်မ-၅၂(က)နဲ့ ထောင်ဒဏ်(၄)နှစ်ကျခံနေရတဲ့ အသက်(၂၃)နှစ်အရွယ်ရှိ ကိုထက်ရန်နိုင်ဟာ အခန်းစာရေးအနေနဲ့ လုပ်ကိုင်နေတဲ့ အကျဉ်းသားတစ်ဦး မူးယစ်ဆေးဝါးရောင်းဝယ်နေချိန် လက်ပူးလပ်ကြပ် မိခဲ့တာလို့ ဆိုပါတယ်။

ဒီလိုမူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့အပေါ် အကျဉ်းထောင်ဝန်ထမ်းတွေကို တိုင်တန်းဖို့ကြိုးစားခဲ့ချိန် အခန်းသူကြီးတန်းစီးက မတိုင်ဖို့ ကြားဝင်ညှိနှိုင်းပေးတဲ့အတွက် ပြေလည်ခဲ့ပေမယ့် အခွန်စာရေးအကျဉ်းသားက မကျေနပ်ဘဲ ဒုအဆောင်မှူး တပ်ကြပ်ဇေယျာအောင်ကို လုပ်ကြံတိုင်တန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တပ်ကြပ်ဇေယျာအောင်ဟာ ဖြစ်စဉ်ကိုမစုံစမ်းဘဲ ကိုထက်ရန်နိုင်ကို အကြောင်းမဲ့ရိုက်နှက်တာကြောင့် အပြစ်မရှိတဲ့အတွက် မရိုက်နှက်သင့်ဘူးလို့ ပြန်လည်ပြောဆိုတာကို ကလန်ကဆန်လုပ်တယ်ဆိုပြီး ဒေါက်ခြေချင်းခတ် အပြစ်ပေးဖို့ Main Jail ကို အတင်းအဓမ္မ ခေါ်သွားတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ထောင်ပိုင်လေးဖြစ်သူ ဦးဇော်ထွန်းရဲ့ ခွင့်ပြုချက်နဲ့ တပ်ကြပ်ဇေယျာအောင်၊ တပ်သား မြတ်မင်းသူ၊ မိုးမင်းထက်၊ အကျဉ်းသားဖိုးကေနဲ့ အခြားထောင်ဝန်ထမ်းတွေက ဝါးဆစ်ပိတ်တုတ်တွေ၊ သံတုတ်တွေ၊ ကျင်စက်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ PPNM က ပြောဆိုထားပါတယ်။

ပြင်းထန်စွာ ရိုက်နှက်ချိန် ကိုထက်ရန်နိုင်ဟာ ပုဆိုးတောင်မဝတ်နိုင်ဘဲ အသက်ဘေးက လွတ်မြောက်ဖို့ အခြားအဆောင်တွေဆီ အကူအညီတောင်းရင်း ထွက်ပြေးခဲ့ပေမယ့် ထောင်ထဲမှာဖြစ်တာကြောင့် လွတ်မြောက်အောင်မပြေးနိုင်ခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ထောင်ဝန်ထမ်းတွေက အိပ်ဆောင်(၅) စိုက်ခင်းမှာတစ်ကြိမ် ထပ်မံဝိုင်းဝန်းရိုက်နှက် ညှဉ်းပန်းနှိပ်စက်တာကြောင့် ခန္တရာကိုယ်နဲ့ ဦးခေါင်းမှာ ညိုမဲဒဏ်ရာတွေနဲ့ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီး သတိလွတ်သွားတာကြောင့် ကြိုးတုတ်ကာ Whell Chair နဲ့ ထောင်ဆေးရုံဘက် ခေါ်သွားခဲ့ပြီး အရူးတိုက်ထဲ ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ထောင်ဝန်ထမ်းတွေဟာ ကိုထက်ရန်နိုင် အသက်ငွေ့ငွေ့သာကျန်တော့တဲ့အချိန် နေ့လယ်(၁)နာရီကျော်မှသာ မန္တလေးပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံကြီးမှာပဲ ကိုထက်ရန်နိုင် ကျဆုံးခဲ့ရတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 7 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို
မြန်မာသတင်း

လွှတ်တော်ကျင်းပမယ့် နေ့ရက်တွေ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ လာမယ့် မတ်လပိုင်းထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ (၁၆)ရက်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကို မတ်လ (၁၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးဆွဲတာတွေ ခေတ္တရပ်နားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ်ရဲ့ လေယာဉ်ပြေးဆွဲတာတွေကို ခေတ္တရပ်နားထားဖို့ အသိပေးထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့က မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ MNA လေယာဉ်တစီး ထိမှန်ပျက်စီးခဲ့တယ်လို့
မြန်မာသတင်း

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ CDM ဝန်ထမ်း (၆၀)ရာခိုင်နှုန်း ခန့်အပ်ထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထဲ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲပူးပေါင်းကာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ CDM ဝန်ထမ်းတွေကို စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ (၆၀)ရာခိုင်နှုန်း