နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းသည် အမေရိကန်၏ လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်ကို ရရှိရန် ပြုစုစာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိ

ဇွန်လ (၂၆) ရက်။

ရုရှားနိုင်ငံမှ အဆုံးမသတ်သော ရက်စက်ကြမ်းကြုတ်စွာနှင့် ချေမှုန်းမှုတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေသောကြောင့် တခြားနိုင်ငံများထက် ယူကရိန်းအတွက် အရေးကြီးသည့် လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ပေးရန် ဦးစားပေးလုပ်ဆောင်နေသည်ဟု အိမ်ဖြူတော်အကြီးတန်းအရာရှိနှင့် လွှတ်တော်သတင်းရင်းမြစ်များက CNN ကို ပြောသည်။

အိမ်ဖြူတော် အကြီးတန်း အရာရှိတစ်ဦးက အဆိုပါလုပ်ရပ်သည် ယူကရိန်းအတွက် အလွန်အရေးကြီးသည့် အခိုက်အတန့်တွင် “သာလွန်ထူးခြားသော” မူဝါဒပြုပြင်ပြောင်းလဲမှုဟု ဖော်ပြခဲ့သည်။ ယူကရိန်းသို့ ကာကွယ်ရေးစနစ် ပို့ဆောင်မှုသည် ယခုနွေရာသီတွင် စတင်မည်ဖြစ်ပြီး ထိုကဲ့သို့ စောင့်ဆိုင်းနေသော အခြားနိုင်ငံအများအပြား မည်သို့အကျိုးသက်ရောက်မှုရှိမည်ကို ချက်ခြင်းမသိရသေးပေ။

ဆုံးဖြတ်ချက်မချမီအချိန်က ရုရှားသည် သူတို့၏ မြို့များနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသောကြောင့် နောက်ထပ် လေကြောင်းရန်ကာကွယ်ရေးများ လိုအပ်ကြောင်း ယူကရိန်းအရာရှိများက ရှင်းရှင်းလင်းလင်း တင်ပြခဲ့သည်။

“ကျွန်တော်တို့ ယူကရိန်းအတွက် ဒါကို မလုပ်ဘူးဆိုရင်၊ သူတို့ရဲ့ အရေးကြီးတဲ့ လက်နက်သိုလှောင်မှုများကို ဆောင်းရာသီကာလအထိ သိုလှောင်ထားနိုင်မှာ မဟုတ်ဘူး” ဟု အရာရှိက ပြောကြားခဲ့သည်။ “ဒါဟာ မညှာမတာ ရုရှားဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကနေ သူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်စေဖို့ သေချာစေမယ့် ဆုံးဖြတ်ချက်တစ်ခုပါ”ဟု ဆိုသည်။

ယူကရိန်းသမ္မတ ဗလာဒီမာစလန်းစကီးသည် ကြာသပတေးနေ့နှောင်းပိုင်းတွင် အဆိုပါ လုပ်ဆောင်ချက်အတွက် သမ္မတဂျိုးဘိုင်ဒင် ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ ရုရှားတိုက်ခိုက်မှုတွေကို အနိုင်ယူနိုင်ဖို့ အရေးကြီးတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို မျှပေးရာမှာ ယူကရိန်းကို ဦးစားပေးလုပ်ဆောင်ခဲ့တဲ့ အမေရိကန်သမ္မတနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်” ဟု ဇလန်းစကီးက X ပို့စ်တွင် ပြောကြားခဲ့သည်။

“ယူကရိန်းနဲ့ အမေရိကန်ကြား မိတ်ဖက်ဆက်ဆံရေးက ခိုင်မာပြီး မယိမ်းယိုင်ဘဲ တည်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်မှုနဲ့ ရန်လိုမှုတို့ကနေ အသက်တွေကို အတူတကွ ကာကွယ်နေကြပါတယ်” ဟု ဇလန်းစကီးက ထပ်လောင်းပြောကြားခဲ့သည်။

အထူးသဖြင့် ပက်ထရော့ဒုံး (Patriot) နှင့် နာဆမ် (NASAM) ကြားဖြတ်ဒုံးစနစ်သည် ဤအရေးကြီးသော လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်စနစ်၏ “ လုံလောက်သောပမာဏ” ကို စတင်လက်ခံရရှိရန်စာရင်း၏ ထိပ်ဆုံးတွင် ယူကရိန်းနိုင်ငံအား ထားရှိခြင်းကြောင့် အမေရိကန်ထံမှ လက်နက်များလက်ခံရရှိရန် တန်းစီနေသော အခြားနိုင်ငံများကို ရနိုင်သည့်အစီအစဉ်ထက် နောက်သို့ လျှောကျသွားစေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

နိုင်ငံခြားရေးဌာနနှင့် ပင်တဂွန်အရာရှိများက ကြားဖြတ်ဟန့်တားနိုင်သည့်ဒုံးများကို လက်ခံရရှိမည့် စစ်ဒဏ်ခံနေရသော နိုင်ငံများအား ပေးအပ်နိုင်မှုသည် နှောင့်နှေးမည်ဖြစ်ကြောင်း အသိပေးရန် သံတမန်ရေးအရ ကြိုးပမ်းမှုနေကြောင်း အိမ်ဖြူတော်အရာရှိက ပြောကြားခဲ့သည်။

ယူကရိန်းသည် ယခုနှစ် နွေရာသီတွင် ၎င်း၏ ပထမဆုံး လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်များ တင်ပို့မှုကို ရရှိရန် မျှော်လင့်ထားပြီး မူဝါဒ ပြောင်းလဲမှုသည် ၁၆ လကြာ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။ တခြားနိုင်ငံများက ၎င်းတို့မှာထားသည့် ကြားဖြတ် ဟန့်တားနိုင်သည့်ဒုံးများကို ယူကရိန်းနောက်တွင် ဆက်လက်ရရှိကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်နှောင်းပိုင်းတွင် ပင်တဂွန်နှင့် နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများက မူဝါဒအပြောင်းအလဲနှင့် ပတ်သက်၍ လွှတ်တော်ခေါင်းဆောင်များကို အကျဉ်းချုံး ပြောကြားခဲ့သော်လည်း မည်သည့်နိုင်ငံများတွင် သက်ရောက်မှုရှိမည်ကို ၎င်းတို့အား ပြောကြားရန် ငြင်းဆိုခဲ့ပြီး စိတ်ပျက်မှုများ ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအချက်အလက်တွေကို ကွန်ဂရက်လွှတ်တော်ကို မျှဝေအသိပေးထားခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်တွေက ပြောသည်။

ထိုင်ဝမ်သို့ လေကြောင်းရန် ကာကွယ်ရေး တင်ပို့မှုသည် ထိခိုက်မည် မဟုတ်ဟု အိမ်ဖြူတော်မှ တာဝန်ရှိသူက ပြောကြားခြင်းမှတပါး ထိခိုက်နစ်နာမည့် နိုင်ငံစာရင်းကို မျှဝေမည်မဟုတ်ဟုဆိုသည်။

“အခုချိန်ထိ အနည်းဆုံးတော့ သီးသန့်ဆွေးနွေးမှုတွေမှာ ဒီနိုင်ငံတော်တော်များများက ဒီဆုံးဖြတ်ချက်ရဲ့ လိုအပ်ချက်ကို နားလည်သဘောပေါက်ပြီး တန်ဖိုးထားခဲ့ကြပါတယ်” ဟု အရာရှိက ပြောကြားခဲ့သည်။ “ တကယ်လို့ ငါတို့ရဲ့ လက်တွဲဖော်ဟာ အခု ယူကရိန်းနိုင်ငံလို ဖြစ်တည်မှု အခြေအနေမျိုးမှာ ရှိနေရင်၊ သူတို့ကို ကူညီပေးဖို့ ကောင်းကင်နဲ့ မြေကြီးကို ရွှေ့ပေးရမယ်ဆိုရင်လည်း လုပ်ပေးရမှာပဲ ဘာကြောင့်လဲဆိုတော့ အရေးတကြီး လိုအပ်နေတာက ယူကရိန်းနိုင်ငံ ဖြစ်နေလို့ပါပဲ။” ဟု သူက ပြောပါသည်။

ယခု အပြောင်းအလဲသည် ရုရှား၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ယူကရိန်းက ဆက်လက်ခုခံ ကာကွယ်နိုင်စေရန်အတွက် ဘိုင်ဒင်အစိုးရ၏ နောက်ဆုံးမူဝါဒ အပြောင်းအရွှေ့ ဖြစ်သည်။ ပြီးခဲ့သည့်လက ဘိုင်ဒင်သည် ရုရှားပိုင်နက်အတွင်း အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်ရန် ယူကရိန်းအား ပိတ်ပင်ထားသော ကာလရှည်ကြာ ချမှတ်ထားသော အမေရိကန်မူဝါဒကို ချိုးဖောက်ပြီး လက်နက်အသုံးပြုမှုကို ခွင့်ပြုပေးခဲ့သည်။

အဆိုပါ လုပ်ဆောင်ချက်သည် ယူကရိန်းတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပိုမိုရရှိလာစေရန် ဘိုင်ဒင်အစိုးရ၏ ကြိုးပမ်းမှုများနှင့်အပြိုင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ဒုတိယအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဘိုင်ဒင်အစိုးရသည် အသွင်ကူးပြောင်းနေသော စစ်မြေပြင်လိုအပ်ချက်များအတွက် ပဋိပက္ခတွင် ၎င်း၏မူဝါဒအရ ချဉ်းကပ်မှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေချိန်၊ နေတိုးနှင့် G7 တို့သည် ယူကရိန်းနိုင်ငံအတွက် အကူအညီများ တောင်းခံလာခြင်းကြောင့် နိုဝင်ဘာလ၏ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မသေချာ မရေရာမှုများကြားမှ ထိုမူဝါဒပြောင်းလဲမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ယူကရိန်းအတွက် အမေရိကန်၏ ထောက်ခံမှုကို ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ကွန်ဂရက်တွင် ရီပတ်ဘလီကန်များက အဓိက စစ်ရေးအကူအညီ အစီအစဉ်ကို ဧပြီလတွင် အပြီးမသတ်မီ လအတန်ကြာ ရပ်ဆိုင်းလိုက်သောအခါတွင် ယူကရိန်းနိုင်ငံအား စစ်ပွဲထိရောက်စွာ တိုက်ခိုက်နိုင်ရေးကို ပြင်းထန်စွာ ဟန့်တားမှုဖြစ်ခဲ့သည်။

ဓာတ်ပုံ။

ပက်ထရော့ဒုံး (Patriot) ကြားဖြတ်ပစ်ခွင်း လေကြောင်းရန် ကာကွယ်ရေးဒုံးစနစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 24 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 41 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)