နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းသည် အမေရိကန်၏ လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်ကို ရရှိရန် ပြုစုစာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိ

ဇွန်လ (၂၆) ရက်။

ရုရှားနိုင်ငံမှ အဆုံးမသတ်သော ရက်စက်ကြမ်းကြုတ်စွာနှင့် ချေမှုန်းမှုတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေသောကြောင့် တခြားနိုင်ငံများထက် ယူကရိန်းအတွက် အရေးကြီးသည့် လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ပေးရန် ဦးစားပေးလုပ်ဆောင်နေသည်ဟု အိမ်ဖြူတော်အကြီးတန်းအရာရှိနှင့် လွှတ်တော်သတင်းရင်းမြစ်များက CNN ကို ပြောသည်။

အိမ်ဖြူတော် အကြီးတန်း အရာရှိတစ်ဦးက အဆိုပါလုပ်ရပ်သည် ယူကရိန်းအတွက် အလွန်အရေးကြီးသည့် အခိုက်အတန့်တွင် “သာလွန်ထူးခြားသော” မူဝါဒပြုပြင်ပြောင်းလဲမှုဟု ဖော်ပြခဲ့သည်။ ယူကရိန်းသို့ ကာကွယ်ရေးစနစ် ပို့ဆောင်မှုသည် ယခုနွေရာသီတွင် စတင်မည်ဖြစ်ပြီး ထိုကဲ့သို့ စောင့်ဆိုင်းနေသော အခြားနိုင်ငံအများအပြား မည်သို့အကျိုးသက်ရောက်မှုရှိမည်ကို ချက်ခြင်းမသိရသေးပေ။

ဆုံးဖြတ်ချက်မချမီအချိန်က ရုရှားသည် သူတို့၏ မြို့များနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသောကြောင့် နောက်ထပ် လေကြောင်းရန်ကာကွယ်ရေးများ လိုအပ်ကြောင်း ယူကရိန်းအရာရှိများက ရှင်းရှင်းလင်းလင်း တင်ပြခဲ့သည်။

“ကျွန်တော်တို့ ယူကရိန်းအတွက် ဒါကို မလုပ်ဘူးဆိုရင်၊ သူတို့ရဲ့ အရေးကြီးတဲ့ လက်နက်သိုလှောင်မှုများကို ဆောင်းရာသီကာလအထိ သိုလှောင်ထားနိုင်မှာ မဟုတ်ဘူး” ဟု အရာရှိက ပြောကြားခဲ့သည်။ “ဒါဟာ မညှာမတာ ရုရှားဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကနေ သူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်စေဖို့ သေချာစေမယ့် ဆုံးဖြတ်ချက်တစ်ခုပါ”ဟု ဆိုသည်။

ယူကရိန်းသမ္မတ ဗလာဒီမာစလန်းစကီးသည် ကြာသပတေးနေ့နှောင်းပိုင်းတွင် အဆိုပါ လုပ်ဆောင်ချက်အတွက် သမ္မတဂျိုးဘိုင်ဒင် ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ရုရှားတိုက်ခိုက်မှုတွေကို အနိုင်ယူနိုင်ဖို့ အရေးကြီးတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို မျှပေးရာမှာ ယူကရိန်းကို ဦးစားပေးလုပ်ဆောင်ခဲ့တဲ့ အမေရိကန်သမ္မတနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်” ဟု ဇလန်းစကီးက X ပို့စ်တွင် ပြောကြားခဲ့သည်။

“ယူကရိန်းနဲ့ အမေရိကန်ကြား မိတ်ဖက်ဆက်ဆံရေးက ခိုင်မာပြီး မယိမ်းယိုင်ဘဲ တည်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်မှုနဲ့ ရန်လိုမှုတို့ကနေ အသက်တွေကို အတူတကွ ကာကွယ်နေကြပါတယ်” ဟု ဇလန်းစကီးက ထပ်လောင်းပြောကြားခဲ့သည်။

အထူးသဖြင့် ပက်ထရော့ဒုံး (Patriot) နှင့် နာဆမ် (NASAM) ကြားဖြတ်ဒုံးစနစ်သည် ဤအရေးကြီးသော လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်စနစ်၏ “လုံလောက်သောပမာဏ” ကို စတင်လက်ခံရရှိရန်စာရင်း၏ ထိပ်ဆုံးတွင် ယူကရိန်းနိုင်ငံအား ထားရှိခြင်းကြောင့် အမေရိကန်ထံမှ လက်နက်များလက်ခံရရှိရန် တန်းစီနေသော အခြားနိုင်ငံများကို ရနိုင်သည့်အစီအစဉ်ထက် နောက်သို့ လျှောကျသွားစေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

နိုင်ငံခြားရေးဌာနနှင့် ပင်တဂွန်အရာရှိများက ကြားဖြတ်ဟန့်တားနိုင်သည့်ဒုံးများကို လက်ခံရရှိမည့် စစ်ဒဏ်ခံနေရသော နိုင်ငံများအား ပေးအပ်နိုင်မှုသည် နှောင့်နှေးမည်ဖြစ်ကြောင်း အသိပေးရန် သံတမန်ရေးအရ ကြိုးပမ်းမှုနေကြောင်း အိမ်ဖြူတော်အရာရှိက ပြောကြားခဲ့သည်။

ယူကရိန်းသည် ယခုနှစ် နွေရာသီတွင် ၎င်း၏ ပထမဆုံး လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်များ တင်ပို့မှုကို ရရှိရန် မျှော်လင့်ထားပြီး မူဝါဒ ပြောင်းလဲမှုသည် ၁၆ လကြာ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။ တခြားနိုင်ငံများက ၎င်းတို့မှာထားသည့် ကြားဖြတ် ဟန့်တားနိုင်သည့်ဒုံးများကို ယူကရိန်းနောက်တွင် ဆက်လက်ရရှိကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်နှောင်းပိုင်းတွင် ပင်တဂွန်နှင့် နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများက မူဝါဒအပြောင်းအလဲနှင့် ပတ်သက်၍ လွှတ်တော်ခေါင်းဆောင်များကို အကျဉ်းချုံး ပြောကြားခဲ့သော်လည်း မည်သည့်နိုင်ငံများတွင် သက်ရောက်မှုရှိမည်ကို ၎င်းတို့အား ပြောကြားရန် ငြင်းဆိုခဲ့ပြီး စိတ်ပျက်မှုများ ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအချက်အလက်တွေကို ကွန်ဂရက်လွှတ်တော်ကို မျှဝေအသိပေးထားခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်တွေက ပြောသည်။

ထိုင်ဝမ်သို့ လေကြောင်းရန် ကာကွယ်ရေး တင်ပို့မှုသည် ထိခိုက်မည် မဟုတ်ဟု အိမ်ဖြူတော်မှ တာဝန်ရှိသူက ပြောကြားခြင်းမှတပါး ထိခိုက်နစ်နာမည့် နိုင်ငံစာရင်းကို မျှဝေမည်မဟုတ်ဟုဆိုသည်။

“အခုချိန်ထိ အနည်းဆုံးတော့ သီးသန့်ဆွေးနွေးမှုတွေမှာ ဒီနိုင်ငံတော်တော်များများက ဒီဆုံးဖြတ်ချက်ရဲ့ လိုအပ်ချက်ကို နားလည်သဘောပေါက်ပြီး တန်ဖိုးထားခဲ့ကြပါတယ်” ဟု အရာရှိက ပြောကြားခဲ့သည်။ “တကယ်လို့ ငါတို့ရဲ့ လက်တွဲဖော်ဟာ အခု ယူကရိန်းနိုင်ငံလို ဖြစ်တည်မှု အခြေအနေမျိုးမှာ ရှိနေရင်၊ သူတို့ကို ကူညီပေးဖို့ ကောင်းကင်နဲ့ မြေကြီးကို ရွှေ့ပေးရမယ်ဆိုရင်လည်း လုပ်ပေးရမှာပဲ ဘာကြောင့်လဲဆိုတော့ အရေးတကြီး လိုအပ်နေတာက ယူကရိန်းနိုင်ငံ ဖြစ်နေလို့ပါပဲ။” ဟု သူက ပြောပါသည်။

ယခု အပြောင်းအလဲသည် ရုရှား၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ယူကရိန်းက ဆက်လက်ခုခံ ကာကွယ်နိုင်စေရန်အတွက် ဘိုင်ဒင်အစိုးရ၏ နောက်ဆုံးမူဝါဒ အပြောင်းအရွှေ့ ဖြစ်သည်။ ပြီးခဲ့သည့်လက ဘိုင်ဒင်သည် ရုရှားပိုင်နက်အတွင်း အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်ရန် ယူကရိန်းအား ပိတ်ပင်ထားသော ကာလရှည်ကြာ ချမှတ်ထားသော အမေရိကန်မူဝါဒကို ချိုးဖောက်ပြီး လက်နက်အသုံးပြုမှုကို ခွင့်ပြုပေးခဲ့သည်။

အဆိုပါ လုပ်ဆောင်ချက်သည် ယူကရိန်းတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပိုမိုရရှိလာစေရန် ဘိုင်ဒင်အစိုးရ၏ ကြိုးပမ်းမှုများနှင့်အပြိုင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ဒုတိယအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဘိုင်ဒင်အစိုးရသည် အသွင်ကူးပြောင်းနေသော စစ်မြေပြင်လိုအပ်ချက်များအတွက် ပဋိပက္ခတွင် ၎င်း၏မူဝါဒအရ ချဉ်းကပ်မှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေချိန်၊ နေတိုးနှင့် G7 တို့သည် ယူကရိန်းနိုင်ငံအတွက် အကူအညီများ တောင်းခံလာခြင်းကြောင့် နိုဝင်ဘာလ၏ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မသေချာ မရေရာမှုများကြားမှ ထိုမူဝါဒပြောင်းလဲမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ယူကရိန်းအတွက် အမေရိကန်၏ ထောက်ခံမှုကို ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ကွန်ဂရက်တွင် ရီပတ်ဘလီကန်များက အဓိက စစ်ရေးအကူအညီ အစီအစဉ်ကို ဧပြီလတွင် အပြီးမသတ်မီ လအတန်ကြာ ရပ်ဆိုင်းလိုက်သောအခါတွင် ယူကရိန်းနိုင်ငံအား စစ်ပွဲထိရောက်စွာ တိုက်ခိုက်နိုင်ရေးကို ပြင်းထန်စွာ ဟန့်တားမှုဖြစ်ခဲ့သည်။

ဓာတ်ပုံ။

ပက်ထရော့ဒုံး (Patriot) ကြားဖြတ်ပစ်ခွင်း လေကြောင်းရန် ကာကွယ်ရေးဒုံးစနစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 70 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက