နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

ဆန္ဒပြပွဲတွေကို ကင်ညာရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်း

ဆန္ဒပြပွဲတွေကို ကင်ညာရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်း

++++++++++++++

အခွန်တိုးမြှင့်ကောက်ခံမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ကင်ညာလွှတ်တော်ရှေ့မှာ ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ် ပြီးခဲ့တဲ့အင်္ဂါနေ့က ဖြစ်ပွါးခဲ့ပါတယ်။ ကင်ညာဥပဒေပြုရေးလွှတ်တော်အမတ်တွေဟာ အငြင်းပွါးဖွယ်ရာ ဥပဒေမူကြမ်းဖြစ်တဲ့ အစိုးရအခွန်ဝင်ငွေ ဒေါ်လာ 2.7 ဘီလီယံကို တိုးမြှင့်တင်မယ့်အစီအစဉ်ကို အတည်ပြုခဲ့ရာကနေ ကင်ညာနိုင်ငံမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့တာပါ။

အဲဒီဥပဒေကြမ်းအပေါ် မကျေနပ်ကြတဲ့ နိုင်ငံတဝန်းက ထောင်သောင်းမကများပြားတဲ့ ကင်ညာပြည်သူတွေဟာ လမ်းမတွေပေါ်ကို ထွက်လာခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ကင်ညာလွှတ်တော်အဆောက်အဦထဲ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းနှိမ်နင်းခဲ့ကြတာကြောင့် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွါးပြီး လွှတ်တော်အတွင်း မီးခိုးငွေ့တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲဖို့ ကြိုးပမ်းခဲ့ကြသလို နောက်ဆုံးမှာ ပစ်ခတ်နှိမ်နင်းမှုတွေပါ ဖြစ်လာခဲ့ရတာပါ။ ဆန္ဒပြသူတွေဟာ ဆုတ်ယုတ်နေတဲ့ တိုင်းပြည်စီးပွါးရေးအခြေအနေတွေကြား ရုန်းကန်နေရချိန်မှာ အခွန်တွေကို တိုးမြှင့်ကောက်ခံ လာခဲ့တာကို ဒေါသထွက်ခဲ့ကြပြီး သမ္မတ ဝီလီယံရူတိုကိုလည်း ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

“ ဒီအစိုးရကို ငါတို့ ပြောချင်တာက ပြည်သူတွေက သူတို့ကို ဝင်ပေါက်ပြလိုက်တယ်။ သူတို့က ပြည်သူတွေကို ထွက်ပေါက်ပြလိုက်သလိုပါပဲ၊ သမ္မတ လုပ်နေတဲ့သူလည်း ငါတို့ကို ပြန်လှည့်ကြည့်ပါဦး”

ကင်ညာသမ္မတရူတိုရဲ့ အစိုးရအဖွဲ့ဟာ များပြားလှတဲ့လူဦးရေအတွက် လိုအပ်ချက်တွေနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့လို ငွေချေးပေးတဲ့ အဖွဲ့အစည်းတွေရဲ့အတိုးတွေကြားမှာ ပိတ်မိနေတာဖြစ်ပါတယ်။ အစိုးရရဲ့ လိုငွေပြနေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အတိုးတွေကို လျှော့ချပေးဖို့ ကိုလည်း ဆန္ဒရှိနေပါတယ်။

ကင်ညာနိုင်ငံဟာ များပြားလှတဲ့နိုင်ငံတကာကြွေးမြီတွေကြောင့် အတိုးပေးဆပ်နေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေရှိနေပြီး နှစ်စဉ်ရရှိနေတဲ့ အခွန်ရဲ့ 37 ရာခိုင်နှုန်းကို နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် အတိုးပေးချေနေရတာဖြစ်ပါတယ်။ ကင်ညာအစိုးရအဖွဲ့ဟာ အင်္ဂါနေ့က အတည်ပြုခဲ့တဲ့ ဥပဒေကြမ်းနဲ့ လိုက်လျောညီထွေရှိစေဖို့အတွက် ဖြေလျော့မှုအချို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

အဲဒီဖြေလျော့မှုအရ ပေါင်မုန့်၊ ဟင်းချက်ဆီ၊ ကားပိုင်ဆိုင်ခွင့်နဲ့ ငွေကြေးလွှဲပြောင်းမှုတွေအတွက် အဆိုပြုထားတဲ့အခွန်သစ်တွေကို ဖျက်သိမ်း ပေးမယ့်အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒီလျော့ပေါ့မှုတွေက ဒေါသထွက်နေကြတဲ့ ကင်ညာပြည်သူတွေကို ကျေနပ်လောက်စေတဲ့ ချွေးသိပ်မှုတစ်ခုတော့ မဟုတ်ခဲ့ပါဘူးခင်ဗျာ . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက