နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တာတွေကြောင့် သံဃာအပါအဝင် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

ဇွန်လ (၂၇)ရက်။

ဇွန်လ (၂၁)ရက်နေ့က ကျိုက်ထိုမြို့၊ သိမ်ဇရပ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ (အမတ-၃၁၀)တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ အလုံးရေအများအပြား ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီထဲက လက်နက်ကြီးတစ်လုံးဟာ ခရွဲရွာ တောင်ကျောင်းဘုန်းကြီးကျောင်းဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့ ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သား (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ (၁၄)ရက်နေ့ကလဲ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီး (၂)လုံးပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦးခြံထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး (၁)နှစ်(၅)လအရွယ်နဲ့ (၁၄)နှစ်အရွယ် မိန်းကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ဇွန်လ (၂)ရက်နေ့နဲ့ (၁၂)ရက်နေ့တို့မှာ အဲ့ဒီစစ်ကောင်စီတပ်ကနေ ကျိုက်ထိုမြို့က ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်(၁၅)လုံး ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ဟာ နေ့တိုင်းလိုလို လူနေထိုင်တဲ့ ရွာထဲကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တာတွေကြောင့် ကျိုက်ထိုမြို့ထဲ နေရပ်စွန့်ခွာ စစ်ဘေးရှောင်လူဦးရေ တစ်သောင်းကျော်အထိရှိပြီလို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာမှာ ရုတ်တရက်ရေကြီးတာကြောင့် ရေဘေးသင့်သူ (၉)သိန်းနီးပါးရှိပြီး (၃၀၀)ကျော်သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 13 Views
စက်တင်ဘာလ (၂၁)ရက်။ မြန်မာနိုင်ငံထဲ ရုတ်တရက် ရေကြီးတာကြောင့် နေရပ်စွန့်ခွာသူတွေအပါအ၀င် ရေဘေးသင့်သူဦးရေ (၈၈၇၀၀၀)ခန့်ရှိပြီး (၃၀၀)ကျော်သေဆုံးခဲ့တယ်လို့ UNOCHA Myanmar ရဲ့
မြန်မာသတင်း

စစ်တပ်ဟာ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 13 Views
စက်တင်ဘာလ (၂၁)ရက်။ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူသိမ်းပိုက်ကာ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပေးပို့တဲ့သ၀ဏ်လွှာမှာ
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ မြို့မဈေးအပါအ၀င် (၃)နေရာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ်နဲ့ ဆိုင်ခန်းအချို့ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 10 Views
စက်တင်ဘာလ (၂၁)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နောင်ချိုမြို့နယ်ထဲရှိ နေရာ (၃)နေရာကို စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ
မြန်မာသတင်း

ဖားကန့်မြို့မှာ စစ်ရေးတင်းမာနေတာ‌ကြောင့် ဒေသခံအများအပြား မြို့ကိုစွန့်ခွာနေကြပြီး တိတ်ဆိတ်ခြောက်ကပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 9 Views
စက်တင်ဘာလ (၂၁)ရက်။ အခုရက်ပိုင်းထဲ ဖားကန့်မြို့မှာ KIA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံအများအပြား မြို့ကို စွန့်ခွာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့ကစပြီး မြို့နေလူထုက မြို့ကို စွန့်ခွာနေကြပါတယ်။ တချို့တော့
မြန်မာသတင်း

တောင်ဒဂုံရှိ စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှူး စီးနင်းတိုက်ခိုက်ခံရ၊ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့သေဆုံး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 9 Views
စက်တင်ဘာလ (၂၁)ရက်။ မနေ့က နံနက် (၉)နာရီကျော်အချိန်က တောင်ဒဂုံမြို့ရှိ စစ်ကောင်စီလက်အောက်ခံ (၁၀၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးအင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်သူကို နှိပ်စက်ဖိနှိပ်ပြီး အဓမ္မငွေကြေးတွေတောင်းခံကာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နိုင်ဖို့
မြန်မာသတင်း

မန္တလေးမြို့မြောက်ဘက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရ၊ ကျေးရွာအချို့ ဘေးလွတ်ရာတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 10 Views
စက်တင်ဘာလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်ကစပြီး မန္တလေးမြို့မြောက်ဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြေပြင်သတင်းတွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၆)နာရီ (၁၅)လောက်ကစပြီး မန္တလေးမြို့ မြောက်ဘက်ထဲမှာ လက်နက်ကြီးပစ်ခတ်သံတွေ
မြန်မာသတင်း

စလင်းမြို့မှာ မီးလိုင်းတွေပြင်ဖို့လာတဲ့ စစ်‌ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၈)ဦးသေဆုံးပြီး (၁၂)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 13 Views
စက်တင်ဘာလ (၂၁)ရက်။ စက်တင်ဘာလ (၁၈)ရက်နေ့က စလင်းမြို့နယ်ထဲ မီးလိုင်းတွေပြင်ဖို့လာတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်စက်ရုံတွေဖြစ်တဲ့ ကပစ(၂၅)နဲ့ ကပစ (၂၁)တို့ကို သွယ်တန်းထားတဲ့
မြန်မာသတင်း

မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်၍ မိုးဇလ အထူးမိုးလေဝသသတင်းထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 1 Views
စက်တင်ဘာလ (၂၁) ရက်။ ဒီနေ့ စက်တင်ဘာလ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်မှာမိုးဇလက အထူးသတိပေးချက် ထုတ်ပြန်လာပါတယ်။ ဒီနေ့ မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်တွေအရ ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေနဲ့ မြန်မာနိုင်ငံ၊