နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်

1027 Operations

1027 Operations မြန်မာသတင်း

မိုးကုတ်တိုက်ပွဲထဲ စစ်ကောင်စီတပ်က ဘဏ်တွေဖောက်ပြီး ငွေသားနဲ့ ကျောက်မျက်ရတနာတွေယူဆောင်သွားတယ်လို့ TNLA ထုတ်ပြန်

ဇူလိုင်လ (၅)ရက်။

မိုးကုတ်မြို့အနောက်ပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်တွေဟာ KBZ Bank နဲ့ CB Bank တို့ကိုဖောက်ထွင်းကာ ငွေသားနဲ့ ကျောက်မျက်ရတနာတွေ ယူသွားခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇွန်လ (၂၇)ရက်နေ့မှာ TNLA အပါအ၀င် မိုးကုတ်ဗျူဟာ၊ PDF(513)နဲ့ ပကဖ-မိုးကုတ်တို့က စစ်ကောင်စီတပ်စွဲထားတဲ့ ဒေါ်နန်းကြည်တောင်၊ ရွှေလိပ်ပြာစခန်းနဲ့ ရွှေမျက်၀န်းစခန်းတို့ကို ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က မြို့ထဲရှိ ကျပ်ပြင်စခန်းနဲ့ ဘဏ်တွေမှာ ခိုအောင်းခဲ့တာလို့ ဆိုပါတယ်။

TNLA ပူးပေါင်းတပ်တွေက လိုက်လံရှင်းလင်းခဲ့တာကြောင့် ဘဏ်တွေထဲ ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ KBZ Bank နဲ့ CB Bank တွေက ငွေသားနဲ့ ကျောက်မျက်ရတနာတွေကို ယူဆောင်သွားတဲ့ အထောက်အထားတွေကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် တစ်ဦးချင်းစီရဲ့ ကျောပိုးအိတ်ထဲကနေ ငွေသားသိန်း(၅၀)နဲ့ ကျောက်မျက်ရတနာတွေကို တွေ့ရှိခဲ့ကာ ငွေကျပ်သိန်းပေါင်း (၂၀၀၀၀)ခန့် ယူဆောင်ခဲ့တာလို့ ရေးသားထားပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ တပ်မ(၉၉)၊ လပခလက်အောက်ခံ ခလရ(၈၈)၊ ခလရ(၇၈)၊ ခလရ(၁၄၈)နဲ့ မိုးကုတ်ဗျူဟာတို့ အခြေချတဲ့တပ်တွေဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လွှတ်တော်ကျင်းပမယ့် နေ့ရက်တွေ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ လာမယ့် မတ်လပိုင်းထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ
မြန်မာသတင်း

ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးဆွဲတာတွေ ခေတ္တရပ်နားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ်ရဲ့ လေယာဉ်ပြေးဆွဲတာတွေကို ခေတ္တရပ်နားထားဖို့ အသိပေးထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ CDM ဝန်ထမ်း (၆၀)ရာခိုင်နှုန်း ခန့်အပ်ထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထဲ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲပူးပေါင်းကာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ CDM ဝန်ထမ်းတွေကို စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ (၆၀)ရာခိုင်နှုန်း
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတင်းမာတာတွေ ဖြစ်ပွားတဲ့ကာလထဲ အပြန်အလှန် ရိုက်နှက်တာကြောင့် နှစ်ဖက်
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ကြိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 28 Views
‌ရပ်နားထားတဲ့လုပ်ငန်းစဉ်တွေကို ပြန်လည်စတင်မယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ ဒေါ်ကြည်ပြာကိစ္စ NUG ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် ကြိုဆိုတယ်လို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပြည်သူ့အသံ၊ CDM တွေရဲ့အသံကို နားထောင်ပြီး ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် ကြိုဆိုပြီး
မြန်မာသတင်း

တွန်းဇံမြို့နယ်ထဲရှိ လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ မြို့နယ်ကောင်စီထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 22 Views
စစ်မှုမထမ်းလိုသူတွေကို နယ်နှင်ဒဏ်ပေးမယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ တွန်းဇံမြို့နယ်ထဲရှိ လူငယ် အမျိုးသားနဲ့ အမျိုးသမီးတွေကို တပ်သားသစ် စုဆောင်းသွားမယ်လို့ တွန်းဇံမြို့နယ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုခါ စစ်ကော်မရှင်ဟာ CC တပ်ပေါင်းစုနဲ့ CB တပ်ပေါင်းစုတို့
မြန်မာသတင်း

IPDF အပါအဝင် မဟာမိတ်အင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 22 Views
ဖေဖေယ်ဝါရီလ (၂၃)ရက်။ အင်းလေးဒေသ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့(IRLO)ကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ အဆုံးအဖြတ်ပေးမယ့်အဆင့်ကို ရောက်ရှိလာတာနဲ့အတူ အင်းလေးဒေသထဲက တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ IRLO အနေနဲ့ အဆင့်မြှင့်တင်
မြန်မာသတင်း

Non CDM ဝန်ထမ်းတွေ ထိန်းချုပ်ဒေသထဲ‌တွေ့ရင် အရေးယူမယ်လို့သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ အလင်းမဝင်တဲ့ Non CDM ဝန်ထမ်းတွေကို ထိန်းချုပ်ဒေသထဲ တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့ စေတုတ္တရာမြို့နယ်ပကဖရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။ စေတုတ္တရာမြို့နယ်ထဲ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ထမ်းဆောင်နေတဲ့ Non CDM