နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

လေဘာပါတီမှ ကီရာစတာမာ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာ။

ဇူလိုင်လ (၅) ရက်။

ဗြိတိန်အလုပ်သမားပါတီခေါင်းဆောင် ကီရာစတာမာသည် ဇူလိုင် ၅ ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ Tate Modern နေရာ၌ ရွေးကောက်ပွဲတွင် အနိုင်ရရှိခြင်းအတွက် ဂုဏ်ပြုသည့်ဧည့်ခံပွဲ၌ ၎င်း၏ထောက်ခံသူများကို မိန့်ခွန်းပြောကြားခဲ့သည်။

“အခုပဲ အပြောင်းအလဲ စတင်နေပါပြီ” ဟု လန်ဒန်တွင် ဗြိတိန်ဝန်ကြီးချုပ်သစ် ကီရာစတာမာ (Keir Starmer) က ပြောကြားခဲ့သည်။

မကြာမီ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာတော့မည့် ကီရာစတာမာသည် လန်ဒန်မြို့လယ်ရှိ လေဘာပါတီအောင်ပွဲခံ လူထုစုဝေးပွဲတွင် အားပေးထောက်ခံသူများအား မိန့်ခွန်းပြောကြားပြီး ကွန်ဆာဗေးတစ်ပါတီ၏ ၁၄ နှစ်ကြာ အုပ်ချုပ်မှု ပြီးနောက် “နိုင်ငံတော်ကို ပြန်လည်၍ အခင်းအကျင်းသစ် ဖန်တီးမည်” ဟု ကတိပြုခဲ့သည်။ “အဲဒီအတွက် ကျွန်တော်တို့ မဲဆွယ်ခဲ့တယ်၊ ခင်ဗျားတို့ အဲဒီအတွက် တိုက်ပွဲဝင်ခဲ့တယ်၊ အဲဒီအတွက် ခင်ဗျားတို့ မဲပေးခဲ့တယ်၊ အခုကျွန်တော်တို့ လိုချင်တဲ့နေရာကို ရောက်နေပြီ။ အပြောင်းအလဲကို ကျွန်တော်တို့ အခုစမယ်” ဟု စတာမာက လေဘာပါတီအား ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရိုးသားရမယ် … ဒါဟာ ကျွန်တော်တို့ လုပ်ရမဲ့အလုပ်ပဲ။ ပြောင်းလဲသွားတဲ့ လေဘာပါတီဟာ ကျွန်တော်တို့နိုင်ငံအတွက် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ပါပဲ” ဒါပေမဲ့ ဒီလိုလုပ်ပိုင်ခွင့် ရရှိတာဟာ ကြီးမားတဲ့တာဝန်နဲ့တွဲပြီးလာတယ်” ဟု စတာမာက သတိပေးခဲ့သည်။

ဝန်ကြီးချုပ် ရီရှီဆူးနက်ခ်သည် အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း ဝန်ခံပြီးနောက် ခဏအကြာမှာ ဝန်ကြီးချုပ်အသစ် ဖြစ်လာမည့် စတာမာက “ကျွန်တော်တို့ရဲ့တာဝန်ဟာ ဒီနိုင်ငံကို စုစည်းထားတဲ့ အတွေးအခေါ်တွေကို အသစ်ပြန်လည်တည်ဆောက်ခြင်းမှတပါး အခြားမရှိပါ။ ခင်ဗျားအလုပ်ကြိုးစားရင် ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း အတိုင်းကျင့်ကြံ နေထိုင်ရင် ဒီနိုင်ငံဟာ ခင်ဗျားတက်လှမ်းဖို့ တရားမျှတတဲ့အခွင့်အရေးပေးသင့်တယ်…အဲဒါကို ငါတို့ပြန်လည်အသက်သွင်းရမယ်”။

သူက ဆက်လက်၍ “နိုင်ငံရေးကို ပြည်သူ့ဝန်ဆောင်မှုအဖြစ် ပြန်ပေးရမယ်၊ နိုင်ငံရေးဆိုတာ ကောင်းတာလုပ်တဲ့ အင်အားစုဆိုတာ ပြသရမယ်။ အမှားမလုပ်မိစေနဲ့ ဒါဟာ ဒီခေတ်မှာ နိုင်ငံရေးအတွက် အကြီးမားဆုံး စမ်းသပ်မှုကြီးပါပဲ” ဟု ပြောကြားခဲ့သည်။

STAFFORDSHIRE, UNITED KINGDOM – JULY 2: Labour Leader, Sir Keir Starmer delivers a speech and takes media questions while visiting Norton Cannes Community Centre on July 2, 2024 in Norton Canes, Staffordshire, United Kingdom. Maintaining a 20-point lead over the Conservatives, Keir Starmer prioritises his closing campaign efforts to win back voters in areas that were once Labour’s traditional strongholds, often referred to as the “Red Wall.” (Photo by Christopher Furlong/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 64 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 59 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက