နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အဆိုတော် လေးဖြူကို လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့နဲ့ လူထုကို အမြန်ဆုံးတောင်းပန်ဖို့ တော်လှန်ရေးအင်အားစုတွေတိုက်တွန်း

ဇူလိုင်လ (၅)ရက်။

Boycott(BC)ကို မသိဘူးဆိုပြီး လှောင်ပြောင်ပြောဆိုခဲ့တဲ့ အဆိုတော် လေးဖြူအနေနဲ့ ကိုယ့်စကားကို တာ၀န်ယူကာ လူထုကို ‌အမြန်ဆုံးတောင်းပန်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ဒီကနေ့မှာ တိုက်တွန်းပြောဆိုထားတယ်လို့ သိရပါတယ်။

အဆိုတော်လေးဖြူဟာ စားသောက်ဆိုင်တစ်ခုမှာ ဖျော်ဖြေနေချိန် Boycott(BC)ဆိုတာ မသိသလို A-Z လဲ နားမလည်ဘူးလို့ လှောင်ပြောင်ပြောဆိုခဲ့တဲ့ ဗီဒီယိုဖိုင်ကြောင့် ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်‌ပြောဆိုနေကြပါတယ်။

အခုလို လူထုဒုက္ခရောက်နေတဲ့အချိန်မှာ နိုင်ငံကျော် အနုပညာရှင်တစ်ဦးအနေနဲ့ အခုအခြေအနေတွေကို သတိမမူဘဲ လူထုကို လှောင်ပြောင်တာဟာ နိုင်ငံရဲ့ ပကတိအရှိတရားနဲ့ တော်လှန်သံတွေကို မျက်ကွယ်ပြုတာလို့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့)က ဖော်ပြထားပါတယ်။

“သူ့ဘာသာ ဖျော်ဖြေပြီးပြန်သွားရင် အခြေအနေက အခုလိုဖြစ်လာစရာမရှိပါဘူး၊ သူ့ကို ဘယ်သူကမှမမေးဘဲ ယုန်ကလေးနှာစေးနေတယ် နိုင်ငံရေးနဲ့ပတ်သက်တာ ဘာမှမသိပါဘူးဆိုပြီး ပြောချင်ပေမယ့် စကားရဲ့ ရည်ရွယ်ရာဟာ ခနဲ့တဲ့ဘက်ကို ဦးတည်သွားစေခဲ့တာပါ”လို့ ရေဘဝဲက ပြောဆိုထားပါတယ်။

အခုအခါ နိုင်ငံတ၀န်း တော်လှန်ရေးတိုက်ပွဲတွေ ဆင်နွှဲနေသလို စစ်တပ်က ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်နေကြတာကြောင့် စစ်ဘေးရှောင်အများအပြားရှိနေတာမှာ ဒီလိုပုဂ္ဂိုလ်မျိုးကို ပြတ်ပြတ်သားသား လူမှုရေးပြစ်ဒဏ်ခတ်ရမယ်လို့ တိုက်တွန်းထားပါတယ်။

‌အဆိုတော် လေးဖြူရဲ့ အခုလိုပြောဆိုခဲ့တဲ့အပေါ် တော်လှန်အနုပညာရှင်တွေဘက်ကလဲ ဝေဖန်ပြောဆိုတာတွေရှိနေပြီး လေးဖြူသီဆိုနေတဲ့ တော်လှန်အနုပညာရှင်တွေရဲ့ သီချင်းအချို့ကိုလဲ သုံးစွဲခွင့်ပေးတာတွေကနေ တားမြစ်လာတဲ့အထိ ရှိနေပါတယ်။

“လေးဖြူဆိုတာက ပြည်သူတွေ လေးစားပြီး နှစ်သက်ရတဲ့ အဆိုတော်တစ်ဦးပါ၊ သူ့အနေနဲ့က ဒီလိုပွဲတွေမှာ သီချင်းလိုက်မဆိုရလို့ပဲ ဆင်းရဲသွားမယ့်သူမျိုးမဟုတ်ပါဘူး၊ နောက်ဆုံး သူ့ဝါသနာအရ မဆိုရမနေနိုင်လို့ ဆိုရင်တောင် နားလည်ပေးနိုင်ပါတယ်၊ ဒါပေမယ့် တော်လှန်ရေးကို ပျက်ရယ်ပြုတဲ့စကားမျိုးပြောတာတော့ တော်တော်ဆိုးပါတယ်၊ လက်မခံနိုင်ပါဘူး”လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး စစ်တပ်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေနဲ့ လုပ်ငန်းတွေအပါအ၀င် စစ်‌တပ်နဲ့ ပတ်သက်ဆက်နွယ်‌နေတဲ့ လူပုဂ္ဂိုလ်တွေကို တော်လှန်ပြည်သူတွေက လူမှုရေးပြစ်ဒဏ်နဲ့ Boycott လုပ်တာတွေ ပြုလုပ်လာခဲ့ကြတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 68 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 54 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို