နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆီဆိုင်မြို့ နားခိုက်ကျေးရွာကို စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က ၀င်ရောက်မီးရှို့ခဲ့၊ နေအိမ်(၆)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရ

ဇူလိုင်လ (၆)ရက်။

ဒီကနေ့ နံနက် (၉)နာရီခန့်က ဆီဆိုင်မြို့၊ နားခိုက်ရွာကို စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်တွေက ၀င်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

PNO ပြည်သူ့စစ် အင်အား(၅ဝ)ခန့်ဟာ ကျေးရွာထဲ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့တာအပြင် ပြည်သူပိုင် ကားတွေ၊ ဆိုင်ကယ်တွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

PNO စစ်ကြောင်းရဲ့ ကျေးရွာထဲ ၀င်ရောက်မီးရှို့တာကြောင့် နေအိမ် (၆)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကာ နေအိမ်အချို့ကို သံဃာတော်တွေနဲ့ ဒေသခံတွေက ဝိုင်း၀န်းငြှိမ်းသတ်ခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီလက်ပါးစေ PNO ပြည်သု့စစ်ဟာ ကျေးရွာထဲ မီးရှို့ဖျက်ဆီးတာမပြုလုပ်ခင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ‌ရွာခံတစ်ဦးကို ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် မနေ့ကလဲ PNO ပြည်သူ့စစ်ဟာ နားခိုက်ကျေးရွာက ပြည်သူတွေကို ထမင်းထုပ် (၆၀၀)ပေးဖို့ ပြောဆိုခဲ့တာကြောင့် သွားပေးခဲ့ရာ မစားဘဲ သွန်ပစ်ခဲ့ပြီး ဒီကနေ့မှာ မီးရှို့ဖျက်ဆီးတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်ဟာ ဧပြီလ (၂၁)ရက်နေ့က နားခိုက်ကျေးရွာရှိ PNLA စစ်ဦးစီးချုပ်မိသားစုပိုင် နေအိမ်အပါအ၀င် နေအိမ် (၇)လုံးကို မီးရှို့ခဲ့ကာ အခုအခါ ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 12 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒို လူကြီးရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 16 Views
စစ်လော်ဘီတွေက လေကြောင်းဗုံးကြဲခံရတာဆိုပြီး သတင်းမှားဖြန့်နေ မေလ (၇)ရက်။ မနေ့က KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ KNU
မြန်မာသတင်း

စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီ DCI Group တို့ ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် JFM ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 22 Views
မေလ (၇)ရက်။ စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီကုမ္ပဏီဖြစ်တဲ့ DCI Group တို့ ဆက်သွယ်ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် Justice for Myanmar(JFM)က မနေ့က ရှုတ်ချထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိတ်ဆွေဟောင်းနဲ့ ယခင်အကြံပေးအနေနဲ့ ဆောင်ရွက်ခဲ့တဲ့
မြန်မာသတင်း

ရွေးကောက်ပွဲကို ထောက်ခံတာက နိုင်ငံရေးဆောင်ရွက်တာကို ထောက်ခံတာဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 18 Views
မေလ (၇)ရက်။ ရွေးကောက်ပွဲကို ထောက်ခံတာဟာ နိုင်ငံရေးအရ ဆောင်ရွက်တာတွေကို ထောက်ခံတာဆိုပြီး ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က မနေ့က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မဲပေးသူတွေဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက် မဲပေးတာပါ။ မဲပေးတာမှာ စနစ်တကျနဲ့
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNU ဆီ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 21 Views
မေလ (၇)ရက်။ မနေ့က တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၂)ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းကဖြစ်ပြီး KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နဲ့ မဟာမိတ်တပ်ဖွဲ့တွေဆီ
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 29 Views
မေလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဝက်လက်မြို့ စခန်းသာရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ နေ့လယ် (၁၂)နာရီကျော်လောက် စခန်းသာရွာနားကို စစ်တပ်ရဲ့ တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၃)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံး တောင်းဆို

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 27 Views
မေလ (၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩ‌စတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပကျယ်ချုပ် ပြောင်းရွှေ့တာကို သိရပြီး မိသားစုအပါအဝင် ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုရစေဖို့
မြန်မာသတင်း

လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 29 Views
မေလ (၆)ရက်။ ‌ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲက‌နေ ထွက်ပြေးသွားတဲ့