နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာမူဝါဒက အမေရိကန်ကို အန္တရာယ်ဖြစ်စေကြောင်း အမေရိကန်အရာရှိဟောင်းများ ပြောကြား

++++++++++++++++++++++++++++++++++++++++++++++++

အစ္စရေးနှင့် ဂါဇာစစ်ပွဲအပေါ် မူဝါဒကြောင့် နှုတ်ထွက်ခဲ့သော ဘိုင်ဒင်အစိုးရအဖွဲ့မှ အရာရှိဟောင်း ၁၂ ဦးသည် အစိုးရ၏လုပ်ဆောင်ချက်များသည် အမေရိကန် အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

မူဝါဒများသည် ထိုဒေသအတွင်း မတည်မငြိမ်ဖြစ်စေပြီး “အမေရိကန်၏ နောက်ကျောကို ဓားနှင့်ထိုးမည့်အနေအထားဖြစ်ကြောင်း” ပူးတွဲကြေညာချက်တွင် ဖော်ပြ ထားသည်။

အဆိုပါ ၁၂ ဦးအနက် တစ်ဦးမှာ အင်္ဂါနေ့တွင် အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများ သေဆုံးဒဏ်ရာရမှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရှိန်မြှင့်တင်ရန် ကြိုးပမ်းအားထုတ် မှုများကို ဝေဖန်ထောက်ပြပြီး အဆိုပါစွပ်စွဲချက်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခင်က ငြင်းဆိုထားသည်။

အရာရှိဟောင်းများ၏ ပူးတွဲကြေညာချက်တွင် “အမေရိကန်၏ သံတမန်ရေးရာ အကာအကွယ်ပေးမှုနှင့် အစ္စရေးသို့ လက်နက်များ အဆက်မပြတ် ပေးပို့နေမှုသည် ဂါဇာရှိ ပါလက်စတိုင်း ပြည်သူများကို သတ်ဖြတ်ခြင်းများတွင် ကြံရာပါအဖြစ် ပါဝင်ခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းများ ဖြစ်ပေါ်စေရန် ဖိအားသုံး ဆောင်ရွက်ခြင်းတို့တွင် ဆက်စပ်ပါဝင်နေခြင်းတို့သည် ငြင်းပယ်၍မရသော အမှန်တရား ဖြစ်သည်” ဟု ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်သည် အမေရိကန်အရာရှိဟောင်းများထံမှ ပထမဆုံးသော ထုတ်ပြန်ချက် မဟုတ်ဘဲ အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနမှ အထူးလက်ထောက် တစ်ဦးဖြစ်သူ မေရီယန်ဟာဆန်နင် (Maryam Hassanein) ၏ အုပ်ချုပ်ရေးအဖွဲ့မှ နောက်ဆုံးနုတ်ထွက်မှုနှင့်အတူ ယခုကဲ့သို့ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုကြေညာချက်ကိုလည်း သူမက လက်မှတ်ရေးထိုးပေးခဲ့သည်။

ပါလက်စတိုင်းပြည်သူများကို အကြီးအကျယ်ပျက်စီးဆုံးရှုံး စေရုံသာမက အစ္စရေးတို့ကိုလည်း အန္တရာယ်ဖြစ်စေသည့် “မအောင်မြင်သောပေါ်လစီ” ကို စွဲကိုင်ထားသည်ဟု အရာရှိဟောင်းများက စွပ်စွဲပြောကြားထားကာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်၍ နိုင်ငံတကာမှ လက်ခံထားသည့် စည်းမျဉ်းအပေါ် အမေရိကန်နိုင်ငံ၏ ကတိပြုထားမှုအပေါ်ယုံကြည် ကိုးစားမှုကို ပျက်ပြားစေသည်ဟုလည်း စွပ်စွဲထားသည်။

ပူးတွဲကြေညာချက်တွင် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုများ ရှိနေသော်လည်း အစ္စရေးထံ ဆက်လက်ပြီး လက်နက်လွှဲပြောင်းပေးပို့နေမှုများသည် အရှေ့အလယ်ပိုင်းကို ပိုမိုမတည် မငြိမ်ဖြစ်စေပြီး အမေရိကန်ကို ပစ်မှတ်အဖြစ် ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်ဟု ဆိုထားသည်။

“ကမ္ဘာကြီးဟာ ခေတ်သစ်မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုနဲ့ သွင်ပြင်လက္ခဏာ ပြောင်းလဲနေချိန်မှာ အမေရိကန်အပေါ် ယုံကြည်ကိုးစားမှုကို ကမ္ဘာနဲ့အဝှမ်း နက်နက်ရှိုင်းရှိုင်း ကျဆင်းနေချိန်မှာပဲ ဒေသတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေလည်း သိသိသာသာ ထိခိုက်စေခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးသူများထဲတွင် လွှတ်တော်တွင် လက်နက်လွှဲပြောင်းခြင်းဆိုင်ရာ ဆက်ဆံရေးကို ကြီးကြပ်သူ ဂျိုရှ် ပေါလ် (Josh Paul) လည်း ပါဝင်ပါ သည်။ သူသည် အောက်တိုဘာလတွင် အလုပ်မှ နှုတ်ထွက်ခဲ့သည်။

အိမ်ဖြူတော် အရာရှိဟောင်း၊ လေတပ်ဌာနမှ အမှုထမ်းဟောင်းနှစ်ဦးနှင့် ကာကွယ်ရေးထောက်လှမ်းရေး အေဂျင်စီမှတပ်မတော် အရာရှိဟောင်းတစ်ဦးတို့ လည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

အကူအညီပေးရေး ဝန်ထမ်းလုပ်သားများကို အသေအပျောက်များစေသည့် တိုက်ခိုက်မှုအပြီးတွင် အစ္စရေးအပေါ် သမ္မတဘိုင်ဒင်၏ ဖိအားများသည် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း လက်ရှိနှင့် ယခင်အရာရှိဟောင်းများအပါအဝင် အမေရိကန်အရာရှိခုနစ်ဦးမှ အစောပိုင်းတွင် BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် လူပေါင်း ၁၂၀၀ သေဆုံးစေခဲ့ပြီး ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သော ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ထားသည့် ဟားမတ်စ်အဖွဲ့ကို လက်တုံ့ပြန်ချေမှုန်းရန် အစ္စရေးစစ်တပ်က စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့သည်။

ထိုအချိန်မှစ၍ ဂါဇာတွင် လူ ၃၇,၉၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရ သိရသည်။

“ဗီယက်နမ်စစ်ပွဲပြီးကတည်းက ကျနော်တို့မှာ လမ်းကြောင်းတခုကို ထူထောင်ထားခဲ့ပါတယ်။ ဒီလမ်းကြောင်းက ပေါ်လစီနဲ့ပတ်သက်ပြီး သဘောမတူပါက အမှုထမ်းတွေကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခွင့်ပေးထားပါတယ်၊ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ကွပ်ကဲမှု ကွင်းဆက်ပြင်ပတွင် မူဝါဒသဘောထားကွဲလွဲမှုတွေကို ထုတ်ဖော်ပြသနိုင်ပြီး တုံ့ပြန်အရေးယူခံရမှာကို ကြောက်ရွံ့ခြင်း မရှိဘဲ အကြီးတန်းဌာနမှ အကြီးအကဲများထံ တိုက်ရိုက် ရောက်ရှိအောင် ဖော်ပြပေးနိုင်တဲ့အတွက် ဒီလိုလမ်းကြောင်းရှိနေတာကို ဂုဏ်ယူပါတယ်” ဟု အမေရိကန်အစိုးရဌာန ပြောရေးဆို ခွင့်ရှိသူတစ်ဦးက BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ဟုတ်ပါတယ်၊ သမ္မတက မူဝါဒကို ချမှတ်ပါတယ်” ဟု ပြောရေးဆိုခွင့် ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

“ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) က လူသိရှင်ကြား ပြည်တွင်းမှာ ခဏခဏ ပြောခဲ့သလိုပဲ သူက သဘောထားကွဲလွဲတဲ့ ချန်နယ်တွေကို သူက ကြိုဆိုပြီး မတူကွဲပြားတဲ့ပြောကြားချက်တွေကို ကြားရတာ၊ မတူတဲ့ရှုထောင့်တွေကို သိရတာကြောင့် ကျေးဇူးတင်တယ်” ဟုဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့မှစပြီး အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန သည် “ပဋိပက္ခနှင့်ပတ်သက်သည့် မူဝါဒဆိုင်ရာ အကြံပြုချက်များအား ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခဲ့သော ကြားနာမှု အများအပြား” ကို ပြုလုပ်ခဲ့ကြောင်း ပြောရေးဆို ခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ ကို လိုက်နာရမည်ဟု အစ္စရေးနှင့် လူသိရှင်ကြားရော၊ လျှို့ဝှက်စွာပါ အမြင့်မားဆုံး တာဝန်ရှိသူများအဆင့်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလတွင် ပြောကြားခဲ့သည်။

Ex-officials say Gaza policy has put US at risk အား TZK က ဘာသာပြန်ထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 19 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 18 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 37 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 36 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 47 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 37 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့