ဇူလိုင်လ (၇)ရက်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ စိန်းလမ်းသောဖွံ့ဖြိုးရေးဖိုရမ် တက်ရောက်ဖို့ ဒုစစ်ခေါင်းဆောင် စိုး၀င်း တရုတ်ကို သွားရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေရ သိရပါတယ်။
ဒုစစ်ခေါင်းဆောင် စိုး၀င်းဟာ မနေ့က နံနက်ပိုင်းကစပြီး နေပြည်တော်ကနေ တရုတ်နိုင်ငံကို အထူးလေယာဉ်နဲ့ သွားရောက်ခဲ့တာလို့ ဆိုပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ စိန်းလမ်းသောဖွံ့ဖြိုးရေးဖိုရမ်ကို ဇူလိုင်လ (၈)ရက်နေ့ကနေ (၉)ရက်အထိ နှစ်ရက်တာ ကျင်းပသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒုစစ်ခေါင်းဆောင် စိုး၀င်းဟာ မနေ့က နံနက် (၁၁)နာရီကျော်မှာ ကူမင်းမြို့ကို သွားရောက်ခဲ့ပြီး ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ၀မ်းဟောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ရေးသားထားပါတယ်။
တရုတ်နိုင်ငံခရီးစဉ်ထဲ ဒုစစ်ခေါင်းဆောင် စိုး၀င်းနဲ့အတူ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဒု၀န်ကြီး ဦးမင်းသူအပြင် နိုင်ငံခြားရေးအရာရှိတွေ ပါ၀င်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်ဒေသထဲ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ဒုစစ်ခေါင်းဆောင် စိုး၀င်းဟာ တရုတ်နိုင်ငံကို သွားရောက်တာဖြစ်တယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။