နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းမြို့ရွာများကို ရုရှားဒုံးပျံများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် မြို့တော်ကိ့ဗ်ရှိ ကလေးဆေးရုံကို ထိမှန်

ဇူလိုင်လ (၉) ရက်၊ ဘီဘီစီ နိုင်ငံခြားသတင်း။

ရုရှားဒုံးပျံများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် မြို့တော်ကိ့ဗ်ရှိ Ohmatdyt ကလေးဆေးရုံကို ထိမှန်ခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ရသည်။ ထိုဆေးရုံသည် ယူကရိန်း၏ အကြီးမားဆုံးသော ကလေးအထူးကု ဆေးရုံကြီးဖြစ်ပြီး ဒုံးပျံထိခိုက် ပေါက်ကွဲမှုကြောင့် ကြီးမားစွာ ပျက်စီးခဲ့ရသည်။ လူ ၃၆ယောက်သေဆုံးခဲ့ပြီး ၁၄၀ ခန့်ဒဏ်ရာ ရရှိခဲ့သည်ဟု သမတဗလာဒီမာဇလန်းစကီး၏ အတွင်းဝန် အင်ဒရေရာမတ် ဆိုသည်။

ရုရှားက မိမိတို့ဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်မှု မလုပ်ခဲ့ကြောင်း ငြင်းဆိုပြီး ထိုပေါက်ကွဲမှုသည် ယူကရိန်းလေကြောင်းကာကွယ်ရေး ဒုံးပျံမှအပိုင်းအစ ထိမှန်ခြင်းဖြစ်သည်ဟု ဆိုသည်။ ယူကရိန်းဘက်က ရုရှားခရုစ်ဒုံးကျဉ်အပိုင်းအစများကို ထိုနေရာတွင် ရှာဖွေတွေ့ရသည်ဟု ဆိုသည်။

ဆေးရုံမှ ဆရာဝန် လက်ဆီရာ လိုက်တာဆီရာ (Lesia Lysytsia) က ဒုံးကျည်ထိမှန်သည့်အခိုက်အတန့်တွင် “ရုပ်ရှင်ကားတစ်ကားမှာ ကြည့်ရသကဲ့သို အလင်းတန်းကြီး တစ်ခုမြင်လိုက်ရပြီး “ကြောက်စရာကောင်းတဲ့အသံကြီး” ကို ကြားခဲ့ရကြောင်း BBC ကို ပြောကြားခဲ့သည်။

“ဆေးရုံတပိုင်းဟာ ပျက်စီးသွားပြီး အခြားနေရာမှာ မီးတွေလောင်နေတယ် အများကြီးပျက်စီးသွားခဲ့တယ် ၆၀-၇၀%လောက် ပျက်စီးသွားမယ်လို့ ခန့်မှန်းရတယ်” ဟု သူမက ဆိုသည်။

ပုံများတွင် ကလေးငယ်များကို မြင်တွေ့နေရပြီး တချို့တွင် ဆေးသွင်းပိုက်များ ကိုယ်တွင် တပ်ဆင်ထားပြီး ဆေးရုံပြင်ပတွင် ထိုင်နေကြကာ ကယ်ဆယ်ပြောင်းရွေ့ခံယူရန် စောင့်နေကြသည်။ ကိ့ဗ်မြို့တော်ဝန် ဗစ်တာလီကလစ်ချကို (Vitaliy Klitschko) က ဆေးရုံတွင် သေဆုံးသွားသူနှစ်ဦးမှာ လူကြီးများဖြစ်ပြီးတဦးမှာ ဆရာဝန်ဖြစ်ကြောင်း ပြောပြသည်။ သူက ကယ်ဆယ်ရေးလုပ်နေသူများက ထိုအပျက်အစီးပုံအောက်တွင် လူများစွာ ပိနေမည်ကို စိုးရိမ်ကြောင်းဆိုသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

Omatodyt ကလေးဆေးရုံသည် ယူကရိန်းနိုင်ငံ၏ အကြီးဆုံးကလေးဆေးရုံဖြစ်ပြီး ကင်ဆာကုသမှုနှင့် ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုများကို ကုသပေးနေသည်။

“လောလောဆယ်တော့ လူနာတွေကို အနီးဆုံးဆေးရုံကို ရွှေ့ပြောင်းပေးနေပါတယ်။ ဒါပေမယ့် လူနာတော်တော်များများဟာ ပိုက်တပ်ပြီး အသက်ရှူစက်တွေ တပ်ထားရတာကြောင့် တခြားလူနာတွေနဲ့ မထိတွေ့နိုင်သလို အပြင်ထွက်လို့ မရဘူး” ဟု ဒေါက်တာ လက်ဆီရာ လိုက်တာဆီရာက ပြောပါတယ်။

တိုက်ခိုက်ခံရသည့် လူနာခန်းမှာ “ ကလေး အယောက် ၂၀ လောက် ကုသခံနေရတယ်” ဟု ဆေးရုံတာဝန်ရှိသူတွေက ယူကရိန်း ရုပ်မြင်သံကြားဌာနကို ပြောပါသည်။

ထိုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ယူကရိန်း အမျိုးသမီး တင်းနစ်ကစားသမားအယ်လီနာ ဆဗစ်တိုလီနာ (Elina Svitolina) က တနင်္လာနေ့ သူမ၏ ဝင်ဘယ်ဒန်ကစားပွဲတွင် ဝမ်းနည်းကြောင်းအထိန်းအမှတ်အဖြစ် အနက်ရောင်ဖဲကြိုးကို ဝတ်ဆင်ကစားခဲ့သည်။

ကိ့ဗ် မြို့တော်ဝန် ကလစ်ချကို (Klitschko) က ရုရှားသည် ယူကရိန်းလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်နေသည်ဟု စွပ်စွဲခဲ့သည်။

“ ရုရှားဒုံးကျည်တွေနဲ့ ‘ကာမီကာဇေးဒရုန်း’ တွေဟာ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့မြို့တွေမှာ ယူကရိန်းနိုင်ငံသားတွေကို ဘယ်လို သေဆုံးစေသလဲ ဆိုတာကို တစ်ကမ္ဘာလုံးက မြင်တွေ့နေရပြီဖြစ်ပါတယ်” ဟု ဆိုသည်။ မြို့တော်ဝန်ကဆက်လက်ပြီး ကိ့ဗ်မြို့ ဒိနီပရိုစကီးခရိုင် (Dniprovsky district ) ရှိ မီးယပ်နဲ့သွားဖွားဆေးရုံသည်လည်း ကျလာသည့် ဒုံးကျဉ်အစအနများကြောင့် တပိုင်းတစ ပျက်စီးသွားခဲ့ပြီး လူခုနှစ်ဦး သေးဆုံးသွားခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးသည် ကိ့ဗ်၊ ဒနီပရို (Dnipro)၊ ကာဗီရီ (Kryvyi)၊ ရစ်ချ (Rih)၊ စလိုယန်စ်ခ် (Slovyansk) နှင့် ခါမာတော့ခ် (Kramatorsk) အပါအဝင် မြို့အများအပြားရှိ အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများကို ဒုံးပျံ ၄၀ ထက်ပိုမို ထိမှန်ခဲ့ကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

ဇလန်းစကီးက “ ရုရှားဟာ ကျွန်တော်တို့ရဲ့ လူမျိုး၊ ကျွန်ုပ်တို့ရဲ့ နယ်မြေနဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေကို အခုလို ပြန်လည်ထိုးနှက်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး” အနောက်နိုင်ငံများမှ ပြင်းထန်သော တုံ့ပြန်မှုတစ်ရပ်ကို ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ဒင်နီပရို (Dnipro) ၏ အုပ်ချုပ်မှု အကြီးအကဲ ဆာဂေး ရေဆက် (Sergiy Rysak) က မြို့တွင် လူတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အထပ်မြင့် အဆောက်အအုံများနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းကဆိုသည်။

အရှေ့ပိုင်း Donetsk ဒေသ၊ ပိုကရိုဗက်ခ်(Pokrovsk) တွင် လူ ၃ ဦး သေဆုံးခဲ့သည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရုရှားတပ်ဖွဲ့များသည် ဒွန်နက်ခ် (Donetsk) ဒေသရှိ ရွာအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့သို့ နှစ်ရက်ကြာ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ နိုင်ငံတော် ခရီးစဉ်အတွင်း ထိုရုရှား၏ နောက်ဆုံး ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မစ္စတာ မိုဒီသည် ၉ ရက်နေ့တွင် သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ယူကရိန်းလုံခြုံရေးဌာနက တိုက်ခိုက်ခံရတဲ့နေရာမှ စုဆောင်းရရှိထားသည့် ရုရှား Kh-101 ခရုဇ်ဒုံးကျည်၏ အပိုင်းအစများဟု ဖော်ပြထားသည့် ဓာတ်ပုံတွေကို ထုတ်လွှင့်ထားပါသည်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရပ်တမ် ယူမီရော့ဗ် (Rustem Umerov) က နိုင်ငံ၏မဟာမိတ်များအား ၎င်းတို့၏ လေကြောင်းရန် ကာကွယ်ရေး အရှိန်အဟုန်ဖြင့် အားကောင်းလာအောင် အလျှင်အမြန် အကူညီပေးရန် တိုက်တွန်းခြင်းဖြင့် တိုက်ခိုက်မှုများကို တုံ့ပြန်ခဲ့သည်။

“ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်က မလုံလောက်သေးပါဘူး၊ နောက်ထပ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ လိုအပ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်း၏ မဟာမိတ်များက Ohmatdyt ဆေးရုံကို တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်က ရုရှားသည် ယူကရိန်း အရပ်သားများကို ရက်စက်စွာ ပစ်မှတ်ထားသည်ဟု စွပ်စွဲခဲ့သည်။

ယူကေနိုင်ငံခြားရေးဝန်ကြီးသစ် ဒေးဗစ်လမီက “ ပူတင်ရဲ့ တရားမဝင်စစ်ပွဲအတွက် တာဝန်ရှိတဲ့သူတွေကို တာဝန်ခံဖို့ စာရင်းပြုစုထားရမှာပေါ့” ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က အဆိုပါ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ် (Stephane Dujarric) က ပြောကြားပြီး ကလေးဆေးရုံနှင့် အခြား ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မှုမှာ အထူး တုန်လှုပ်ဖွယ်ရာ တွေ့ရှိကြောင်း ပြောကြားခဲ့သည်။

“အရပ်သားတွေနဲ့ အရပ်ဘက်ပစ္စည်းတွေကို တိုက်ခိုက်မှုတွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေက တားမြစ်ထားပြီး ဒီလိုတိုက်ခိုက်မှုမျိုးဟာ လက်မခံနိုင်သလို ချက်ချင်းရပ်ဆိုင်းပစ်ရမယ်” ဟု ၎င်းက ဆိုသည်။

ယူကရိန်းနိုင်ငံရှိ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးစောင့်ကြည့်ရေးမစ်ရှင်က ရုရှား၏ လေကြောင်းစစ်ဆင်ရေးကို အသစ်ပြန်လည် လုပ်ဆောင်ခြင်းကြောင့် မကြာသေးမီလများအတွင်း အရပ်သားသေဆုံးမှုများ တိုးမြင့်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ မေလသည် တစ်နှစ်နီးပါးအတွင်း အရပ်သားသေဆုံးမှု အများဆုံးလဖြစ်သည်ဟု မကြာသေးမီက အစီရင်ခံစာတစ်စောင်က ဖော်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 10 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က