နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းမြို့ရွာများကို ရုရှားဒုံးပျံများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် မြို့တော်ကိ့ဗ်ရှိ ကလေးဆေးရုံကို ထိမှန်

ဇူလိုင်လ (၉) ရက်၊ ဘီဘီစီ နိုင်ငံခြားသတင်း။

ရုရှားဒုံးပျံများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် မြို့တော်ကိ့ဗ်ရှိ Ohmatdyt ကလေးဆေးရုံကို ထိမှန်ခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ရသည်။ ထိုဆေးရုံသည် ယူကရိန်း၏ အကြီးမားဆုံးသော ကလေးအထူးကု ဆေးရုံကြီးဖြစ်ပြီး ဒုံးပျံထိခိုက် ပေါက်ကွဲမှုကြောင့် ကြီးမားစွာ ပျက်စီးခဲ့ရသည်။ လူ ၃၆ယောက်သေဆုံးခဲ့ပြီး ၁၄၀ ခန့်ဒဏ်ရာ ရရှိခဲ့သည်ဟု သမတဗလာဒီမာဇလန်းစကီး၏ အတွင်းဝန် အင်ဒရေရာမတ် ဆိုသည်။

ရုရှားက မိမိတို့ဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်မှု မလုပ်ခဲ့ကြောင်း ငြင်းဆိုပြီး ထိုပေါက်ကွဲမှုသည် ယူကရိန်းလေကြောင်းကာကွယ်ရေး ဒုံးပျံမှအပိုင်းအစ ထိမှန်ခြင်းဖြစ်သည်ဟု ဆိုသည်။ ယူကရိန်းဘက်က ရုရှားခရုစ်ဒုံးကျဉ်အပိုင်းအစများကို ထိုနေရာတွင် ရှာဖွေတွေ့ရသည်ဟု ဆိုသည်။

ဆေးရုံမှ ဆရာဝန် လက်ဆီရာ လိုက်တာဆီရာ (Lesia Lysytsia) က ဒုံးကျည်ထိမှန်သည့်အခိုက်အတန့်တွင် “ရုပ်ရှင်ကားတစ်ကားမှာ ကြည့်ရသကဲ့သို အလင်းတန်းကြီး တစ်ခုမြင်လိုက်ရပြီး “ကြောက်စရာကောင်းတဲ့အသံကြီး” ကို ကြားခဲ့ရကြောင်း BBC ကို ပြောကြားခဲ့သည်။

“ဆေးရုံတပိုင်းဟာ ပျက်စီးသွားပြီး အခြားနေရာမှာ မီးတွေလောင်နေတယ် အများကြီးပျက်စီးသွားခဲ့တယ် ၆၀-၇၀%လောက် ပျက်စီးသွားမယ်လို့ ခန့်မှန်းရတယ်” ဟု သူမက ဆိုသည်။

ပုံများတွင် ကလေးငယ်များကို မြင်တွေ့နေရပြီး တချို့တွင် ဆေးသွင်းပိုက်များ ကိုယ်တွင် တပ်ဆင်ထားပြီး ဆေးရုံပြင်ပတွင် ထိုင်နေကြကာ ကယ်ဆယ်ပြောင်းရွေ့ခံယူရန် စောင့်နေကြသည်။ ကိ့ဗ်မြို့တော်ဝန် ဗစ်တာလီကလစ်ချကို (Vitaliy Klitschko) က ဆေးရုံတွင် သေဆုံးသွားသူနှစ်ဦးမှာ လူကြီးများဖြစ်ပြီးတဦးမှာ ဆရာဝန်ဖြစ်ကြောင်း ပြောပြသည်။ သူက ကယ်ဆယ်ရေးလုပ်နေသူများက ထိုအပျက်အစီးပုံအောက်တွင် လူများစွာ ပိနေမည်ကို စိုးရိမ်ကြောင်းဆိုသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

Omatodyt ကလေးဆေးရုံသည် ယူကရိန်းနိုင်ငံ၏ အကြီးဆုံးကလေးဆေးရုံဖြစ်ပြီး ကင်ဆာကုသမှုနှင့် ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုများကို ကုသပေးနေသည်။

“လောလောဆယ်တော့ လူနာတွေကို အနီးဆုံးဆေးရုံကို ရွှေ့ပြောင်းပေးနေပါတယ်။ ဒါပေမယ့် လူနာတော်တော်များများဟာ ပိုက်တပ်ပြီး အသက်ရှူစက်တွေ တပ်ထားရတာကြောင့် တခြားလူနာတွေနဲ့ မထိတွေ့နိုင်သလို အပြင်ထွက်လို့ မရဘူး” ဟု ဒေါက်တာ လက်ဆီရာ လိုက်တာဆီရာက ပြောပါတယ်။

တိုက်ခိုက်ခံရသည့် လူနာခန်းမှာ “ကလေး အယောက် ၂၀ လောက် ကုသခံနေရတယ်” ဟု ဆေးရုံတာဝန်ရှိသူတွေက ယူကရိန်း ရုပ်မြင်သံကြားဌာနကို ပြောပါသည်။

ထိုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ယူကရိန်း အမျိုးသမီး တင်းနစ်ကစားသမားအယ်လီနာ ဆဗစ်တိုလီနာ (Elina Svitolina) က တနင်္လာနေ့ သူမ၏ ဝင်ဘယ်ဒန်ကစားပွဲတွင် ဝမ်းနည်းကြောင်းအထိန်းအမှတ်အဖြစ် အနက်ရောင်ဖဲကြိုးကို ဝတ်ဆင်ကစားခဲ့သည်။

ကိ့ဗ် မြို့တော်ဝန် ကလစ်ချကို (Klitschko) က ရုရှားသည် ယူကရိန်းလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်နေသည်ဟု စွပ်စွဲခဲ့သည်။

“ရုရှားဒုံးကျည်တွေနဲ့ ‘ကာမီကာဇေးဒရုန်း’ တွေဟာ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့မြို့တွေမှာ ယူကရိန်းနိုင်ငံသားတွေကို ဘယ်လို သေဆုံးစေသလဲ ဆိုတာကို တစ်ကမ္ဘာလုံးက မြင်တွေ့နေရပြီဖြစ်ပါတယ်” ဟု ဆိုသည်။ မြို့တော်ဝန်ကဆက်လက်ပြီး ကိ့ဗ်မြို့ ဒိနီပရိုစကီးခရိုင် (Dniprovsky district ) ရှိ မီးယပ်နဲ့သွားဖွားဆေးရုံသည်လည်း ကျလာသည့် ဒုံးကျဉ်အစအနများကြောင့် တပိုင်းတစ ပျက်စီးသွားခဲ့ပြီး လူခုနှစ်ဦး သေးဆုံးသွားခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးသည် ကိ့ဗ်၊ ဒနီပရို (Dnipro)၊ ကာဗီရီ (Kryvyi)၊ ရစ်ချ (Rih)၊ စလိုယန်စ်ခ် (Slovyansk) နှင့် ခါမာတော့ခ် (Kramatorsk) အပါအဝင် မြို့အများအပြားရှိ အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများကို ဒုံးပျံ ၄၀ ထက်ပိုမို ထိမှန်ခဲ့ကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

ဇလန်းစကီးက “ရုရှားဟာ ကျွန်တော်တို့ရဲ့ လူမျိုး၊ ကျွန်ုပ်တို့ရဲ့ နယ်မြေနဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေကို အခုလို ပြန်လည်ထိုးနှက်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး” အနောက်နိုင်ငံများမှ ပြင်းထန်သော တုံ့ပြန်မှုတစ်ရပ်ကို ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ဒင်နီပရို (Dnipro) ၏ အုပ်ချုပ်မှု အကြီးအကဲ ဆာဂေး ရေဆက် (Sergiy Rysak) က မြို့တွင် လူတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အထပ်မြင့် အဆောက်အအုံများနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းကဆိုသည်။

အရှေ့ပိုင်း Donetsk ဒေသ၊ ပိုကရိုဗက်ခ်(Pokrovsk) တွင် လူ ၃ ဦး သေဆုံးခဲ့သည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရုရှားတပ်ဖွဲ့များသည် ဒွန်နက်ခ် (Donetsk) ဒေသရှိ ရွာအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့သို့ နှစ်ရက်ကြာ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ နိုင်ငံတော် ခရီးစဉ်အတွင်း ထိုရုရှား၏ နောက်ဆုံး ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မစ္စတာ မိုဒီသည် ၉ ရက်နေ့တွင် သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ယူကရိန်းလုံခြုံရေးဌာနက တိုက်ခိုက်ခံရတဲ့နေရာမှ စုဆောင်းရရှိထားသည့် ရုရှား Kh-101 ခရုဇ်ဒုံးကျည်၏ အပိုင်းအစများဟု ဖော်ပြထားသည့် ဓာတ်ပုံတွေကို ထုတ်လွှင့်ထားပါသည်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရပ်တမ် ယူမီရော့ဗ် (Rustem Umerov) က နိုင်ငံ၏မဟာမိတ်များအား ၎င်းတို့၏ လေကြောင်းရန် ကာကွယ်ရေး အရှိန်အဟုန်ဖြင့် အားကောင်းလာအောင် အလျှင်အမြန် အကူညီပေးရန် တိုက်တွန်းခြင်းဖြင့် တိုက်ခိုက်မှုများကို တုံ့ပြန်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်က မလုံလောက်သေးပါဘူး၊ နောက်ထပ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ လိုအပ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်း၏ မဟာမိတ်များက Ohmatdyt ဆေးရုံကို တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်က ရုရှားသည် ယူကရိန်း အရပ်သားများကို ရက်စက်စွာ ပစ်မှတ်ထားသည်ဟု စွပ်စွဲခဲ့သည်။

ယူကေနိုင်ငံခြားရေးဝန်ကြီးသစ် ဒေးဗစ်လမီက “ပူတင်ရဲ့ တရားမဝင်စစ်ပွဲအတွက် တာဝန်ရှိတဲ့သူတွေကို တာဝန်ခံဖို့ စာရင်းပြုစုထားရမှာပေါ့” ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က အဆိုပါ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ် (Stephane Dujarric) က ပြောကြားပြီး ကလေးဆေးရုံနှင့် အခြား ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မှုမှာ အထူး တုန်လှုပ်ဖွယ်ရာ တွေ့ရှိကြောင်း ပြောကြားခဲ့သည်။

“အရပ်သားတွေနဲ့ အရပ်ဘက်ပစ္စည်းတွေကို တိုက်ခိုက်မှုတွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေက တားမြစ်ထားပြီး ဒီလိုတိုက်ခိုက်မှုမျိုးဟာ လက်မခံနိုင်သလို ချက်ချင်းရပ်ဆိုင်းပစ်ရမယ်” ဟု ၎င်းက ဆိုသည်။

ယူကရိန်းနိုင်ငံရှိ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးစောင့်ကြည့်ရေးမစ်ရှင်က ရုရှား၏ လေကြောင်းစစ်ဆင်ရေးကို အသစ်ပြန်လည် လုပ်ဆောင်ခြင်းကြောင့် မကြာသေးမီလများအတွင်း အရပ်သားသေဆုံးမှုများ တိုးမြင့်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ မေလသည် တစ်နှစ်နီးပါးအတွင်း အရပ်သားသေဆုံးမှု အများဆုံးလဖြစ်သည်ဟု မကြာသေးမီက အစီရင်ခံစာတစ်စောင်က ဖော်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 70 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက