နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

လယ်ဒိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ ဒရုန်းတိုက်ခိုက်တာ‌တွေကြောင့် အရပ်သား(၂)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ဇူလိုင်လ (၁၀)ရက်။

လယ်ဒိုမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ ခလရ(၂၆၄)တပ်ရင်းနဲ့ ခမရ(၃၀၇)တပ်ရင်းတို့က လက်နက်ကြီးတွေအပါအ၀င် ဒရုန်းတွေနဲ့ အရပ်သားကျေးရွာတွေထဲ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇူလိုင်လ (၈)ရက်နေ့ နံနက်(၁၀)နာရီကနေ ညနေ(၅)နာရီအထိ စစ်ကောင်စီတပ်ရဲ့ ခလရ(၂၆၄)တပ်ရင်းက ၁၂၀မမ လက်နက်ကြီး ပစ်ခတ်တာကြောင့် တောင်ခင်ရွာဘက်(၆)လုံး၊ နွားရေကြောင်းရွာဘက် (၇)လုံး၊ လေးအိမ်စုရွာဘက် (၅)လုံးနဲ့ အလှိုင်ဘက် (၁)လုံး စုစုပေါင်း (၁၉)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ နေ့လယ် (၁၂)နာရီအချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခမရ(၃၀၇)တပ်ရင်းက လေးအိမ်စုကျေးရွာထဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်(၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ (၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်တွေ မီးလောင်ပြာကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နံနက် (၁၁)နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခလရ(၂၆၄)တပ်ရင်းက လက်နက်ကြီး ထပ်မံပစ်ခတ်တာကြောင့် လေးအိမ်စုရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သားနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ (၆)ရက်နေ့ ညနေ(၅)နာရီအချိန်ကလဲ စစ်ကောင်စီတပ်ရဲ့ ခမရ(၃၀၇)တပ်ရင်းက ၁၂၀မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ကာ ပေါက်ပင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မနေ့က နေ့လယ်(၁)နာရီနဲ့ (၂)နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ ခမရ(၃၀၇)တပ်ရင်းကနေ ဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သမင်အင်းကုန်းရွာရဲ့ ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ထားချက်အက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်သူ (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 0 Views
အောက်တိုဘာလ (၂၅)ရက်။ ရန်ကုန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူငယ် (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာသပိတ်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

SpaceX မှ မြန်မာ လိမ်လည်မှုစခန်းများ အသုံးပြုနေသော Starlink ကိရိယာ ထောင်ပေါင်း များစွာကို အသုံးပြု၍မရအောင် ပိတ်ဆို့လိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 49 Views
CNN – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် အီလွန် မတ်စ် (Elon Musk) ဦးဆောင်သည့်
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် အထူးစိုးရိမ်တယ်လို့ KIO ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 49 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အခုနှစ်ကုန် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် အထူးစိုးရိမ်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့
မြန်မာသတင်း

PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်မရဘူးလို့ သတင်းထွက်ပေါ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 39 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ‌ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဝင်ပြိုင်ခွင့်မရဘူးဆိုပြီး ‌သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)မှာ ဝင်ပြိုင်ဖို့ရှိနေပေမယ့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အမည်စာရင်းမှာ ပါဝင်လာတာမရှိဘူးလို့ ဆိုပါတယ်။ အခုလို
မြန်မာသတင်း

ကျားဖြန့်‌(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 25 Views
အောက်တိုဘာလ (၂၅)ရက်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်တဲ့ဖြစ်စဉ်တွေဟာ ဒေသထဲပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်၊ ယုတ်လျော့စေရုံသာမက ဦးစီးလုပ်ကိုင်သူတွေဟာ လူဆိုးဂိုဏ်းကြီးတွေအနေနဲ့ ကြီးထွားလာပြီး နိုင်ငံတကာအသိုက်အဝိုင်းရဲ့ အကျိုးစီးပွားကိုပါ ထိပါးလာတယ်လို့
မြန်မာသတင်း

ရေကြည်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးသူငယ်နဲ့ စစ်ဘေးရှောင်တွေအပါအဝင် ပြည်သူ (၂၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 28 Views
အောက်တိုဘာလ (၂၅)ရက်။ မနေ့က ရေကြည်မြို့ စပြင်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံးအပါအဝင် ဗုံး(၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မနေ့က စပြင်ရွာကို နံနက်(၁၁)နာရီခွဲမှာ ပေါင်(၅၀၀)ဗုံး (၂)လုံးနဲ့
မြန်မာသတင်း

CDF-Kanpetlet စစ်ဦးစီးချုပ် မင်္ဂလာ‌ဆောင် ဗုံးကြဲခံရပြီး ထိခိုက်သေဆုံးသူ အများအပြားရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 23 Views
အောက်တိုဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က ကန်ပက်လက်မြို့မှာ CDF-Kanpetlet စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာဆောင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ CDF-Kanpetlet ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာဆောင်ကျင်းပတဲ့နေရာကို
မြန်မာသတင်း

အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတာကို အဆုံးသတ်ဖို့ JFM တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 23 Views
အောက်တိုဘာလ (၂၄)ရက်။ အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတာကို အဆုံးဖြတ်ဖို့ Justice for Myanmar(JFM)က (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲ စစ်အုပ်စုရဲ့ မှားယွင်းတဲ့ နိုင်ငံရေးတရားဝင်မှု ဖန်တီးဖို့အတွက်