ဇူလိုင်လ (၁၀) ရက်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၇) ရက်နေ့က မကွေတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မြစ်ဆိပ်ကို ရေချိုးဆင်းလာတဲ့ ရဲတစ်ဦးကို လက်နက်ခဲယမ်းနဲ့ အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Generation Z Army တပ်ဖွဲ့ရဲ့ တာဝန်ခံဆီက သိရပါတယ်။
အဲ့ဒီရဲတပ်သားဟာ အသက် ၂၃ နှစ်အရွယ် ဖြစ်ပြီး နာမည်က ရဲထက်မြတ်ဖြစ်တယ်လို့ သိရပါတယ်။
သူရေချိုးဆင်းလာမယ်ဆိုတာကို ကြိုတင်သတင်းရထားတဲ့အတွက် စောင့်ဖမ်းခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ရဲတပ်သား ရဲထက်မြတ်ဆီက G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ 7.62 (G 3) ကျည် ၁၂ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ရဲတပ်သားကို စစ်သုံ့ပန်းဥပဒေနဲ့အညီ Generation Z Army မှာပဲ ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပြီး တခြားအဖွဲ့အစည်းတွေကိုတော့ အပ်မှာမဟုတ်သေးဘူးလို့ သိရပါတယ်။