ဇူလိုင်လ (၁၁)ရက်။
မြ၀တီမြို့မှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေ မပြုလုပ်ဖို့ စစ်ကောင်စီနဲ့အပစ်ရပ်ထားတဲ့ DKBA နဲ့ KNU/KNLA-PCတို့က တားမြစ်လိုက်တယ်လို့ သိရပါတယ်။
မြ၀တီမြို့ပေါ်က ဂိမ်းဆိုင်တွေပိတ်ဖို့ NCA လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂)ဖွဲ့ဖြစ်တဲ့ DKBA နဲ့ KNU/KNLA-PC တို့က မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတာလို့ ဆိုပါတယ်။
ထုတ်ပြန်ထားတဲ့ စစ်စည်းကမ်းဥပဒေအရ တပ်ဖွဲ့၀င်တွေအနေနဲ့ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကို လုံး၀(လုံး၀)မပြုလုပ်ကြဖို့ တားမြစ်ထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပြန်ထားတဲ့အမိန့်တွေကို မနာခံဘဲ ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူခံရမှာဖြစ်ပြီး အခုအမိန့်ဟာ ထုတ်ပြန်ပြီး (၂၄)နာရီကျော်လွန်ပါက အမိန့်တည်မြဲမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုလိုတားမြစ်အမိန့်ထုတ်ပြန်တာကို DKBA က တပ်ဖွဲ့၀င်တွေအားလုံးနဲ့ KNU/KNLA-PC က ဗျူဟာတပ်ရင်းဌာနဆိုင်ရာအားလုံးကို ညွှန်ကြားထားတာလို့ သိရပါတယ်။