နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

သန်းခေါင်စာရင်းကောက်တာကို အမျိုးသားရေးတာ၀န်အနေနဲ့ ဆောင်ရွက်ဖို့ ဒုစစ်ခေါင်းဆောင်ပြော

ဇူလိုင်လ(၁၂)ရက်။

သန်းခေါင်စာရင်းကောက်တာကို အမျိုးသားရေးတာ၀န်အနေနဲ့ အကောင်အထည်ဖော်ဖို့ ဒုစစ်ခေါင်းဆောင် စိုး၀င်းက မနေ့ကပြုလုပ်တဲ့ ကမ္ဘာ့လူဦးရေနေ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်းကောက်ယူတာဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့စီမံကိန်းတွေနဲ့ မူဝါဒတွေချမှတ်ဖို့ အရေးကြီးတဲ့ လူမှုစီးပွားဆိုင်ရာ အချက်အလက်တွေရရှိမယ့် တခုထဲသော စီမံကိန်းလုပ်ငန်းလို့ ဆိုပါတယ်။

အဲ့ဒီသန်းခေါင်စာရင်းကောက်ယူတာဟာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ မဲစာရင်း မှန်ကန်စေဖို့ကိုလဲ အထောက်အကူဖြစ်စေမယ်လို့ သူက ထပ်မံပြောဆိုထားပါသေးတယ်။

စစ်ကောင်စီက လာမယ့် အောက်တိုဘာလ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ဖို့ စီစဉ်နေကာ လာမယ့်နှစ်ထဲ ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်းကောက်တဲ့အခါ လုံခြုံရေးအရ လိုအပ်ချက်တွေရှိတဲ့ နေရာတွေအတွက် ရက်တိုးမြှင့်ကောက်ယူသွားဖို့ကိုလဲ စစ်ကောင်စီက ညွှန်ကြားထားပါသေးတယ်။

နိုင်ငအနှံ့အပြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်တာဟာ နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာလို့ သုံးသပ်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ ဝ” တောင်ပိုင်းရှိ တပ်စခန်း (၉)ခုကို ထိုင်းဘက်က ဖယ်ရှားခိုင်းထားတာကို UWSA အတည်ပြု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 0 Views
နိုဝင်ဘယလ (၂၆)ရက်။ “ ဝ” ပြည်နယ်တောင်ပိုင်းရှိ UWSA ရဲ့ တပ်စခန်း (၉)ခုကို ထိုင်းနိုင်ငံဘက်က ဖယ်ရှားခိုင်းထားတယ်လို့ UWSA
မြန်မာသတင်း အရှေ့တောင်အာရှ

တရုတ်နဲ့ထိုင်းထောက်ခံမှုအောက်က စကစခြေလှမ်း။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 17 Views
တရုတ်နဲ့ထိုင်းထောက်ခံမှုအောက်က စကစခြေလှမ်း။ ဒီအပတ်ခေတ်မျက်လုံးရဲ့ ထိုင်းအတွေးနဲ့ မြန်မာ့အရေးမှာ စတီဗင်စန်းယုက ထိုင်းနိုင်ငံတွင်း နိုင်ငံရေးမှာယခင်ဝန်ကြီးချုပ်ဟောင်းတပ်ဆင်ရှင်နာဝပ်ကိုတရားဆွဲဆိုတာမအောင်မြင်ဖြစ်ခဲ့တာအပြင်တရုတ်နိုင်ငံနဲ့မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ပူးပေါင်းလုပ်ဆောင်လာမှုအပေါ်သူ့အမြင်သဘောထားကိုတင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် အသွားအလာ ကန့်သတ်မယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 17 Views
နိုဝင်ဘာလ (၂၅)ရက်။ နိုဝင်ဘာလ (၂၆)ရက်နေ့ကစပြီး ထိန်းချုပ်စိုးမိုးထားတဲ့ ဒေသတွေမှာ ယာယီ သွားလာတာတွေ စတင်ကန့်သတ်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF ထိန်းချုပ်စိုးမိုးတဲ့ဒေသတွေဖြစ်တဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း လမ်းပိုင်းတွေကို
မြန်မာသတင်း

ရန်ကုန် လှည်းကူးမြို့မှာ ညမထွက်ရအမိန့် စစ်ကောင်စီ အချိန်ထပ်တိုးထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 17 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့ကစပြီး ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရအမိန့်ကို အချိန်ထပ်တိုး ထုတ်ပြန်ထားတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကြေညာတာတော့ မနေ့ကညပိုင်းကထဲက အသံချဲ့စက်နဲ့ လိုက်အော်နေတာ။ ထုံးစံအတိုင်းပဲပေါ့ မြို့နယ်အေးချမ်းတည်ငြိမ်ရေးကို ပျက်ပြားအောင်လုပ်တယ်ဆိုပြီး
1027 Operations မြန်မာသတင်း

စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 19 Views
နိုဝင်ဘာလ (၂၅)ရက်။ နှစ်ဖက်စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်လို့ TNLA ရဲ့ ဒီ‌ကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းဒေသတိုက်ပွဲထဲ စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ခံစားရတဲ့ ပြည်သူတွေကို ငဲ့ညာထောက်ထားတာ၊ အပစ်ရပ်ဖို့ ကြိုးစားနေတဲ့ တရုတ်အစိုးရရဲ့
မြန်မာသတင်း

မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာအားလုံးနီးပါး စစ်ဘေးရှောင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 11 Views
နိုဝင်ဘာလ (၂၅)ရက်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မတ္တရာမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ စကစက လေကြောင်းတွေ လက်နက်ကြီးတွေနဲ့ ရွာတွေထဲဝင်ပြီး မီးရှို့နေတာဆိုတော့ မတ္တရာအနောက်ခြမ်းက ရွာတွေအကုန်လုံးနီးပါး စစ်ဘေးရှောင်နေရတာ။ အရပ်သား
မြန်မာသတင်း

ကရင်နီဒေသထဲ စစ်ကောင်စီကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 13 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီဒေသထဲ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်း သေဆုံးပြီး (၃၃၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုနှစ်ထဲမှာ စစ်ကောင်စီကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး
မြန်မာသတင်း

ထားဝယ်ခရိုင်ထဲက PDF တပ်ရင်းနဲ့ ပကဖတွေပူးပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 9 Views
နိုဝင်ဘာလ (၂၅)ရက်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ PDF တပ်ရင်းအချို့နဲ့ မြို့နယ်ပကဖတွေ ‌ပူးပေါင်းကာ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ရင်းတို့အပါအဝင် ထားဝယ်၊