ဇူလိုင်လ (၁၂)ရက်။
ဇူလိုင်လ (၉)ရက်နေ့ နံနက်(၁၁)နာရီခန့်က စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းဟာ ကော့ကရိတ်မြို့နယ်ထဲကို အတွဲလိုက် မစ်ဇိုင်းဒုံးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက ရမ်းသန်းပစ်ခတ်လိုက်တဲ့ အတွဲလိုက် မစ်ဇိုင်းဒုန်းတွေဟာ ကော့ကရိတ်မြို့၊ ထီးမူးထရွာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ထီးမူထရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၅)နှစ်အရွယ်နဲ့ (၁၁)နှစ်အရွယ် ကလေးနှစ်ဦးအပါအ၀င် (၃)ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကာ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာမှာ ရွာထဲက ပြည်သူနေအိမ် (၁၂)လုံးအပါအ၀င် ကားအချို့နဲ့ အိမ်သုံးပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ဇူလိုင်လ (၄)ရက်၊ (၆)ရက်၊ (၇)ရက်နဲ့ (၈)ရက်တို့ကလဲ မူးမြို့ထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နတ်သံကွင်း၊ ရေအိုးစင်၊ ပျဉ်းမပင်နဲ့ ရွာမကြီးတို့ကို ကျရောက်ခဲ့ကာ အရပ်သား(၂)ဦးထိခိုက်ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ နေ့တိုင်း ထိခိုက်ပျက်စီးနေရပြီး ကြောက်ရွံ့ထိတ်လန့်စွာနဲ့ နေထိုင်နေရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။