ဇူလိုင်လ (၁၃)ရက်။
မတ္တရာမြို့မှာ စစ်ကောင်စီက ဒရုန်းအပါအ၀င် လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၆)ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ wetlet information network ထံက သိရပါတယ်။
မနေ့က ည(၉)နာရီ (၄၀)မိနစ်ချိန်မှာ မတ္တရာမြို့၊ ဇီးဖြူပင်ဘောင်ကြီးကနေ စစ်ကောင်စီတပ်က တောင်တံငါအနီးရှိ အုတ်စက်ပေါ်ကို ဒရုန်းတစ်စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာကြောင့် မိသားစု၀င်တွေဖြစ်တဲ့ အသက် (၂၀)နှစ်အရွယ် အမျိုးသားတစ်ဦးအပါအ၀င် (၃)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့ နံနက် (၁၂)နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က မတ္တရာမြို့အရှေ့ခြမ်းရှိ သန်းကုန်းရွာနဲ့ ကျွန်းပင်ရွာအနီးကို တံတားဦးဘက်ကနေ ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အထဲ ကျွန်းပင်ရွာရှိ အရပ်သား (၃)ဦး သေဆုံးခဲ့ရကာ (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် မနေ့ ည(၈)နာရီခွဲကလဲ ဆားတောင်ရွာပေါ်ကို စစ်ကောင်စီရဲ့ တံတားဦးလေတပ်ကနေ Y12 ထောက်ပို့လေယာဉ်နဲ့ (၃၁)ကြိမ်နဲ့ ဗုံးသီးအလုံးရေ (၈၂)လုံးခန့် ကြဲချခဲ့တယ်လို့ သိရပါတယ်။