Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 27 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

ဇူလိုင်လ (၁၄)ရက်။

တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အပျက်အစီးများခဲ့တဲ့ လွိုင်ကော်မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်မြို့ထဲက စာသင်ကျောင်းအချို့ကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပြီး တက္ကသိုလ်တွေနဲ့ စာသင်ကျောင်းတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။

လွိုင်ကော်မြို့မှာ စစ်ကောင်စီယန္တရား ပြန်လည်ပတ်နိုင်ဖို့ ပြည်နယ်အဆင့်၀န်ကြီးဌာနတွေနဲ့ အရေးကြီးအဆောက်အဦတွေအပါအ၀င် လွိုင်ကော်လေဆိပ်နဲ့ တက္ကသိုလ်တို့ကို ပြင်ဆင်တာတွေပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုအခါ လွိုင်ကော်ဒေသဟာ ပုံမှန်အခြေအနေတိုင်း တည်ငြိမ်အေးချမ်းလာပြီဖြစ်တာကြောင့် ဒေသခံတွေ ပြန်လည်၀င်ရောက်နေထိုင်နေပြီလို့ စစ်ကောင်စီက ပြောဆိုထားပါသေးတယ်။

လွိုင်ကော်မြို့မှာ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်ဖို့အတွက် ဌာနဆိုင်ရာ၀န်ထမ်းတွေကို ဩဂုတ်လနောက်ဆုံးထားပြီး တာ၀န်ပြန်လည်ထမ်းဆောင်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

အခုလဆန်းပိုင်းကလဲ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့သေးပြီး မြို့ထဲကို နေရပ်ပြန်လည်နေထိုင်ကြသူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိကြဖို့ သတိပေးပြောဆိုတာတွေ ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ အားထုတ်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
ဇွန်လ (၂၆)ရက်။ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ အားထုတ်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း မူးယစ်ဆေးဝါးအသစ်တွေ နေရာအနှံ့ပျံ့နှံ့လာတယ်လို့ RCSS ပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
ဇွန်လ (၂၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း ဘိန်းအပါအဝင် စိတ်ကြွဆေးပြား၊ ICE နဲ့ မူးယစ်ဆေးဝါးအသစ်တွေ နေရာအနှံ့ ပျံ့နှံလာတယ်လို့ RCSS ရဲ့
မြန်မာသတင်း

ဖားဆောင်းမြို့ရှိ မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား (၇)ဦးသေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန် ကရင်နီပြည် ဖာဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မော်ချီး တောင်ပေါ် (၁၂)ရပ်ကွက်ဘက်ကို စကစတပ်က လေကြောင်းဗုံးကြဲတာ။
မြန်မာသတင်း

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ရွေးကောက်ပွဲဝင်ကြဖို့ စစ်ခေါင်းဆောင် ထပ်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ရွေးကောက်ပွဲဝင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေအနေနဲ့ လက်နက်ကိုင်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး
မြန်မာသတင်း

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီစခန်း (၉)ခု တိုက်ခိုက်ခံရပြီး (၂၀)ကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၅)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီစခန်း(၉)ခုကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီအခြေချတပ်စွဲထားတဲ့ စခန်း (၉)ခုကို PDF စစ်ဆင်ရေးနယ်မြေ(၂)ကွပ်ကဲမှုအောက်ရှိ
မြန်မာသတင်း

မိတ္ထီလာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ မနေ့က ညနေ (၆)နာရီအချိန် မိတ္ထီလာမြို့ အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ တောင်သာပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ စကစရဲ့ တပ်မ(၉၉)လက်အောက်ခံ
မြန်မာသတင်း

မိုင်းငေါ့ရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA က ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 47 Views
ဇွန်လ (၂၅)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က မိုင်းငေါ့မြို့ မန်ပွန်းရွာအနီးရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ် “ ညနေ(၄)နာရီ (၂၀)မိနစ်လောက်က လူအင်အား
မြန်မာသတင်း

ထိုင်းမှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီထံ ပြန်ပို့ခံရကာ စစ်မှုထမ်းနေရသူ (၄)ဦး PDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 32 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၁၈)ရက်နေ့က ပလောက်မြို့ အမှတ်(၁၂) စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်း‌ဗဟို ၁၂)က လူငယ် (၄)ဦး အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၄)ဦးဟာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်(၁၁)အနေနဲ့ အဓမ္မစုဆောင်းခံရသူတွေဖြစ်ပြီး