နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်

1027 Operations

1027 Operations မြန်မာသတင်း

အပစ်ရပ်ဖို့ပြောဆိုထားပေမယ့် စစ်ကောင်စီရဲ့ ပစ်ခတ်တာကြောင့် ကျောက်မဲမြို့မှာ အရပ်သားတစ်ဦးသေဆုံးခဲ့

ဇူလိုင်လ (၁၅)ရက်။

ဒီကနေ့ နေ့လယ် (၃)နာရီခန့်က ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီး အလုံး(၃၀)ခန့် ပစ်ခတ်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးတွေဟာ နမ့်ဟူးတောင်အထက်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ကာ အဖွားအိုတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ရပ်ကွက်(၉)ကိုလဲ ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင်လ (၁၄)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ တဖက်သတ်အပစ်ရပ်ဖို့ TNLA က ပြောဆိုထားပေမယ့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာလို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လယ် (၃)နာရီကလဲ သိန္နီမြို့လမ်းဆုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။

ရှမ်းမြောက်တိုက်ပွဲ (၂၁)ရက်တာကာလထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် အရပ်သား (၆၇)ဦးသေဆုံးကာ (၁၀၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အမေရိကန်ရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး ညှိနှိုင်းသွားမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 0 Views
ဇူလိုင်လ (၉)ရက်။ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး စာပေးပို့လာတဲ့အပေါ် ညှိနှိုင်းတာတွေ ဆောင်ရွက်သွားမယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့
မြန်မာသတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 0 Views
ဇူလိုင်လ (၉)ရက်။ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာဖို့ NUG သမ္မတရုံးက မနေ့က ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA ပူးပေါင်းတပ်‌တို့ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 26 Views
ဇူလိုင်လ (၈)ရက်။ မနေ့က မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသုခတပ်စခန်းဟာ ထိုင်းနိုင်ငံနယ်စပ်မျဉ်းပေါ်မှာရှိပြီး KNLA တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း (၁၀)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက
မြန်မာသတင်း

မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 24 Views
မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့ ဇူလိုင်လ (၈)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီက တပြိုင်ထဲ
မြန်မာသတင်း

မြစ်ကြီးနားရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 23 Views
ဇူလိုင်လ (၈)ရက်။ မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဖြစ်တာကတော့ စီတာပူရပ်ကွက်ထဲက စကစအဖွဲ့ဝင် ဒေါ်ဒွဲဘူနေအိမ်
မြန်မာသတင်း

ဖယ်ခုံအနောက်ဘက်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ကလေးငယ်တစ်ဦးအပါအဝင် စစ်ရှောင်မိသားစုဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 22 Views
ဇူလိုင်လ (၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ဖယ်ခုံအနောက်ဘက်ရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။ “ ဖယ်ခုံအနောက်ဘက်က စစ်ရှောင်စခန်းကို စကစက လေကြောင်းကနေ ဗုံးကြဲတာ။ (၃)လုံး (၁)နေရာနဲ့
မြန်မာသတင်း

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 28 Views
မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ ဇူလိုင်လ (၇)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်ခန့်က မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို လက်ပစ်ဗုံးနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army(TPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

နောင်ချိုမြို့ရှိ ‌ကျေးရွာအချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 23 Views
ဇူလိုင်လ (၇)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ်ရှိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊