နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဇာနည်နေ့မှာ ဟွန်းတီးတာ၊ ဥဩဆွဲတာ၊ သတိဆွဲအလေးပြုတာနဲ့ ချီတက်ဂါရ၀ပြုကြဖို့ သပိတ်အင်အားစုတွေတိုက်တွန်း

ဇူလိုင်လ (၁၅)ရက်။

ဇူလိုင် (၁၉)ရက်မှာကျရောက်မယ့် (၇၇)နှစ်မြောက် အာဇာနည်နေ့မှာ ဟွန်းတီးတာ၊ ဥဩဆွဲတာအပါအ၀င် သတိဆွဲအလေးပြုတာနဲ့ ချီတက်ဂါရ၀ပြုကြဖို့ သပိတ်အင်အားစုတွေက ဒီကနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

အခုအချိန် ဖက်ဆစ်အကြမ်းဖက်အုပ်စုဟာ သမိုင်းတလျှောက် အခက်အခဲဆုံးနဲ့ အကြပ်အတည်းဆုံးကို ရင်ဆိုင်နေရကာ ပြိုမှတ်ကို ရောက်နေပြီဖြစ်တာကြောင့် ဆုံးမှတ်ထိရောက်ဖို့ ဆက်တွန်းရမှာ ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာ၀န်လို့ ဆိုပါတယ်။

မြန်မာပြည်တော်လှန်ရေးရဲ့ အခုအခြေအနေက အဆုံးသတ်တိုက်ပွဲကို အာဇာနည်စိတ်၊ အာဇာနည်သွေးအပြည့်နဲ့ မော်ကွန်းရေးထိုးရမှာဖြစ်ပြီး စစ်ရေးတိုက်ပွဲအရှိန်တွေနဲ့အတူ လူထုတိုက်ပွဲတွေကိုလဲ တိုးမြှင့်ဖော်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

လာမယ့် ဇူလိုင်လ (၁၉)ရက်နေ့ဟာ (၇၇)နှစ်မြောက် အာဇာနည်နေ့ဖြစ်သလို ဗိုလ်ချုပ်တို့လို တိုင်းပြည်နဲ့ လူထုအတွက် အသက်ပေးဆပ်သွားကြတဲ့ အခြားအာဇာနည်ပုဂ္ဂိုလ်ကြီးများစွာ မြန်မာပြည်မှာ ရှိတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် ဂုဏ်ပြုအပ်တဲ့ အာဇာနည်ပုဂ္ဂိုလ်တွေကို ဂုဏ်ပြဖို့ ဇူလိုင်လ (၁၉)ရက်နေ့ နံနက် (၁၀)နာရီ (၃၇)မိနစ်အချိန်မှာ ကား၊ ဆိုင်ကယ်တွေပေါ်ကနေ ဟွန်းတီးကြဖို့နဲ့ အိမ်ထဲ၊ ဆိုင်ထဲရောက်နေသူတွေ သတိဆွဲအလေးပြုတာအပြင် နီးစပ်ရာ ဗိုလ်ချုပ်ကျောက်တိုင်တွေဆီ ချီတက်ဂါရ၀ပြုဖို့ တိုက်တွန်းထားပါတယ်။

အခုနွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ဆက်လက်ကဗ္ဗည်းရေးထိုးကာ အဆုံးသတ်ပန်းတိုင်ကို ပြည်သူအားလုံးပါ၀င်တဲ့ လူထုတိုက်ပွဲ၊ လူထုအထွေထွေအုံကြွတာနဲ့သာ စောလျင်စွာရောက်ရှိမှာလို့ ပြောဆိုထားပါတယ်။

(၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်ရှိ အာဇာနည်ကုန်းနဲ့ ဗိုလ်ချုပ်ပြတိုက်တို့မှာ ကျင်းပသွားဖို့ စစ်ကောင်စီကလဲ ပြင်ဆင်နေပြီး လုံခြုံရေးတင်းကြပ်သွားဖို့ ပြောဆိုတာတွေရှိနေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 9 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 12 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 9 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 10 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတာ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအရ တရားဝင်မှုရယူလိုတာကြောင့်လို့ NLD ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 9 Views
မေလ (၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာက မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အနေနဲ့ ပြောင်းရွှေ့ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ကြေညာတာတို့ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 33 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲတာလဲ ဆိုတဲ့အကြောင်းနဲ့ တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်အပေါ် ဘယ်လို ကစားကြမလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့
မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 26 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက နေပြည်တော်ကိုလာတဲ့အချိန် အန်တီနဲ့ တွေ့သွားတယ်။ ဒါပေမယ့် အဲ့သတင်းက နှစ်ဖက်စလုံးက မထုတ်ပြန်ဘူး။ အိန်တီလဲ
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 25 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်မြို့ထဲ အာဏာရှင်ရဲ့ လုံခြုံရေးအစီအမံကို