နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ CRPH ထုတ်ပြန်

ဇူလိုင်လ (၁၉)ရက်။

အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ CRPH ရဲ့ ဒီကနေ့ (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စုစည်းမှု၊ ညီညွတ်မှုအင်အားတွေ ခိုင်မာစွာ တည်ဆောက်နေတဲ့ နွေဦးတော်လှန်ရေး အောင်မြင်မှုတွေကို အဆင့်ဆင့်ဖော်ဆောင်နေကာ ဒီမိုကရေစီစံနှုန်းတွေပြည့်၀တဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို မဝေးတဲ့ကာလမှာ ကြိုးစားတည်ထောင်နိုင်မယ်လို့ ဆိုပါတယ်။

ဒီကနေ့အချိန်အထိ စစ်အာဏာရှင်တွေရဲ့ ချယ်လှယ်ချုပ်ကိုင်တာတွေနဲ့ တိုင်းရင်းသားပြည်သူအားလုံးတို့ဟာ ခေတ်ဆိုး၊ စနစ်ဆိုးကာလတွေ တွေ့ကြုံခံစားရကာ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်လို့ ဖော်ပြထားပါတယ်။

သမိုင်းဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပြီး အာဇာနည်သူရဲကောင်းတို့ မပြီးပြတ်သေးတဲ့ အာဏာရှင်စနစ် ပျက်သုဉ်းရေး လုပ်ငန်းစဉ်တွေကို အပြီးသတ်အောင်မြင်စေဖို့ ကြိုးစားရမှာက အားလုံးရဲ့တာ၀န်ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အသက်သွေးချွေးရင်းနှီးပေးဆပ်တာ၊ ကိုယ်ကျိုးစွန့်အနစ်နာခံတာ၊ လေးစားဂုဏ်ယူဖွယ်ရာ စိတ်ဓါတ်ခံယူချက်တွေနဲ့အတူ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်းတွေကို အောက်မေ့သတိရကာ ဦးညွတ်ဂုဏ်ပြုတယ်လို့ ပြောဆိုထားပါတယ်။

ဒီကနေ့ အာဇာနည်နေ့မှာ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးတွေ၊ ခေတ်အဆက်ဆက် တရားမျှတမှုအတွက် အ‌သက်ပေးဆပ်တိုက်ပွဲ၀င်ပြီး ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ နွေဦးတော်လှန်ရေးထဲ ပူးပေါင်းပါ၀င်နေတဲ့ ပြည်သူလူထုကို ဂုဏ်ယူလေးစားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆားလင်းကြီးနယ်ထဲ စစ်တပ်ရဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ပြည်သူသောင်းနဲ့ချီ တိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 13 Views
အောက်တိုဘာလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့မြောက်ဘက်ခြမ်းရှိ မြန်မာဝမ်ပေါင်အနီးက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းထံက သိရပါတယ်။ “
မြန်မာသတင်း

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 16 Views
အောက်တိုဘာလ (၁၈)ရက်။ TNLA သိမ်းပိုက်ထားတဲ့ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့
မြန်မာသတင်း

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 19 Views
အောက်တိုဘာလ (၁၈)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၉)နာရီအချိန်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ကန့်ဘလူခရိုင်-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီဇနီးမောင်နှံက ကောလင်း ညောင်ကုန်းရွာကနေ တန့်ဆည်ဘက်ကို
မြန်မာသတင်း

NCA နှောင့်နှေးရတာက NLD အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြောင့်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 20 Views
အောက်တိုဘာလ (၁၈)ရက်။ NCA နှောင့်နှေးရတာက NLD အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ NCA ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့
မြန်မာသတင်း

နတ်ရေကန်ဗျူဟာကုန်းကနေ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေရှိတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 21 Views
အောက်တိုဘာလ (၁၈)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကနေ ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ အလံဖြူထောင် အလင်းဝင်သူတွေ ရှိနေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထိုးစစ်ဆင်နေတဲ့ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲကနေ ကစဉ့်ကလျားထွက်ပြေးလာတဲ့ စကမတပ်ဖွဲ့ဝင်တွေကို
မြန်မာသတင်း

သီပေါမြို့ထဲ နယ်မြေဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 37 Views
အောက်တိုဘာလ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ထဲကို နယ်မြေဝင်ရောက်ရှင်းလင်းခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းတွေဟာ သီပေါမြို့နဲ့ ဒေသတဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေကာ မြို့အဝင် တိုးဂိတ်ကိုရောက်ရှိချိန် မြို့ထဲ
မြန်မာသတင်း

တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေ တိုးမွေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 34 Views
အောက်တိုဘာလ (၁၇)ရက်။ တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေကို တိုးမြှင့်မွေးမြူဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တိုင်း/ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဥပမာအနေနဲ့ ရန်ကုန်တိုင်းမှာ လူဦးရေ (၇)သန်းရှိပြီး လူဦးရေတဝက်က
မြန်မာသတင်း

နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာတွေကို AA ထိုးစစ်ဆင်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 29 Views
အောက်တိုဘာလ (၁၇)ရက်။ မကွေးတိုင်း အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာတွေကို ထိုးစစ်ဆင်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် လက်ကျန်နေရာတွေကို ထိုးစစ်ဆင်နေသလို ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောက်စီတပ်ဖွဲ့တွေနဲ့