နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂန့်ဂေါမြို့မှာ မူးယစ်သံသယရှိသူကို ပလဖက ဖမ်းဆီးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ အလောင်းလာယူဖို့ မိသားစု၀င်တွေကို အကြောင်းကြား၊ မိသားစု၀င်တွေကို ကျေအေးတဲ့လက်မှတ်ထိုးဖို့ ပအဖပြောဆိုခဲ့

ဇူလိုင်လ (၂၂)ရက်။

ဂန့်ဂေါမြို့၊ ကျွန်းဒတ်ရွာမှာ မူးယစ်ဆေးဝါးရောင်း၀ယ်သူလို့ သံသယရှိတဲ့ ဦးဆန်းလွင်ဆိုသူကို NUG ရဲ့ မြို့နယ်ပလဖအဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး (၅)နာရီခန့်အကြာမှာ အလောင်းလာယူဖို့ မိသားစု၀င်တွေကို အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ (၁၆)ရက်နေ့က ဂန့်ဂေါမြို့နယ် မြောက်ပိုင်းတနေရာမှာ ပလဖတာ၀န်ခံနဲ့ တော်လှန်ရေးတပ်တွေက လုံခြုံရေးအရ ဂိတ်ဖွင့်စစ်ဆေးနေချိန် ကျောတိုက်နဲ့ မိုးကောင်းရပ်ကွက်ကနေ အမျိုးသား (၂)ဦးနဲ့ အမျိုးသမီးတစ်ဦးကို မသင်္ကာတာကြောင့် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်တွေအရ မူးယစ်ဆေးဝါးတွေကို ကျွန်းဒတ်ရွာနေ ဦးဆန်းလွင်ထံက ၀ယ်ယူခဲ့တယ်လို့ ထွက်ဆိုခဲ့တာကြောင့် ပလဖရဲဘော် (၄)ဦးနဲ့ ကျေးရွာပကဖတာ၀န်ခံတို့က ဦးဆန်းလွင်နေအိမ်ကို သွားရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

သွားရောက်ဖမ်းဆီးချိန် ဦးဆန်းလွင်ဟာ နေအိမ်မှာမရှိတာကြောင့် စောင့်ဆိုင်းခဲ့ရာ ပြန်မလာတဲ့အတွက် ဦးဆန်းလွင်ရဲ့ ဇနီးဖြစ်သူကို လက်ထိပ်ခတ်ဖမ်းဆီးခဲ့ပြီး နေအိမ်ကို ရှာဖွေခဲ့ချိန် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေ မတွေ့ရှိခဲ့ဘူးလို့ ရေးသားထားပါတယ်။

“ သူတို့ဖမ်းချင်တာ ဦးဆန်းလွင်ကိုပါ၊ သူ့အမျိုးသမီးနဲ့မဆိုင်တာကြောင့် ပြန်လွှတ်ပေးဖို့နဲ့ ဦးဆန်းလွင် ပြန်လာရင် တာ၀န်ယူပြီး ပို့ဆောင်ပေးမယ်လို့ ကျေးရွာပအဖတာ၀န်ခံအဖွဲ့က ပြောဆိုခဲ့တာကြောင့် ဇနီးသည်ကို ပြန်လွှတ်ပေးခဲ့တာပါ။ (၁၇)ရက်နေ့ ဦးဆန်းလွင်ပြန်လာတော့ သူ့အမှားကို ၀န်ခံမယ်၊ အဖမ်းခံမယ်ဆိုလို့ ပလဖတာ၀န်ခံရှိတဲ့နေရာကို ပို့ဆောင်ခဲ့ပါတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဦးဆန်းလွင်ကို ဇူလိုင်လ (၁၇)ရက်နေ့ နံနက် (၁၀)နာရီခန့်မှာ သွားရောက်ပို့ဆောင်ခဲ့ကာ ပလဖတာ၀န်ခံက ရိုက်နှက်တာတွေ ပြုလုပ်မှာမဟုတ်ဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်မှာဖြစ်သလို စစ်ဆေးချက်တွေရရှိပါက ပြစ်မှုအတိုင်း ပြစ်ဒဏ်ကျခံရမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပြောဆိုခေါ်ဆောင်သွားပြီးတဲ့နောက် နေ့လယ် (၃)နာရီခန့်မှာတော့ ဦးဆန်းလွင်ရဲ့အလောင်းကို လာယူဖို့ မိသားစု၀င်တွေဆီ အကြောင်းကြားခဲ့တယ်လို့ သိရပြီး ဦးဆန်းလွင်ရဲ့ ခန္တာကိုယ်ပေါ်မှာ ရိုက်နှက်ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဦးဆန်းလွင်ဟာ အတက်ရောဂါနဲ့ သွေးတိုးရောဂါရှိတာကို မသိရှိခဲ့ရဘဲ (၂)တောင်အထွာခန့်ရှိ ရေပိုက်နဲ့ ရိုက်နှက်စစ်ဆေးခဲ့ရာက အတက်ဝေဒနာခံစားရပြီး (၁၅)မိနစ်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ ပလဖတာ၀န်ခံက ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မြို့နယ်ပအဖအဖွဲ့က ဦးဆန်းလွင်ရဲ့နေအိမ်ကို ရောက်ရှိလာခဲ့ပြီးနောက် ဆေးအမှုကို ဆက်လက်မပြုလုပ်တော့ဘဲ ဦးဆန်းလွင်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ကျေအေးပေးဖို့ ဇနီးဖြစ်သူကို လက်မှတ်ထိုးပေးရန် ပြောဆိုခဲ့ပါတယ်။

အခုလို ဦးဆန်းလွင်သေဆုံးခဲ့တဲ့အပေါ် မိသားစု၀င်တွေနဲ့ ဒေသခံတွေက ပါ၀င်ပတ်သက်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ လိုလားနေကြကာ အခုဖြစ်ရပ်ကြောင့် ကာကွယ်ရေးတပ်တွေအပေါ် အမြင်မကြည်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 43 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 44 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 44 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 35 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 36 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 36 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ