နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော်လေတပ်စခန်း တိုက်ခိုက်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

ဇူလိုင်လ (၂၂) ရက်။

နေပြည်တော်လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သူ (၁၇)ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နေပြည်တော်လေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာမှာ ပါ၀င်သူတွေဖြစ်တဲ့ ဟေမန်ကျေးရွာနေ ပြည့်ဖြိုးအောင် (ခ) နောက်စေ့နဲ့ သက်ခိုင်ထွန်း(ခ)ကိုသက်တို့ကို ကနဦး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

သူတို့ကို စစ်ဆေးချက်တွေအရ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဆက်စပ်သူ (၁၅) ဦးကို စစ်ဆေးနေပြီး ဖမ်းဆီးရမိသူတွေကို အရေးယူနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီက နေပြည်တော်လေတပ်ကို တိုက်ခိုက်ခဲ့သူ (၁၇)ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပေမယ့် ဖမ်းဆီးခံရသူတွေဟာ သာမန်ရွာသားတွေသာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကို တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေအားလုံး ဖမ်းဆီးခံရတာ မရှိဘဲ ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ စစ်ဆင်ရေးထဲပါ၀င်တဲ့ MKCDF က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၁၆) ရက်နေ့က နေပြည်တော် ဧလာလေတပ်စခန်းကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံး (၅) လုံးနဲ့ ပစ်ခတ်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့၀င် (၃၀) ကျော်သေဆုံးပြီး လေယာဉ် (၃) စင်းနဲ့ အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဖမ်းဆီးတယ်လို့ ပြောပြီး ဒီလူတွေဟာ တကယ်ပဲ ပစ်ခတ်ခဲ့တာလား ဆိုတာကို မသိနိုင်ပေမယ့် စစ်ကောင်စီရဲ့ လုပ်ရပ်အတိုင်း ရိုက်နှက် နှိပ်စက်စစ်ဆေးပြီး တဖက်သတ်ဝန်ခံချက် ရယူမှာကတော့ သေချာနေပါတယ်။ ဒီလူတွေ သေဆုံးခဲ့ရင် စစ်ကောင်စီရဲ့ တာဝန်သာဖြစ်ပြီး ဒီကိစ္စတွေကို တာဝန်ယူရမှာ ဖြစ်တယ်။ ဒီလိုပဲ NUG ဘက်မှာလည်း ဗကသ ကျောင်းသားကို သတ်ဖြတ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးသွားတဲ့ကိုဇော်ဝင်းကို NUG ရဲ့ ပလဖက ရိုက်နှက်နှိပ်စက်ပြီး ဝန်ခံခိုင်းတာ မဝန်ခံလို့ သေဆုံးသွားခဲ့တဲ့ ကိစ္စတွေကို ပြန်ကြည့်ရင် မြန်မာနိုင်ငံရဲ့ လူ့အသိုင်းအဝိုင်းမှာ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေဟာ အတူတူဖြစ်နေတယ်။ ဒီလို ရိုက်နှက်နှိပ်စက်ဝန်ခံခိုင်းတာတွေကို စစ်ကောင်စီ လုပ်သလို လိုက်မလုပ်ဖို့ ဒီမိုကရေစီဆိုပြီး ပြောနေတဲ့ NUG အစိုးရအနေနဲ့ မြေပြင်ဆင်းပြီး ကိုယ့်အာဏာအပ်ထားတဲ့ ပသုံးလုံးတွေကို အမြန်ဆုံး ထိန်းကျောင်းဖို့ လိုနေပြီလို့ နိုင်ငံရေး သုံးသပ်သူတစ်ဦးကပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ဗိုလ်မှူးတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 18 Views
မတ်လ (၂၅)ရက်။ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

သင်္ကြန်ကာလ စက်သုံးဆီချွေတာနိုင်ဖို လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 11 Views
မတ်လ (၂၅)ရက်။ သင်္ကြန်ကာလထဲ စက်သုံးဆီ အများအပြားမသုံးစေဖို လမ်းလျှောက်သင်္ကြန်အနေနဲ့ သတ်မှတ်ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က စက်သုံးဆီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို
မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 15 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး အခုလ (၂၄)ရက်နေ့အထိ ယောဒေသထဲက YDF ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 61 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ရပ်နေရင်း၊ နယ်စပ်တွင် တပ်ဖွဲ့ဝင်များ စုရုံးထားသော်လည်း ရုရှားက
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 40 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 30 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့