နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်နက်ကိုင်တိုက်ခိုက်တာက ဖက်ဒရယ်စနစ်ကိုအကြောင်းပြပြီး အကြမ်းဖက်တာလို့ ကြံ့ခိုင်ရေးပါတီပြော

ဇူလိုင်လ (၂၂)ရက်။

လက်နက်ကိုင်တိုက်ခိုက်နေတာက ဖက်ဒရယ်စနစ်ကို အကြောင်းပြပြီး အကြမ်းဖက်တာလို့ ကြံ့ခိုင်ရေးပါတီပြောခွင့်ရ ဦးလှသိန်းက မနေ့က ရန်ကုန်မြို့ရှိ MCC ခန်းမမှာပြုလုပ်တဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ အခုလို လက်နက်ကိုင်တိုက်ခိုက်နေတာတွေဟာ အဖွဲ့အစည်းကောင်းကျိုးအတွက်လား ဖက်ဒရယ်ကို လိုချင်တာလားဆိုတာ မေးမြန်းစရာဖြစ်လာပါတယ်၊ အကျိုးစီးပွားအတွက်လား နိုင်ငံကိုပျက်စီးအောင်လုပ်တာလားဆိုတာ မေးစရာဖြစ်လာပါတယ်” လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲပြုလုပ်ဖို့ ကြေညာထားပြီးဖြစ်တာကြောင့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ပြီး လွှတ်တော်ကနေ လိုအပ်ချက်တွေကို ညှိနှိုင်းဆွေးနွေး တောင်းဆိုနိုင်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

မဲမသမာတာကြောင့် စစ်တပ်က အာဏာကို ထိန်းခဲ့ရကာ နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် တိုက်ပွဲတွေ ဖော်ဆောင်နေတာဟာ NCA ကို ဖောက်ဖျက်တဲ့အဖွဲ့တွေဆိုပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ကြံ့ဖွတ်ပါတီက စစ်တပ်အလိုကျ လိုက်လုပ်နေတဲ့သူတွေဆိုတော့ သူတို့ပြောသမျှက ဘောင်မ၀င်တန်းမ၀င်ဘူးလို့ သတ်မှတ်ထားတာ၊ သူတို့သာ ပြည်သူဘက်ကို ရပ်တည်မယ်ဆို အခုလိုစကားတွေပြောနေမှာမဟုတ်ဘူး၊ စစ်တပ်က မတရားအာဏာလုတာကို ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ပေမယ့် ပစ်ခတ်သတ်ဖြတ်တာတွေကြောင့် အခုလို ခုခံတော်လှန်ရေးတွေ ပေါ်ပေါက်လာတာပါ။ အယုံအကြည်တစက်မှမရှိရတဲ့ စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲကလဲ ယုံကြည်စရာမရှိပါဘူး” လို့ မြို့ပြတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ‌ရွေးကောက်ပွဲကော်မရှင်က ပါတီထောင်ခွင့်ပြုထားတဲ့ အမျိုးသားနိုင်ငံ‌ရေးမဟာမိတ်များအဖွဲ့ချုပ် ပါတီဥက္ကဌ ဦးသိန်းကြည်ကလဲ လက်နက်ကိုင်ပြီး နယ်မြေစိုးမိုးလာတာဟာ NCA ချိုးဖောက်တာလို့ စကားဝိုင်းထဲ ပြောဆိုခဲ့ပါသေးတယ်။

မနေ့က MCC ခန်းမမှာပြုလုပ်ခဲ့တဲ့ ပြည်တွင်း ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ပတ်သက်တဲ့ စကားဝိုင်းဆွေးနွေးပွဲကို စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီတွေနဲ့ အမျိုးသားရေးအဖွဲ့တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 28 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 31 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ