ဇူလိုင်လ (၂၃)ရက်။
မနေ့က နံနက် (၁၁)နာရီခွဲအချိန်မှာ KBC အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လွတ်လာခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေထံက သိရပါတယ်။
“ မနေ့က (၁၁)ခွဲလောက်မှာ ပြန်လွတ်လာတာပါ။ ဘယ်လိုပြန်လွတ်လာလဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး၊ အခုအိမ်ကိုပြန်ရောက်နေပါပြီ” လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
KBC အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် (၃)လအကြာမှာ ပြန်လွတ်လာတာဖြစ်ပြီး အကြောင်းအရင်းကိုတော့ မသိရှိရသေးပါ။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီဟာ ၂၀၂၂ခုနှစ် ဒီဇင်ဘာလက မန္တလေးလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်တဲ့ ပုဒ်မ ၁၇(၁)နဲ့ ၅၀၅(က)အပါအ၀င် အကြမ်းဖက်ပုဒ်မ ၅၂(က)တို့နဲ့ တရားစွဲဆိုကာ ထောင်ဒဏ် (၆)နှစ် ချမှတ်ခဲ့ပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီရဲ့ ဧပြီလ (၁၇)ရက် နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ထဲ KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်လဲ ပါ၀င်ခဲ့တာပါ။
လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ ဒေါက်တာ ခလမ်ဆန်ဆွမ်ကို စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုကာ နေအိမ်ကနေ ပြန်လည်ခေါ်ဆောင်သွားပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်မှာ ထားရှိခဲ့တာလို့ သိရပါတယ်။