ဇူလိုင်လ (၂၃)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်မှာ မင်းကွင်းမြို့၊ မြောက်ရွာရှိ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ဒီကနေ့ နံနက်အစောပိုင်းလောက်ကစပြီး မင်းကွန်းရဲစခန်းက စခတွေက မင်းကွန်းတိုက်နယ်၊ မြောက်ရွာက နေအိမ်တွေကို မီးတင်ရှို့ခဲ့ကြတာပါ။ မင်းကွင်းဒေသက မီးလောင်နေတာကို မန္တလေးဘက်ကနေတောင် မြင်ရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒီကနေ့ နံနက်ပိုင်းက မင်းကွန်းမြို့မှာ လဖက်ရည်ဆိုင်ထိုင်နေတဲ့ ပျုစောထီးနဲ့ စစ်ကောင်စီရဲတပ်ဖွဲ့၀င်တွေ ပစ်ခတ်ခံရပြီးနောက် မင်းကွန်းတိုက်နယ်၊ မြောက်ရွာရှိ နေအိမ်အချို့ကို မီးတင်ရှို့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
“ မင်းကွန်းကရွာတွေကို စခတွေနဲ့ ရခတွေ မီးရှို့နေတဲ့အကြောင်းအရင်းက ပျူခွေးနဲ့ ရဲခွေးတကောင် လဖက်ရည်ဆိုင်ထိုင်နေချိန် အပစ်ခံရလို့ ရွာတွေကို ပတ်ရမ်းပြီး မီးတင်ရှို့နေတာ” လို့ သူက ဆက်ပြောပါတယ်။
မင်းကွန်းမြို့မှာ လဖက်ရည်ဆိုင်ထိုင်နေချိန် ပျူစောထီးတစ်ဦးနဲ့ (၂)ပွင့်ဗိုလ်အဆင့်ရှိတဲ့ ရဲတစ်ဦး ပစ်ခတ်ခံရကာ ပျူစောထီးဆိုသူ သေဆုံးခဲ့ပြီး ကျန်ရဲတစ်ဦးကတော့ သေဆုံးတာရှိမရှိ အတည်မပြုနိုင်သေးပါ။
အခုလို မင်းကွန်းမြို့မှာ ပျုစောထီးတစ်ဦးနဲ့ ရဲတစ်ဦး ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိသေးဘဲ နေအိမ်မီးလောင်ပျက်စီးတဲ့အခြေအနေကိုလဲ စုံစမ်းနေတယ်လို့ သိရပါတယ်။