ရှမ်းမြောက် လားရှိုးမှာ ရမခလက်အောက်ခံ ဒုတိယဗိုလ်မှူးကြီး ဦးဆောင်ပြီးအရာရှိစစ်သည် ၃၁၇ ဦး MNDAA ထံ လက်နက်ချ ဇူလိုင်လ (၂၃) ရက်။ ရှမ်းမြောက် လားရှိုးမှာ ရမခလက်အောက်ခံ ဒုတိယဗိုလ်မှူးကြီး ဝေမိုးနိုင် (စခတ ၁၁ နည်းပြချုပ်) ဦးဆောင်ပြီးအရာရှိစစ်သည် ၃၁၇ ဦး တပ်ရင်းလိုက် MNDAA ထံ လက်နက်ချသွားကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က သတင်းအရ လားရှိုးအခြေစိုက် ခလရ ၄၁ နဲ့ ခလရ ၆၈ တို့ကို MNDAA က သိမ်းပိုက်လိုက်ပြီး ခမရ ၅၀၇ လည်း ဗဟိုကင်းအထိ ဆုတ်ထားရတဲ့အတွက် မကြာခင် MNDAA က သိမ်းပိုက်နိုင်တော့မယ့် အခြေအနေကို ရောက်ရှိသွားပြီးလို့ သိရှိရပါတယ်။ လက်ရှိအချိန်မှာတော့ လားရှိုး လေယာဉ်းကွင်းဘက်ထိ MNDAA တပ်တွေ စတင်တိုက်နေပြီလို့ သိရပြီး လားရှိးနေရာအနှံ MNDAA က ထိုးစစ်စတင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
———————————————————————–
ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’s Eyes ချန်နယ်သည် ပြည်သူတို့နှင့်အတူ ရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားပါမည်။