နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးမြို့အ၀င်ရှိ စစ်ကောင်စီရဲ့ ခလရ(၄၁)တပ်ကို ကိုးကန့်တပ်(MNDAA) သိမ်းပိုက်ရရှိခဲ့

ဇူလိုင်လ (၂၄)ရက်။

ဇူလိုင်လ (၂၂)ရက်နေ့က လားရှိုးမြို့အ၀င် မုခ်ဦးအနီးရှိ စစ်ကောင်စီရဲ့ ခလရ(၄၁)တပ်ကို ကိုးကန့်တပ်(MNDAA)က သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ စကစရဲ့ ခလရ(၄၁)တပ်ကို MNDAA က သိမ်းပိုက်ရရှိခဲ့တာပါ။ အဲ့ဒီတပ်ထဲက စစ်ကြောရေးမှာ နိုင်ငံရေး၊ လက်နက်ကိုင်နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးပြီး စစ်ကြောရေးလုပ်နေတဲ့ အကျဉ်းသားတွေ ရှိပါတယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခလရ(၄၁)တပ်ကို သိမ်းပိုက်ရရှိချိန် တပ်ထဲရှိ စစ်ကြောရေးထဲ နိုင်ငံရေးအမှု၊ လက်နက်ကိုင်အမှုတို့နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရကာ စစ်ကြေားရေးလုပ်ခံနေရတဲ့ အကျဉ်းသားတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခုအခါ စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းထဲ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်သွားပြီဖြစ်ကာ အချို့ဟာ နေအိမ်တွေကို ပြန်လည်ရောက်ရှိနေကြပြီလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတဲ့သူတွေထဲ တအာင်းလူမျိုးအများဆုံး ပါ၀င်ကာ ပြန်လည်လွတ်မြောက်လာသူ အရေအတွက်အသေးစိတ်ကိုတော့ မသိရှိရသေးဘဲ MNDAA ဘက်က ထုတ်ပြန်ထားတာမရှိသေးပါဘူး။

လားရှိုးမြို့မှာ နိုင်ငံရေးအပါအ၀င် လက်နက်ကိုင်တွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးကာ ခလရ (၄၁) ထဲက စစ်ကြောရေးသို့ ပို့ဆောင်ပြီး အဲ့ဒီကနေတဆင့် ပုဒ်မတပ် တရားစွဲထောင်ချတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံးအလုံး (၅၀)ကျော် ကြဲချကာ အရပ်သားတစ်ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီကနေစပြီး (၁၀)နာရီထိ သီပေါမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ
မြန်မာသတင်း

ကင်းပတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ၊ (၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၄)ရက်နေ့ နံနက် (၇)နာရီကျော်အချိန်က နတ်တလင်းမြို့၊ တောင်ညိုကွက်သစ်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်တလင်းပကဖရဲ့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိ အရာရှိ (၂)ဦး ဒေါနတပ်ရင်းထံ CDM ပြုလုပ် အလင်း၀င်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁)ရက်နေ့က စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ (၂)ဦး CDM ပြုလုပ်ကာ အလင်း၀င်လာခဲ့တယ်လို့ ဒေါနတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ (၂)ဦးဟာ ဗျူဟာ
မြန်မာသတင်း

ရှမ်းတောင်မှာ ရေဘေးသင့်ပြည်သူ (၁)သိန်းကျော်အထိရှိကာ အရေးပေါ်အကူအညီတွေ လိုအပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ ရှမ်းတောင်ဒေသရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နဲ့ မောက်မယ်မြို့တို့မှာ ရေဘေးသင့်ပြည်သူ (၁)သိန်းကျော်ရှိတယ်လို့ ပအိုဝ်းလူငယ်များအစည်းအရုံး(PYO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရှမ်းတောင်မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် တောင်ကြီးခရိုင်အပါအ၀င် လွိုင်လင်မြို့နယ်နဲ့ မောက်မယ်မြို့တို့မှာ ရေကြီးတာ၊ တောင်ပြိုတာနဲ့ မြေပြိုတာတွေကြောင့်
မြန်မာသတင်း

ဖားကန့်မြို့ပေါ် စစ်‌ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အရပ်သား (၂)ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲကျော်အချိန်က ဖားကန့်မြို့ပေါ်ရှိ ငှက်ပျောတောရပ်ကွက်ကို စစ်‌ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား (၂)ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ဒီကနေ့ နေ့လယ် (၁)နာရီ
မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓါးပြတိုက်ခဲ့သူတွေ ဖမ်းမိပြီလို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓါးပြတိုက်ခဲ့သူတွေထဲက (၆)ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၀)ရက်နေ့က ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေ၀င်းဟာ မန္တလေးမြို့ထဲက ရွှေဆိုင် (၃)ဆိုင်ကို သွားရောက်ဖို့
မြန်မာသတင်း

ရေကြီးရေလျှံတာကြောင့် နိုင်ငံတ၀န်းမှာ (၁၀၀)ကျော်သေဆုံးတယ်လို့ စစ်ကောင်စီထုတ်ပြန်၊ စစ်ကောင်စီထုတ်ပြန်တဲ့ သေဆုံးစာရင်း ‌မြေပြင်အခြေအနေနဲ့ ကွဲလွဲနေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၉)ရက်နေ့ကစပြီး ရေကြီးရေလျှံတာကြောင့် နိုင်ငံတ၀န်းမှာ သေဆုံးသူ (၁၁၃)ဦးရှိပြီး ဒဏ်ရာရသူ (၁၄)ဦးရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၄)ရက်နေ့အထိ ရရှိထားတဲ့စာရင်းအရဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားကာ
မြန်မာသတင်း

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်တွေ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီခန့်ကလောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်တွေကို ပစ်ခတ်ခဲ့တယ်လို့ LLPDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီလောက် မောင်းမကန်ရဲစခန်းအနီးမှာ တပ်စွဲထားတဲ့