နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်သွားတဲ့အပေါ် NUG က ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့

ဇူလိုင်လ (၂၄)ရက်။

KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်သွားခဲ့တဲ့အပေါ် မိသားစုနဲ့ထပ်တူ ၀မ်းနည်းပူဆွေးရတယ်လို့ NUG က ဒီကနေ့မှာ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အသက် (၆၉)နှစ်အရွယ်ရှိ KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန်ဟာ ဒီကနေ့ နေ့လယ် (၂)နာရီ (၂၁)မိနစ်အချိန်က ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့စလိယန်းမြို့ရှိနေအိမ်မှာ သားအိမ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။

နော်စီဖိုးရာစိန်ဟာ KNU နဲ့ ကရင်အမျိုးသမီးအဖွဲ့အစည်း(KWO)တို့မှာ ခေါင်းဆောင်အနေနဲ့ တာ၀န်ယူပြီး အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်(WON)က ပေးအပ်တဲ့ အမျိုးသမီးငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံရသူလို့ ဖော်ပြထားပါတယ်။

သူမဟာ စိတ်ဓါတ်ခိုင်မာပြတ်သားတဲ့ အမျိူသမီးခေါင်းဆောင်တစ်ဦးဖြစ်ကာ အခုလိုကွယ်လွန်သွားရတာဟာ ကရင်တိုင်းရင်းသားလူမျိုးတွေအတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက် အဖိုးတန်တဲ့ ခေါင်းဆောင်တစ်ဦး ဆုံးရှုံးသွားရတာလို့ ရေးသားထားပါတယ်။

ဒါ့အပြင် နော်စီဖိုးရာစိန်ဟာ မတရားအာဏာသိမ်းယူခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ NCA ပျက်ပြယ်တယ်လို့ ပထမဆုံးပြောဆိုခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သလို NUG ကို ပံ့ပိုးကူညီပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် NUG အနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ထုတ်ပြန်ထားပါတယ်။

NUG အနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် နော်စီဖိုးရာစိန်ရဲ့ ကြိုးပမ်းဆောင်ရွက်တာတွေကို လေးစားအသိအမှတ်ပြု မှတ်တမ်းတင်တယ်လို့ သ၀ဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA ပူးပေါင်းတပ်‌တို့ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 0 Views
ဇူလိုင်လ (၈)ရက်။ မနေ့က မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 0 Views
မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့ ဇူလိုင်လ (၈)ရက်။ ဒီကနေ့
မြန်မာသတင်း

မြစ်ကြီးနားရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 4 Views
ဇူလိုင်လ (၈)ရက်။ မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဖြစ်တာကတော့ စီတာပူရပ်ကွက်ထဲက စကစအဖွဲ့ဝင် ဒေါ်ဒွဲဘူနေအိမ်
မြန်မာသတင်း

ဖယ်ခုံအနောက်ဘက်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ကလေးငယ်တစ်ဦးအပါအဝင် စစ်ရှောင်မိသားစုဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 4 Views
ဇူလိုင်လ (၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ဖယ်ခုံအနောက်ဘက်ရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။ “ ဖယ်ခုံအနောက်ဘက်က စစ်ရှောင်စခန်းကို စကစက လေကြောင်းကနေ ဗုံးကြဲတာ။ (၃)လုံး (၁)နေရာနဲ့
မြန်မာသတင်း

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 26 Views
မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ ဇူလိုင်လ (၇)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်ခန့်က မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို လက်ပစ်ဗုံးနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army(TPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

နောင်ချိုမြို့ရှိ ‌ကျေးရွာအချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 20 Views
ဇူလိုင်လ (၇)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ်ရှိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊
မြန်မာသတင်း

အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 19 Views
ဇူလိုင်လ (၇)ရက်။ စစ်အုပ်စုရဲ့ယန္တရားဟာ တဖြည်းဖြည်းယိုယွင်းလာနေပြီး အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၆၃)နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့
မြန်မာသတင်း

လယ်ဒိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 17 Views
ဇူလိုင်လ (၇)ရက်။ ဇူလိုင်လ (၅)ရက်နေ့ ညနေ (၅)နာရီ (၅၀)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ တောကြောင်ပေါက်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နတ်သံကွင်းအထိုင်တပ်စခန်းကနေ ဒရုန်းနဲ့