နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်း UCRRF အဖွဲ့ဝင်တော်လှန်ရေး ရဲဘော်များ မတရားဖမ်းဆီးခံရမှုအတွက် SRF တော်လှန်ရေးတပ်ဖွဲ့က အပြင်းအထန် ရှုတ်ချကြောင်း ကြေညာချက်ထုတ်

ဇူလိုင်လ (၂၄) ရက်။

အူ, ထမောင်းကျေးရွာရှိ UCRRF အဖွဲ့ဝင်၁၅ယောက်နဲ့ အူကျေးရွာပညာရေးတာဝန်ခံဆရာမဒေါ်ဖြိုးပပမွန်၊ အသက်မပြည့်သေးတဲ့ အူကျေးရွာပကဖတာဝန်ခံဦးဇော်ဝင်းထွတ်ရဲ့ညီ ကိုဇော်ဝင်းမောင် ခေါ် ကိုအီပွတ်တို့ကို မင်းကင်းမြို့နယ်ပကဖ ဒုတာဝန်ခံကိုဇော်မင်း ခေါ် စင်္ကြာ၊ ကိုလှပွင့် (တိုက်နယ်ပကဖ) ကိုအောင်ကျော်လင်း (တိုက်နယ်ပကဖတာဝန်ခံ)၊ ကိုတောက် ဗရုံကာရွာပကဖတို့မှ ရွာသစ်ကုန်းရွာသို့ မတရား ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခေတ်မျက်လုံးသတင်းဌာနမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။

တော်လှန်ရေးမဆန်တဲ့ လူထုကို မျက်နှာမမူတဲ့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ မင်းကင်းမြို့နယ် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) က သဘောထား ထုတ်ပြန်ပါတယ်။

ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ အဖမ်းဆီးခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ တော်လှန်ရေးတပ်ဖွဲ့မိသားစုများနှင့်အတူ အဖိနှိပ်ခံ ပြည်သူလူထုဖက်မှ တရားမျှတမှုရရှိတဲ့အထိ ရပ်တည်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဇွန်လ ၂၃ ရက်နေ့မှာ ဆရာမ ဒေါဖြိုးပပမွန်ကို ပြန်လွှတ်ခဲ့ပေမယ့် အူရွာကို ပကဖရဲဘော်တွေကို ထပ်မံစေလွှတ်ပြီး ကျန်ရှိနေတဲ့ရဲဘော်တွေကို ဖမ်းဆီးခြင်း ကျန်းမာရေးဆရာမတယောက်ကို သူမရဲ့ အိမ်တွင်းကို အကြောင်းပြချက်မရှိ အတင်းဝင်ရောက်စီးနင်း ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရွာအတွင်းကို သေနတ်များ ပစ်ဖောက်တာတွေ ပြုလုပ်ခဲ့ကြပြီး တော်လှန်ရေး ရဲဘော်တွေရဲ့ မိသားစုဝင်တွေ၊ ဖမ်းဆီးခံရဲဘော်တွေနဲ့ ဆက်နွယ်ပတ်သက်သူတွေဟာ တောတောင်တွေကို ထွက်ပြေးပုန်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။

ဘယ်အကြောင်းကြောင့်ဖြစ်စေ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း မတရားဖမ်းဆီးပြုမူတာဟာ တော်လှန်ရေးကိုနှောင့်နှေးစေတဲ့အပြင် လူထုယုံကြည်မှုကို လျော့ကျစေတယ်လို့ ဖော်ပြထားပါတယ်။

စစ်မှန်တဲ့ တော်လှန်ရေးသမားတွေဟာ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ပွတ်တိုက်မှုပြဿနာကို သေနတ်နဲ့ မဖြေရှင်းသင့်ဘဲ စားပွဲဝိုင်းမှာသာ ညှိနှိုင်းဖြေရှင်းသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 29 Views
နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး” မင်းအောင်လှိုင်ကအတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းတယ်လို့ ပြီးပြည်နယ်တွေ တိုင်းတွေကို ဗုံးတွေကြဲနေတယ်၊ နောက်သူသမတတက်လုပ်ပြီးတဲ့နောက် မတရား ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးမယ်ပြောပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အများစုကိုလွှတ်မပေးဘူး။
မြန်မာသတင်း

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြော

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 29 Views
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတယ်လို့ သိရပါတယ်။ ချင်းပူးပေါင်းတပ်တွေ
မြန်မာသတင်း

ဘိုဒါးရွာထဲ (၂)နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 28 Views
ဧပြီလ (၂၅)ရက်။ ဘိုဒါးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့စခန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ ဘိုဒါးစခန်းဟာ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးရွာထဲမှာ စစ်တပ်က (၂)နှစ်ကျော်ကြာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အပေါ် NUCC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 26 Views
ဧပြီလ (၂၅)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်ပေါင်း (၁၀၀)ထဲ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး NUCC က ဒီကနေ့မှာ သဘောထားထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖိတ်ခေါ်တာဟာ စစ်အာဏာသိမ်းတာကြောင့် ပျက်ပြယ်ပြီးဖြစ်တဲ့ ၂၀၀၈ခြေ/ဥနဲ့ NCA လမ်းကြောင်းကနေတဆင့် တော်လှန်ရေးအင်အားစုတွေကို သက်လျှိုသွေးခွဲဖို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ကပစ(၂၄) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 35 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၀)ရက်နေ့က ပေါက်မြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၂၄)ကို ရှော့တိုက်ဒုံးတွေ၊ လက်လုပ် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကပစ(၂၄)ကို MGY–30 Special Operations Unit–3
မြန်မာသတင်း

ဝက်လက်နယ်ရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 35 Views
အရပ်သားတဦးသေဆုံးပြီး စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာရခဲ့ ဧပြီလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၁)နာရီခွဲအချိန်က ဝက်လက်မြို့ မုဆိုးခြုံ(ရွာမ)ရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မုဆိုးခြုံ(ရွာမ)ရွာစာသင်ကျောင်းကို
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုတယ်ဆိုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတယ်လို့ MNDAA ပြော

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 32 Views
ဧပြီလ (၂၄)ရက်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတာကြောင့် သတိပြုကြဖို့ ကိုးကန့်တပ်(MNDAA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုအခါ လူမှုကွန်ရက်စာမျက်နှာတွေမှာ “ The Kokang” နဲ့ တရုတ်ဘာသာနဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံ‌ခြားရေးဝန်ကြီးပြောတယ်ဆိုပြီး စစ်လော်ဘီတွေဖြန့်ဝေနေ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 31 Views
ဧပြီလ (၂၄)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ရေးသားဖြန့်ဝေနေကြတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ နေပြည်တော်ကို ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့