ဇူလိုင်လ (၂၅)ရက်။
ဒီကနေ့ နံနက် (၄)နာရီအချိန်မှာ လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ကိုးကန့်တပ်(MNDAA)ရဲ့ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။
လားရှိုးမြို့မှာ ကိုးကန့်တပ် (MNDAA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် (၂၃)ရက်အကြာမှာ စစ်ကောင်စီရဲ့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။
အခုအခါ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA)က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီကင်းစင်တဲ့ လွတ်မြောက်နယ်မြေဖြစ်သွားပြီလို့ ရှေ့တန်းသတင်းပေးပို့တာကို ကိုးကားပြီး ဖော်ပြထားပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်နိုင်ခဲ့ကာ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုအနေနဲ့ သမိုင်း၀င်အောင်ပွဲတခုဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။
အခုလို တိုင်းစစ်ဌာနချုပ်တခု လက်လွှတ်ဆုံးရှုံးလိုက်ရတာဟာ စစ်တပ်ရဲ့ သမိုင်းကြောင်းတွေထဲ တော်လှန်ရေးအင်အားစုတွေဘက်က ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။