ဇူလိုင်လ (၃၀)ရက်။
ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်က မိုးကုတ်ဗျူဟာကုန်းကို တအာင်းတပ်မတော်(TNLA)က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိုးမိတ်ဗျူဟာကုန်းတိုက်ပွဲထဲ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)၊ ခလရ(၃၄၈)နဲ့ TNLA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မိုးမိတ်မြို့၊ ဒိုးပင်ရွာမှာ TNLA နဲ့ စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ(၂၇၆)တို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မိုးမိတ်မြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးကုတ်ဗျူဟာကုန်းမှာ စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံး (၁၄)လုံး လာရောက်ကြဲချခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခမရ(၅၀၁၊ ၅၀၂)တပ်စခန်းထဲကို Y12 လေယာဉ်နဲ့ လက်နက်ခဲယမ်းတွေ ကြဲချခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။