နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရုရှားနှင့် အနောက်နိုင်ငံတို့ကြား အကျဉ်းသားများ လဲလှယ်ရေး

ရုရှားနှင့် အနောက်နိုင်ငံတို့ကြား အကျဉ်းသားများ လဲလှယ်ရေးသည် ကမ္ဘာတစ်ခုလုံးအတွက် သတင်းစာမျက်နှာအသစ် ဖြစ်လာနိုင်ကြောင်း ရုရှားလွှတ်တော်အမတ်က CNN သို့ ပြောကြားခဲ့သည်။

CNN သတင်း။

ရုရှားနှင့် အနောက်နိုင်ငံတို့ကြား အကျဉ်းသား လဲလှယ်မှုသည် “ ကမ္ဘာကြီးတစ်ခုလုံးအတွက် စာမျက်နှာသစ်တစ်ခုရဲ့အစ ဖြစ်နိုင်တယ်” ဟု ရုရှားလွှတ်တော်အမတ် မာရီယာဘူတီနာ (Maria Butina) က CNN သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဘူတီနာကိုယ်တိုင်က အမေရိကန်တွင် အကျဉ်းသားတစ်ဦးဖြစ်ပြီး အမေရိကန်မှ ပြန်ရောက်လာသော ရုရှားအကျဉ်းသားများသည် “ ဆိုးရွားသော အချိန်များကို ဖြတ်သန်းခဲ့ရပြီး ပြန်လည်ကုစားကောင်းမွန်လာရန် အချိန်လိုအပ်တယ်” ဟု CNN သို့ ပြောကြားခဲ့သည်။ “ဒီလဲလှယ်မှုဟာ ကျွန်တော်တို့ရဲ့ သံတမန်ရေးအရ အောင်မြင်တဲ့လုပ်ငန်းကို ဆိုလိုပြီး စေ့စပ်ညှိနှိုင်းမှုရဲ့ နှစ်ဖက်စလုံးက အခြေအနေတွေ ရှိနေပေမဲ့ အခုလို ကောင်းကောင်း လုပ်ဆောင်ပေးနိုင်တဲ့အတွက် ဝမ်းသာပါတယ်” ဟု ရုရှား-ယူကရိန်းစစ်ပွဲကို ကိုးကား၍ ပြောကြားခဲ့သည်။

“ ကျွန်တော်က ယူကရိန်းနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး မပြောပါဘူး၊ ဒါပေမယ့် ဒါဟာ ကမ္ဘာတစ်ဝှမ်းလုံးအတွက် စာမျက်နှာသစ်တစ်ခုရဲ့ အစလို့ ကျွန်တော် မျှော်လင့်ချင်ပါတယ်၊ ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော်က သိပ်အကောင်းမြင်သလို ပြောနေတာ မဟုတ်ပေမဲ့ ကျွန်တော် မျှော်လင့်ပါတယ်။ ရုရှားနဲ့ ယူကရိန်းကြား ဆက်ဆံရေးအခြေအနေကို ဆိုလိုတာပါ” ဟု ဘူတီနာက ပြောကြားခဲ့သည်။

ဖက်ဒရယ်ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကျခံနေရသော ရုရှားနိုင်ငံသား သုံးဦးကို နောက်ဆုံးအကျဉ်းသားလဲလှယ်မှုအဖြစ် ပြင်ဆင်ရန်အတွက် အမေရိကန်အစိုးရ ဖက်ဒရယ်ဥပဒေစိုးမိုးရေးအေဂျင်စီသို့ လွှဲပြောင်းခဲ့ကြောင်း ဥပဒေစိုးမိုးရေးအရာရှိများက ပြောကြားခဲ့သည်။

၎င်းတို့၏ အကျဉ်းထောင်တည်နေရာသည်အမေရိကန်အကျဉ်းထောင်ဝဘ်ဆိုဒ်မှ ပျောက်ကွယ်သွားခဲ့သည်။ ရုရှားသဘောတူညီချက်နှင့် ပတ်သက်သော လျှို့ဝှက်ချက်သည် အကျဉ်းသားတစ်ဦး၏ ရှေ့နေကပင် ဆိုင်းငံ့ထားသော သဘောတူညီချက်အကြောင်းကို မသိဘဲ ၎င်းတို့၏ အမှုသည် ဘယ်ရောက်နေသည်ကို မသိကြောင်း ပြည်ထောင်စုတရားသူကြီးထံ တိုင်ကြားခဲ့သည်။

ယခင်လဲလှယ်မှုများနှင့်မတူဘဲ ဝှီလန် (Whelan) နှင့် အခြားအမေရိကန်နိုင်ငံသားများအတွက် ရုရှားရာဇဝတ်ကောင်များနှင့် အလဲအလှယ်လုပ် မည့်အလားအလာနှင့် ဆိုင်းငံ့ထားသော သဘောတူညီချက်သည် တရားရေးဌာနအရာရှိများကြားတွင် ကန့်ကွက်ခြင်းကို မဖြစ်ပေါ်စေခဲ့ကြောင်း အဆိုပါကိစ္စနှင့်ပတ်သက်သည့်် လူများက ရှင်းလင်းပြောကြားခဲ့သည်။

WNBA အမျိုးသမီးဘတ်စကက်ဘော ကစားသမား ဘရစ်တနီ ဂရင်နာ (Brittney Griner) အတွက် နာမည်ဆိုးဖြင့် ကျော်ကြားသော လက်နက်မှောင်ခိုရောင်းဝယ်သူ ဗစ်တာဘော့က် (Viktor Bout) နှင့် သဘောတူညီချက်ကို တရားရေးဌာနအတွင်း အပြင်းအထန် ကန့်ကွက်ခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။

အီဗန်ဂါရှတ်ကိုဗစ်ချ် (Evan Gershkovich) လွတ်မြောက်မှုကို Wall Street ဂျာနယ်က ဂုဏ်ပြု

++++++++++++++++++++++++++++++++++++++++++++++++++

အမေရိကန်နဲ့ ရုရှားကြား သမိုင်းဝင် အကျဉ်းသားလဲလှယ်မှုမှာ လွတ်မြောက်လာခဲ့တဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် အီဗန်ဂါရှတ်ကိုဗစ်ချ်ကို ဝန်ထမ်းတွေက ဝေါစထရိဂျာနယ်ရဲ့ ဂျာနယ်တိုက်မှာ ကြာသပတေးနေ့က ရှန်ပိန်ပုလင်းတွေဖောက်ပြီး ဂုဏ်ပြုခဲ့ကြသည်။

The Journal ၏ အယ်ဒီတာချုပ် အီမာတပ်ကာ (Emma Tucker) သည် ဂါရှတ်ကိုဗစ်ချ် လွတ်မြောက်လာကြောင်း တရားဝင်သတင်းကို သူ၏ ဘေးကင်းမှုကို အတည်ပြုချက်ရပြီးနောက် နေ့လည်မတိုင်မီ ထုတ်ဝေသော နယူးယောက် ဝန်ထမ်းများသို့ သတင်းထုတ်ပြန်ရန် ပေးပို့ခဲ့သည်။

“ ဒီနေ့ဟာ ဝေါစထရိဂျာနယ်အတွက် သမိုင်းဝင်နေ့တစ်နေ့ပါ” ဟု “ တပ်ကာ” က ဝမ်းမြောက်စရာ သတင်းခန်းတွင်း၌ ပြောကြားခဲ့သည်။

သတင်းစာထုတ်ဝေသူ တပ်ကာနှင့် အယ်မာလတ်တိုရာ (Almar Latour) က ၎င်းတို့သည် “ အီဗန်နှင့် သူ့မိသားစုအတွက် သက်သာရာရကာ ဝမ်းသာပီတိဖြစ်နေကြသည်” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တချိန်တည်းမှာပဲ၊ အတုအယောင် စွပ်စွဲချက် အတုအယောင်တွေနဲ့ တရားစီရင်မှုအတုတွေအပေါ် အခြေခံပြီး အီဗန်ရဲ့ ၄၉၁ ရက်ကြာ မတရားအကျဉ်းချမှုကို ကြိုးကိုင်ထားတဲ့ ရုရှားနိုင်ငံရဲ့ ဗလာဒီမာပူတင်အစိုးရကို အပြင်းထန်ဆုံး ရှုတ်ချပါတယ်” ဟု သူတို့နှစ်ဦးက ပြောသည်။ “ ကံမကောင်းစွာဖြင့်၊ သတင်းထောက်များစွာသည် ရုရှားနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် မတရားအကျဉ်းချခံနေရဆဲ ဖြစ်သည်။”

အမေရိကန် မရိန်းတပ်သားဟောင်း ပေါလ်ဝှီလန် (Paul Whelan) နဲ့ ဝေါစထရိဂျာနယ်သတင်းထောက် အီဗန်ဂါရှတ်ကိုဗစ်ချ်တို့ လွတ်မြောက်ရေး အပါအဝင် အခြားနိုင်ငံများနှင့် ရုရှားတို့ သမိုင်းဝင်အကျဉ်းသားလဲလှယ်မှုအပြီး သမ္မတဂျိုးဘိုင်ဒင်က အိမ်ဖြူတော်က သတင်းထောက်တွေကို စကားပြောဆိုခဲ့သည်။

ဘိုင်ဒင်သည် ဝှီလန်၊ အီဗန် ဂါရှတ်ကိုဗစ်ချ ၊ အယ်စူးကူမာရှီဗာ (Alsu Kurmasheva) နှင့် ဗလာဒီမာ ကာရာ မူဇာ (Vladimor Kara-Murza) တို့၏ မိသားစုဝင်များနှင့် အိမ်ဖြူတော်၌ ကြာသပတေးနေ့တွင် တွေ့ဆုံပြီး သူတို့၏ချစ်မြတ်နိုးရသူများ အိမ်သို့ ပြန်လာနေကြပြီ ဟူသော သတင်းစကားကို ပြောကြားရန် ခေါ်ယူခဲ့ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန်က ကြာသပတေးနေ့အစောပိုင်းက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

နယူးယောက်မှ စီအက်တဲလ်နှင့် ဒီစီအထိ ဒီမိုကရက်တစ် ဆိုရှယ်လစ် ခေါင်းဆောင်များကို မြို့ကြီးများက ပိုမိုရွေးချယ်လာကြ

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 54 Views
CNN – ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ရက် အမေရိကန်ပြည်ထောင်စု၏ အဓိက မြို့ကြီးများတွင် အိမ်ရာနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ကုန်ကျစရိတ်များကို
နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 20 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိကြောင်း အမေရိကန်ပြောကြား၊ လက်ဘနွန်တွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားကြောင်း သတင်းရရှိ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက် အစ္စရေး၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တောင်ပိုင်းတွင် လူ ၄၇ ဦး သေဆုံးခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့သည် အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီခဲ့ကြကြောင်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း