နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရုရှားနှင့် အနောက်နိုင်ငံတို့ကြား အကျဉ်းသားများ လဲလှယ်ရေး

ရုရှားနှင့် အနောက်နိုင်ငံတို့ကြား အကျဉ်းသားများ လဲလှယ်ရေးသည် ကမ္ဘာတစ်ခုလုံးအတွက် သတင်းစာမျက်နှာအသစ် ဖြစ်လာနိုင်ကြောင်း ရုရှားလွှတ်တော်အမတ်က CNN သို့ ပြောကြားခဲ့သည်။

CNN သတင်း။

ရုရှားနှင့် အနောက်နိုင်ငံတို့ကြား အကျဉ်းသား လဲလှယ်မှုသည် “ကမ္ဘာကြီးတစ်ခုလုံးအတွက် စာမျက်နှာသစ်တစ်ခုရဲ့အစ ဖြစ်နိုင်တယ်” ဟု ရုရှားလွှတ်တော်အမတ် မာရီယာဘူတီနာ (Maria Butina) က CNN သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဘူတီနာကိုယ်တိုင်က အမေရိကန်တွင် အကျဉ်းသားတစ်ဦးဖြစ်ပြီး အမေရိကန်မှ ပြန်ရောက်လာသော ရုရှားအကျဉ်းသားများသည် “ဆိုးရွားသော အချိန်များကို ဖြတ်သန်းခဲ့ရပြီး ပြန်လည်ကုစားကောင်းမွန်လာရန် အချိန်လိုအပ်တယ်” ဟု CNN သို့ ပြောကြားခဲ့သည်။ “ဒီလဲလှယ်မှုဟာ ကျွန်တော်တို့ရဲ့ သံတမန်ရေးအရ အောင်မြင်တဲ့လုပ်ငန်းကို ဆိုလိုပြီး စေ့စပ်ညှိနှိုင်းမှုရဲ့ နှစ်ဖက်စလုံးက အခြေအနေတွေ ရှိနေပေမဲ့ အခုလို ကောင်းကောင်း လုပ်ဆောင်ပေးနိုင်တဲ့အတွက် ဝမ်းသာပါတယ်” ဟု ရုရှား-ယူကရိန်းစစ်ပွဲကို ကိုးကား၍ ပြောကြားခဲ့သည်။

“ကျွန်တော်က ယူကရိန်းနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး မပြောပါဘူး၊ ဒါပေမယ့် ဒါဟာ ကမ္ဘာတစ်ဝှမ်းလုံးအတွက် စာမျက်နှာသစ်တစ်ခုရဲ့ အစလို့ ကျွန်တော် မျှော်လင့်ချင်ပါတယ်၊ ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော်က သိပ်အကောင်းမြင်သလို ပြောနေတာ မဟုတ်ပေမဲ့ ကျွန်တော် မျှော်လင့်ပါတယ်။ ရုရှားနဲ့ ယူကရိန်းကြား ဆက်ဆံရေးအခြေအနေကို ဆိုလိုတာပါ” ဟု ဘူတီနာက ပြောကြားခဲ့သည်။

ဖက်ဒရယ်ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကျခံနေရသော ရုရှားနိုင်ငံသား သုံးဦးကို နောက်ဆုံးအကျဉ်းသားလဲလှယ်မှုအဖြစ် ပြင်ဆင်ရန်အတွက် အမေရိကန်အစိုးရ ဖက်ဒရယ်ဥပဒေစိုးမိုးရေးအေဂျင်စီသို့ လွှဲပြောင်းခဲ့ကြောင်း ဥပဒေစိုးမိုးရေးအရာရှိများက ပြောကြားခဲ့သည်။

၎င်းတို့၏ အကျဉ်းထောင်တည်နေရာသည်အမေရိကန်အကျဉ်းထောင်ဝဘ်ဆိုဒ်မှ ပျောက်ကွယ်သွားခဲ့သည်။ ရုရှားသဘောတူညီချက်နှင့် ပတ်သက်သော လျှို့ဝှက်ချက်သည် အကျဉ်းသားတစ်ဦး၏ ရှေ့နေကပင် ဆိုင်းငံ့ထားသော သဘောတူညီချက်အကြောင်းကို မသိဘဲ ၎င်းတို့၏ အမှုသည် ဘယ်ရောက်နေသည်ကို မသိကြောင်း ပြည်ထောင်စုတရားသူကြီးထံ တိုင်ကြားခဲ့သည်။

ယခင်လဲလှယ်မှုများနှင့်မတူဘဲ ဝှီလန် (Whelan) နှင့် အခြားအမေရိကန်နိုင်ငံသားများအတွက် ရုရှားရာဇဝတ်ကောင်များနှင့် အလဲအလှယ်လုပ် မည့်အလားအလာနှင့် ဆိုင်းငံ့ထားသော သဘောတူညီချက်သည် တရားရေးဌာနအရာရှိများကြားတွင် ကန့်ကွက်ခြင်းကို မဖြစ်ပေါ်စေခဲ့ကြောင်း အဆိုပါကိစ္စနှင့်ပတ်သက်သည့်် လူများက ရှင်းလင်းပြောကြားခဲ့သည်။

WNBA အမျိုးသမီးဘတ်စကက်ဘော ကစားသမား ဘရစ်တနီ ဂရင်နာ (Brittney Griner) အတွက် နာမည်ဆိုးဖြင့် ကျော်ကြားသော လက်နက်မှောင်ခိုရောင်းဝယ်သူ ဗစ်တာဘော့က် (Viktor Bout) နှင့် သဘောတူညီချက်ကို တရားရေးဌာနအတွင်း အပြင်းအထန် ကန့်ကွက်ခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။

အီဗန်ဂါရှတ်ကိုဗစ်ချ် (Evan Gershkovich) လွတ်မြောက်မှုကို Wall Street ဂျာနယ်က ဂုဏ်ပြု

++++++++++++++++++++++++++++++++++++++++++++++++++

အမေရိကန်နဲ့ ရုရှားကြား သမိုင်းဝင် အကျဉ်းသားလဲလှယ်မှုမှာ လွတ်မြောက်လာခဲ့တဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် အီဗန်ဂါရှတ်ကိုဗစ်ချ်ကို ဝန်ထမ်းတွေက ဝေါစထရိဂျာနယ်ရဲ့ ဂျာနယ်တိုက်မှာ ကြာသပတေးနေ့က ရှန်ပိန်ပုလင်းတွေဖောက်ပြီး ဂုဏ်ပြုခဲ့ကြသည်။

The Journal ၏ အယ်ဒီတာချုပ် အီမာတပ်ကာ (Emma Tucker) သည် ဂါရှတ်ကိုဗစ်ချ် လွတ်မြောက်လာကြောင်း တရားဝင်သတင်းကို သူ၏ ဘေးကင်းမှုကို အတည်ပြုချက်ရပြီးနောက် နေ့လည်မတိုင်မီ ထုတ်ဝေသော နယူးယောက် ဝန်ထမ်းများသို့ သတင်းထုတ်ပြန်ရန် ပေးပို့ခဲ့သည်။

“ဒီနေ့ဟာ ဝေါစထရိဂျာနယ်အတွက် သမိုင်းဝင်နေ့တစ်နေ့ပါ” ဟု “တပ်ကာ” က ဝမ်းမြောက်စရာ သတင်းခန်းတွင်း၌ ပြောကြားခဲ့သည်။

သတင်းစာထုတ်ဝေသူ တပ်ကာနှင့် အယ်မာလတ်တိုရာ (Almar Latour) က ၎င်းတို့သည် “အီဗန်နှင့် သူ့မိသားစုအတွက် သက်သာရာရကာ ဝမ်းသာပီတိဖြစ်နေကြသည်” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တချိန်တည်းမှာပဲ၊ အတုအယောင် စွပ်စွဲချက် အတုအယောင်တွေနဲ့ တရားစီရင်မှုအတုတွေအပေါ် အခြေခံပြီး အီဗန်ရဲ့ ၄၉၁ ရက်ကြာ မတရားအကျဉ်းချမှုကို ကြိုးကိုင်ထားတဲ့ ရုရှားနိုင်ငံရဲ့ ဗလာဒီမာပူတင်အစိုးရကို အပြင်းထန်ဆုံး ရှုတ်ချပါတယ်” ဟု သူတို့နှစ်ဦးက ပြောသည်။ “ကံမကောင်းစွာဖြင့်၊ သတင်းထောက်များစွာသည် ရုရှားနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် မတရားအကျဉ်းချခံနေရဆဲ ဖြစ်သည်။”

အမေရိကန် မရိန်းတပ်သားဟောင်း ပေါလ်ဝှီလန် (Paul Whelan) နဲ့ ဝေါစထရိဂျာနယ်သတင်းထောက် အီဗန်ဂါရှတ်ကိုဗစ်ချ်တို့ လွတ်မြောက်ရေး အပါအဝင် အခြားနိုင်ငံများနှင့် ရုရှားတို့ သမိုင်းဝင်အကျဉ်းသားလဲလှယ်မှုအပြီး သမ္မတဂျိုးဘိုင်ဒင်က အိမ်ဖြူတော်က သတင်းထောက်တွေကို စကားပြောဆိုခဲ့သည်။

ဘိုင်ဒင်သည် ဝှီလန်၊ အီဗန် ဂါရှတ်ကိုဗစ်ချ ၊ အယ်စူးကူမာရှီဗာ (Alsu Kurmasheva) နှင့် ဗလာဒီမာ ကာရာ မူဇာ (Vladimor Kara-Murza) တို့၏ မိသားစုဝင်များနှင့် အိမ်ဖြူတော်၌ ကြာသပတေးနေ့တွင် တွေ့ဆုံပြီး သူတို့၏ချစ်မြတ်နိုးရသူများ အိမ်သို့ ပြန်လာနေကြပြီ ဟူသော သတင်းစကားကို ပြောကြားရန် ခေါ်ယူခဲ့ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန်က ကြာသပတေးနေ့အစောပိုင်းက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 68 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 70 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက