နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးမြို့ရှိ ရမခတိုင်းစစ်ဌာနချုပ်နယ်မြေက စစ်ကောင်စီတပ်ဖွဲ့၀င် (၂၀၀)ကျော် MNDAA ထံ လက်နက်ချအလင်း၀င်

ဩဂုတ်လ (၂)ရက်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေက စစ်ကောင်စီတပ်ဖွဲ့၀င် (၂၀၀)ကျော် လက်နက်ချအလင်း၀င်လာခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ လားရှိုး ရမခ တိုင်းစစ်ဌာနချုပ် နယ်မြေထဲမှာ စကစ‌တွေနဲ့မိသားစုတွေပါအ၀င် အင်အား (၂၀၀)လောက် လက်နက်ချပါပြီ၊ အကောင်ကြီးတယောက်လဲ ဒဏ်ရာရထားတာရှိပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

လက်နက်ချအလင်း၀င်လာသူ (၂၀၀)လောက်ဟာ တိုင်းစစ်ဌာနချုပ်နယ်မြေထဲက စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ သူတို့ရဲ့ မိသားစု၀င်တွေလဲ ပါ၀င်ကာ အဲ့ဒီအထဲ ဒုဗိုလ်မှူးကြီးအထက်အဆင့်ရှိသူတစ်ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

MNDAA နဲ့ ပူးပေါင်းတပ်တွေဟာ ရမခတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆငိတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီရဲ့ ရှေ့တန်းကာကင်းစခန်းရှိ အင်အား (၂၀၀)ခန့်ဟာ စတင်လက်နက်ချလာခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြထားပါတယ်။

ရမခစစ်ဌာနချုပ် မကျစေဖို့အတွက် စစ်ကောင်စီက အသည်းအသန်ခုခံနေကာ လေကြောင်းကနေ အင်အားဖြည့်တင်းတာတွေ ပြုလုပ်နေပေမယ့် တော်လှန်ရေးတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ကာ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီးနဲ့ စစ်ဆေးရုံကို ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဆေးရုံထဲ ဆေးကုသနေတဲ့ ဆရာ၀န်တွေနဲ့ လူနာတွေ အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေက ပြောဆိုထားပါတယ်။

အခုလို ဆေးရုံတွေထဲ ရှော့တိုက်ဒုံးတွေ ကျရောက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်လော်ဘီချန်နယ်တွေက ကိုးကန့်တပ်တွေ ပစ်ခတ်တာလို့ ပြောဆိုထားကာ ကိုးကန့်တပ်ဘက်ကတော့ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ TNLA တောင်းဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 10 Views
ဇူလိုင်လ (၃၀)ရက်။ ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဟန်ချက်ညီညီ ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေကို TNLA က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပန်လှရဲစခန်းအပါအဝင် နေရာ (၂)ခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 12 Views
ရဲစခန်းရှိ အကျဉ်းသားတွေနဲ့ သံသယတရားခံ စုစုပေါင်း (၂၀)ကျော် သေဆုံးခဲ့တယ်လို့ MDY-PDF ထုတ်ပြန် ဇူလိုင်လ (၃၀)ရက်။ မနေ့က ညနေပိုင်းအချိန်
မြန်မာသတင်း

ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 15 Views
ဇူလိုင်လ (၃၀)ရက်။ ဇူလိုင်လ (၂၈)ရက်နေ့ ညနေ (၅)နာရီခန့်က ညောင်ဦးမြို့ တောင်ဘရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေအရ သိရပါတယ်။ “ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးက Denko ဆီဆိုင်ကို ဆိုင်ကယ် (၃)စီးနဲ့
မြန်မာသတင်း

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ပြည်သူ (၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 16 Views
ဇူလိုင်လ (၃၀)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်ခန့်က ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၉)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက်အစောပိုင်း (၁၂)နာရီ
မြန်မာသတင်း

ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့မှာ ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 17 Views
ဇူလိုင်လ (၃၀)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့ရှိ (၆၇)ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒဂုံဆိပ်ကမ်းက (၆၇)ရပ်ကွက်ရုံးနဲ့ အကြမ်းဖက်စစ်တပ်လက်ပါးစေတွေကို ပြင်းအားမြင့်
မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 14 Views
ဇူလိုင်လ (၃၀)ရက်။ ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေတရပ်ကို စစ်ကောင်စီက ဇူလိုင်လ (၂၉)ရက်နေ့ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဥပဒေထဲ အခန်း (၈)ခန်းပါဝင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်တာ၊ မဲဆွယ်စည်းရုံးတဲ့ကာလ၊ မဲပေးဖို့တို့နဲ့ မဲရုံမှာ လုံခြုံရေးအပြည့်နဲ့
မြန်မာသတင်း

ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင် တည်ဆောက်နေတယ်လို့ GZA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 32 Views
ဇူလိုင်လ (၂၉)ရက်။ ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင် တည်ဆောက်နေပြီး ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ Generation Z Army(GZA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ GZA အနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ မြို့သိမ်းတိုက်ပွဲ (၆)ခု၊
မြန်မာသတင်း

အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ ဝန်ကြီးဌာနတွေကို စုဖွဲ့ဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 19 Views
ဇူလိုင်လ (၂၉)ရက်။ အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ ဝန်ကြီးဌာနတွေကို စုဖွဲ့ဆောင်ရွက်နေတယ်လို့ NUG ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ