နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

1027 Operations

1027 Operations မြန်မာသတင်း

သိမ်းပိုက်ခံလိုက်ရပြီဖြစ်တဲ့ ရမခဌာနချုပ် နေပြည်တော်စစ်ရုံးချုပ်နဲ့ အဆက်အသွယ်ပြတ်သွား

ဩဂုတ်လ (၃)ရက်။

ကိုးကန့်တပ်(MNDAA) တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ နေပြည်တော်စစ်ရုံးချုပ်တို့ အဆက်အသွယ်ပြတ်သွားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ရမခကျတာ အတည်ဖြစ်သွားပါပြီ၊ အသေးစိတ်ကို ထပ်ပြီး ဖော်ပြပေးသွားပါမယ်။ အခုတော့ နေပြည်တော်စစ်ရုံးချုပ်နဲ့ ရမခ အဆက်အသွယ်ပြတ်တောက်နေပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဇူလိုင်လ (၃)ရက်နေ့ကစပြီး ကိုးကန့်တပ်(MNDAA)က တိုက်ခိုက်ခဲ့ကာ တစ်လတိတိပြည့်တဲ့ ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တိုက်ခိုက်ခံရပြီးနောက် အခုရက်ပိုင်းထဲမှာ ရမခနယ်မြေထဲက စစ်ကောင်စီတပ်ဖွဲ့၀င် (၂၀၀)ကျော်ဟာ အလံဖြူထောင် လက်နက်ချတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အခုအခါ ရမခနယ်မြေထဲကနေ စစ်ကောင်စီတပ်ဖွဲ့တွေအားလုံး စွန့်ခွာသွားကြပြီဖြစ်တာကြောင့် ရမခနယ်မြေကို ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်တွေက ခြေကုပ်ယူကာ နယ်မြေရှင်းလင်းနိုင်ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ရမခကျသွားတဲ့အတွက် စစ်ကူလိုက်နေရတဲ့ ကောကရိတ်မြို့က စစ်ကောင်စီရဲ့ စကခ(၁၂)စစ်ကြောင်းဟာ ဟိုယရွာစခန်းမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ရေးစောင့်ကြည့်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အရှေ့တောင်အာရှ

တရုတ်နဲ့ထိုင်းထောက်ခံမှုအောက်က စကစခြေလှမ်း။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 2 Views
တရုတ်နဲ့ထိုင်းထောက်ခံမှုအောက်က စကစခြေလှမ်း။ ဒီအပတ်ခေတ်မျက်လုံးရဲ့ ထိုင်းအတွေးနဲ့ မြန်မာ့အရေးမှာ စတီဗင်စန်းယုက ထိုင်းနိုင်ငံတွင်း နိုင်ငံရေးမှာယခင်ဝန်ကြီးချုပ်ဟောင်းတပ်ဆင်ရှင်နာဝပ်ကိုတရားဆွဲဆိုတာမအောင်မြင်ဖြစ်ခဲ့တာအပြင်တရုတ်နိုင်ငံနဲ့မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ပူးပေါင်းလုပ်ဆောင်လာမှုအပေါ်သူ့အမြင်သဘောထားကိုတင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် အသွားအလာ ကန့်သတ်မယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 2 Views
နိုဝင်ဘာလ (၂၅)ရက်။ နိုဝင်ဘာလ (၂၆)ရက်နေ့ကစပြီး ထိန်းချုပ်စိုးမိုးထားတဲ့ ဒေသတွေမှာ ယာယီ သွားလာတာတွေ စတင်ကန့်သတ်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရန်ကုန် လှည်းကူးမြို့မှာ ညမထွက်ရအမိန့် စစ်ကောင်စီ အချိန်ထပ်တိုးထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 2 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့ကစပြီး ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရအမိန့်ကို အချိန်ထပ်တိုး ထုတ်ပြန်ထားတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကြေညာတာတော့ မနေ့ကညပိုင်းကထဲက အသံချဲ့စက်နဲ့ လိုက်အော်နေတာ။ ထုံးစံအတိုင်းပဲပေါ့ မြို့နယ်အေးချမ်းတည်ငြိမ်ရေးကို ပျက်ပြားအောင်လုပ်တယ်ဆိုပြီး
1027 Operations မြန်မာသတင်း

စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 4 Views
နိုဝင်ဘာလ (၂၅)ရက်။ နှစ်ဖက်စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်လို့ TNLA ရဲ့ ဒီ‌ကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းဒေသတိုက်ပွဲထဲ စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ခံစားရတဲ့ ပြည်သူတွေကို ငဲ့ညာထောက်ထားတာ၊ အပစ်ရပ်ဖို့ ကြိုးစားနေတဲ့ တရုတ်အစိုးရရဲ့
မြန်မာသတင်း

မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာအားလုံးနီးပါး စစ်ဘေးရှောင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 4 Views
နိုဝင်ဘာလ (၂၅)ရက်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မတ္တရာမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ စကစက လေကြောင်းတွေ လက်နက်ကြီးတွေနဲ့ ရွာတွေထဲဝင်ပြီး မီးရှို့နေတာဆိုတော့ မတ္တရာအနောက်ခြမ်းက ရွာတွေအကုန်လုံးနီးပါး စစ်ဘေးရှောင်နေရတာ။ အရပ်သား
မြန်မာသတင်း

ကရင်နီဒေသထဲ စစ်ကောင်စီကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 10 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီဒေသထဲ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်း သေဆုံးပြီး (၃၃၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုနှစ်ထဲမှာ စစ်ကောင်စီကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး
မြန်မာသတင်း

ထားဝယ်ခရိုင်ထဲက PDF တပ်ရင်းနဲ့ ပကဖတွေပူးပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 7 Views
နိုဝင်ဘာလ (၂၅)ရက်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ PDF တပ်ရင်းအချို့နဲ့ မြို့နယ်ပကဖတွေ ‌ပူးပေါင်းကာ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ရင်းတို့အပါအဝင် ထားဝယ်၊
မြန်မာသတင်း

ရုရှားကပေးပို့တဲ့ စာနာမှုအကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်လာပြီလို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 6 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရုရှားနိုင်ငံကပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ဖို့အတွက် ရုရှားနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တရာယ်