နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီနဲ့ ရှမ်းတောင်ဒေသတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ထုတ်ပြန်

ဩဂုတ်လ (၄)ရက်။

ဇူလိုင်လထဲ ကရင်နီနဲ့ ရှမ်းတောင်နယ်‌စပ်ဒေသက တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇူလိုင်လ တစ်လတာထဲ လွိုင်ကော်၊ ဖားဆောင်းနဲ့ ဒီမော့ဆိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို ဖယ်ခုံ၊ ပင်လောင်းနဲ့ ညောင်ရွှေတို့မှာ စစ်ကောင်စီစစ်ကြောင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လကစပြီး လွိုင်ကော်မြို့မှာ စစ်ကောင်စီက အင်အားဖြည့်တင်းပြီး စစ်မျက်နှာတွေဖြန့်ခွဲကာ စစ်ကြောင်းထိုး ထိုးစစ်ဆင်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် KNDF နဲ့အတူ တော်လှန်ရေးတပ်တွေ ပူးပေါင်းကာ တန်ပြန်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ PNO ပူးပေါင်းအင်အား (၅၀၀)ကျော်ပါတဲ့ စစ်ကြောင်းဟာ ပင်လောင်းဘက်ကနေ ကရင်နီဘက်ကို အင်အားအလုံးအရင်းနဲ့ ၀င်ရောက်လာခဲ့တာကြောင့် တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီထိတွေ့တိုက်ပွဲဟာ ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းဘက်က (၂၀)ဦးနီးပါးကို ချေမှုန်းနိုင်ခဲ့ပြီး ဆောင်းပြောင်းရှိ အထိုင်စခန်းကုန်းတစ်ခုနဲ့ ရဲစခန်းတို့ကို မီးရှို့ရှင်းလင်းနိုင်ခဲ့သလို လက်နက်ငယ်စုံ (၁၅)လက်နဲ့ ခဲယမ်းမီးကျောက်တွေ၊ စစ်အသုံးအဆောင်တွေနဲ့ သုံ့ပန်းတွေ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၁၈)ရက်နေ့ကစပြီး ညောင်ရွှေနဲ့ ဖယ်ခုံမြို့အစပ်မှာရှိတဲ့ မှော်ဘီ-ဆီဆိုင်လမ်းပေါ်ရှိ စစ်ကောင်စီနဲ့ PNO ပူးပေါင်းထားတဲ့ လွယ်လုံစခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက်ခဲ့ကာ မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃၀)ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး လက်နက်ငယ် (၁၅)လက်နဲ့ ခဲယမ်း၊ မီးကျောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုအချိန်အထိ ဆောင်းပြောင်းအပါအ၀င် ဖယ်ခုံနဲ့ ညောင်ရွှေနယ်စပ်က စံကားနဲ့ မှော်ဘီဘက်တို့မှာ စစ်ကောင်စီစစ်ကြောင်းတွေ ဆက်ရှိနေတာကြောင့် နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ပြောဆိုထားပါတယ်။

ဖားဆောင်းမြို့ရှိ စစ်ကောင်စီအခြေစိုက်တပ်တွေနဲ့ ကာကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေက အဆတ်မပြတ် တိုက်ခိုက်နေပြီး ဒီမော့ဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၄၂၇)တပ်ဘက်က စစ်ကြောင်းတခုဟာ ဒီမော့ဆို (၆)မိုင်လမ်းမကြီးပေါ်ရှိ ဒေါခလိုက်လင်းကျေးရွာဖက်ကို ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်ရင်း တိုက်ပွဲတွေထဲ အသက်ပေးသွားခဲ့ရတဲ့ KNDF  ရဲဘော်တွေကို အာဇာနည်သူရဲကောင်းတွေအနေနဲ့ အစဉ်အမြဲ မှတ်တမ်းတင်ထားမယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင်လက လွိုင်ကော်မြို့မှာ တိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ပြီး သေဆုံးသူ (၅)ဦးနဲ့အထက်ရှိနိုင်ကာ နေအိမ် (၉၀)ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်နေအိမ် (၅)လုံးခန့်နဲ့ စာသင်ကျောင်းတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို လက်တွဲဆန့်ကျင်သွားမယ်လို့ MSFC နဲ့ MSCC တို့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 11 Views
စက်တင်ဘာလ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို လက်တွဲဆန့်ကျင်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ(MSCC)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ (၁၆)ရက်နေ့က
မြန်မာသတင်း

မြိုင်နယ်ရှိ ရေနံမှော်အနီးကို စက်တပ်လေထီးနဲ့ (၂)ရက်ဆက်တိုက် ဗုံးကြဲ၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 32 Views
စက်တင်ဘာလ (၁၈)ရက်။ စက်တင်ဘာလ (၁၆)ရက်နဲ့ (၁၇)ရက်တို့မှာ မြိုင်နယ်ရှိ ကျောက်ခွက်ရေနံမှော်အနီးကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထားဝယ်မြို့က တက်လာတဲ့ စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၀)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 46 Views
စက်တင်ဘာလ (၁၈)ရက်။ စက်တင်ဘာလ (၁၄)ရက်နေ့က ထားဝယ်မြို့ကနေ တက် လာတဲ့ စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းကို ပကာရီရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲတောင်တပ်စခန်းကနေ ထားဝယ်မြို့ကိုပြန်လာဖို့အတွက် စစ်ကူအင်အား
မြန်မာသတင်း

ကန့်ဘလူရှိ ဇီးကုန်းမြို့မရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ မိနစ်ပိုင်းနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၊ စစ်တပ်ဘက်က အရာရှိအပါအဝင် (၆)ဦးသေဆုံး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 42 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ အဲ့ဒီစခန်းသိမ်းတိုက်ပွဲက နာရီဝက်လောက်ပဲကြာတယ်။ စစ်တပ်ဘက်က အချိန်မီစစ်ကူပို့ပေးဖို့ တောင်းပေမယ့် မရောက်လာလို့ ဆုံးရှုံးခဲ့တာ။
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ တရားမဝင်ဘူးလို့ NUCC၊ NUG နဲ့ CRPH တို့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 80 Views
စက်တင်ဘာလ (၁၈)ရက်။ စစ်ကော်မရှင်နဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့တွေရဲ့ လုပ်ဆောင်ချင်တွေဟာ တရားမဝင်ဘူးလို့ NUCC၊ NUG နဲ့ CRPH တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို
မြန်မာသတင်း

စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်း (၁၄)ဦး ကလေးခရိုင်ပကဖဆီ အလင်းဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 64 Views
စက်တင်ဘာလ (၁၇)ရက်။ ဇူလိုင်လနဲ့ ဩဂုတ်လထဲ စစ်တပ်ရဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်း (၁၄)ဦး ကလေးခရိုင်ပကဖရုံးထံ အလင်းဝင်လာခဲ့တယ်လို့ Wing of Kalay ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာသူတွေဟာ တိုင်းရင်းသားလူငယ်လူရွယ်တွေဖြစ်ပြီး ကလေးခရိုင်ပကဖရုံးရဲ့
မြန်မာသတင်း

မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၅၀၀)စာရင်းထွက်ပေါ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 99 Views
စက်တင်ဘာလ (၁၇)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၄၈၉)ဦးစာရင်းဟာ ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ့တယ်လို သိရပါတယ်။ မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့အထဲ ဗိုလ်ချုပ်ကြီးအဆင့်အထိကနေ စစ်အရာရှိတွေ၊ ရုံးအုပ်နဲ့ တပ်ကြပ်ကြီးစာရေးတွေအပါအဝင် အောက်ခြေအဆင့်အထိ
မြန်မာသတင်း

မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေး ငွေကျပ် သိန်း(၉၀)အထိ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ကောက်ယူနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 103 Views
စက်တင်ဘာလ (၁၇)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဆိုသူက မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေးအနေနဲ့ ငွေကျပ်သိန်း(၉၀)အထိ ခြိမ်းခြောက်ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးထံ သတင်းပေးပို့ချက်တွေအရ သိရပါတယ်။ “ ဦးဘုန်းခန့်အောင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အမြဲပြောနေကြရှိတယ်။ သူ့မှာ ဆရာတော်ဦးသုမနရှိတယ်၊ဆရာတော်ဦးသုမနက သူ့အခက်အခဲတွေကို