ဩဂုတ်လ (၈)ရက်။
လွိုင်ကော်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂)ခုဟာ NUG ကာကွယ်ရေး၀န်ကြီးဌာနရဲ့ လက်အောက်ကို ပြောင်းရွှေ့တာ၀န်ထမ်းဆောင်လိုက်တယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
Loikaw Local PDF Alpha-3(KDF)နဲ့ Loikaw Local PDF Alpha-4(JPDF)တို့ဟာ ဩဂုတ်လ (၆)ရက်နေ့ကစပြီး သူတို့ရဲ့ သဘောဆန္ဒနဲ့ Loikaw Local PDF ကနေ တရား၀င်နှုတ်ထွက်တာလို့ ဆိုပါတယ်။
နှုတ်ထွက်လိုက်တဲ့ တပ်ရင်း (၂)ရင်းအနေနဲ့ NUG ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်ကို တပ်ရင်းတစ်ရင်းအနေနဲ့ ပြောင်းရွှေ့တာ၀န်ထမ်းဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
Loikaw Local PDF Alpha တပ်ရင်းတွေအနေနဲ့ ဒေသထဲ အခြားတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲ၀င်သွားမယ်လို့ ရေးသားထားပါတယ်။
ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးမှာ တပ်ရင်း (၂)ရင်းဟာ MOD ရဲ့ တပ်ရင်းတစ်ရင်းအနေနဲ့ ပြည်သူ့တော်လှန်ရေးကို ဆုံးခန်းတိုင်အောင် တိုက်ပွဲ၀င်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
Loikaw Local PDF Alpha-3(KDF)နဲ့ Loikaw Local PDF Alpha-4(JPDF)တို့ဟာ အရင်က လွိုင်ကော်ပြည်သု့ကာကွယ်ရေးလက်အောက်မှာ ကရင်နီစစ်ဆင်ရေးတွေထဲ ပူးပေါင်းပါ၀င်နေတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။