နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း (၇၆)မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထား၊ စစ်ကောင်စီ လုံး၀ပြိုကျနေပြီလို့ NUG ယာယီသမ္မတပြော

ဩဂုတ်လ (၁၀)ရက်။

နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း (၇၆)မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့ကာ စစ်ကောင်စီ လုံး၀ ပြိုကျနေပြီလို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ “ပြည်သူများသို့ အောင်စကား” အစီအစဉ်မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“အခုဆို တကယ့်စစ်ဌာနချုပ် ရမခ လားရှိုးကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီး အုပ်ချုပ်နေပါပြီ၊ ဒါတွေဟာ ဘယ်လိုမှ ငြင်းမရတဲ့ အောင်ပွဲတွေဖြစ်ပါတယ်။ဒါကြောင့် စစ်ကောင်စီဟာ လုံး၀ ပြိုကျနေပါပြီ။ သူတို့စိတ်ဓါ‌တ်ရေးရာ လုံး၀မရှိတော့ပါဘူး၊ စစ်တိုက်နိုင်တဲ့ စွမ်းအားလဲ မရှိတော့ပါဘူ”လို့ သူက ဆိုပါတယ်။

အခုလို ဖက်ဆစ်စစ်တပ် ပြိုလဲနေတာကို စစ်လော်ဘီတွေက ပြည်သူတွေကို အမျိုးမျိုး ဝေဝါးအောင် ပြောဆိုနေကြပြီး လုံး၀မယုံကြဖို့နဲ့ ကမ္ဘာကလဲ မယုံတော့သလို တော်လှန်ရေးဟာ သေချာပေါက်အနိုင်ရရှိတော့မယ်လို့ ယာယီသမ္မတက အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးသာမက နိုင်ငံတကာ ဆက်ဆံရေးမှာလဲ ဘယ်သူမှ မဆက်ဆံချင်တဲ့ အနေအထားဖြစ်နေကာ စီးပွားရေးမှာလဲ တခါမှ မကြုံဖူးလောက်တဲ့ နလန်မထူနိုင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“တကယ်သာသတ္တိရှိတဲ့အမျိုးသား ဖြူစင်တဲ့ ယောင်္ကျားကောင်းဆိုရင်တော့ ငါမှားပါပြီ၊ သတ်ရင်လဲ သတ်လိုက်ပါတော့၊ ပြည်သူ‌ကို အာဏာပြန်အပ်တဲ့ ပြောသင့်တဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်က ရူးနေတဲ့အတွက် သူက အဲ့လိုပြောမှာမဟုတ်ပါဘူး၊ နောက်ဆုံး သေခါနီးအထိ ခေါင်းမာနေမှာဖြစ်တယ်”လို့ ယာယီသမ္မတက ထပ်မံပြောပါတယ်။

တိုင်းရင်းသားတွေအားလုံး ပါ၀င်နေတဲ့ နွေဦးတော်လှန်ရေးဟာ သွေးစည်းညီညွတ်တဲ့ တော်လှန်ရေးဖြစ်တာကြောင့် အောင်မြင်မှု ပမာဏ ကြီးမားကာ မင်းအောင်လှိုင် သေချာပေါက်ရှုံးမှာဖြစ်တယ်လို့ ယာယီသမ္မတရဲ့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို