နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြင်ဦးလွင်နဲ့ မန္တလေးက စစ်ဘေးရှောင်လာသူတွေကြောင့် ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက် ဂယက်ထနေ

ဩဂုတ်လ (၁၀) ရက်။

တိုက်ပွဲတွေကြောင့် ပြင်ဦးလွင်မြို့နဲ့ မန္တလေးမြို့တို့က စစ်ဘေး‌ရှောင်လာတဲ့သူတွေ များလာတဲ့အတွက် ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက် ဂယက်ထနေပြီး အငှားဈေးကွက်ဖြစ်ပေါ်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူတွေထံက သိရပါတယ်။

“အခုရက်ပိုင်းက ပြင်ဦးလွင်နဲ့ မန္တလေးဘက်က စီးပွားရေးသမားတွေနဲ့ ပိုက်ဆံရှိတဲ့သူတွေ စစ်ရှောင်တဲ့ပုံစံနဲ့ ရန်ကုန်မြို့ကို လာကြတာများတော့ ရန်ကုန်အိမ်ခြံမြေက တော်တော်လေးကို ဂယက်ထနေတာ၊ ဈေးလဲတော်တော်ဖြစ်ပြီး ပွဲစားတွေလဲ ခြေရှုပ်နေကြတယ်”လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

ပြင်ဦးလွင်နဲ့ မန္တလေးမြို့တို့ကနေ စစ်ဘေးရှောင်လာတဲ့သူတွေဟာ လူကုံထံ ငွေကြေးချမ်းသာတဲ့ လူတန်းစားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများဆုံးဖြစ်ပြီး ရန်ကုန်မြို့က အချက်အချာကျတဲ့နေရာတွေက ကွန်ဒိုတွေနဲ့ လုံးချင်းအိမ်ရာတွေကို အများဆုံး ငှားရမ်းနေကြတာလို့ သိရပါတယ်။

“အများဆုံးကတော့ ရှမ်းတရုတ်တွေနဲ့ စီးပွားရေးသမားတွေများတယ်။ သူတို့က ရန်ကုန်က အချက်အချာကြတဲ့ နေရာတွေက ကွန်ဒိုတွေ လုံးချင်းအိမ်ရာတွေကို လချုပ်တွေနဲ့ တလကို သိန်း ၃၀၊ ၅၀၊ ၇၀ လောက်နဲ့ လချုပ်တွေ ငှားနေကြတာ။ Golden City လို ကွန်ဒိုမှာတောင် အခုအခန်းတွေပြည့်သွားပြီ”လို့ သူက ဆက်ပြောပါတယ်။

ဒီလိုစစ်ဘေးရှောင်လာတဲ့သူတွေထဲ ရှမ်းတရုတ်တွေလဲ ပါ၀င်ကာ ရန်ကင်း၊ တောင်ဥက္ကလာပ၊ သာကေတနဲ့ လှိုင်သာယာမြို့နယ်တို့ရှိ ကွန်ဒိုနဲ့ လုံးချင်းအိမ်ရာများကို လချုပ်အနေနဲ့ ငှားရမ်းတာတွေများလာပြီး အိမ်ခြံမြေဈေးကွက်လဲ ဈေးပိုဖြစ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ပြင်ဦးလွင်နဲ့ မန္တလေးမြို့တို့ကနေ ငွေကြေးချမ်းသာသူ‌တွေဟာ ရန်ကုန်မြို့ကို ကြိုတင်တိမ်းရှောင်လာကြတာဖြစ်သလို ငွေကြေးမပြည့်စုံတဲ့ ဒေသခံ အခြေခံလူတန်းစားတွေကတော့ နီးစပ်ရာရပ်ရွာတွေကို တိမ်းရှောင်နေကြရပါတယ်။

“ပိုက်ဆံရှိတဲ့သူတွေကတော့ ရန်ကုန်မြို့က luxury ဆန်တဲ့နေရာတွေကို မိသားစုလိုက် ပြောင်းလာကြတာပေါ့။ ပိုက်ဆံမတတ်နိုင်တဲ့သူတွေကတော့ အဆင်ပြေသလို နေနေကြရတာ။ ဒါကလဲ စကစကြောင့် အခုလိုမျိုးတွေဖြစ်နေရတာ။ စကစမရှိမှပဲ ဒါတွေက ပြီးသွားမှာပါ။ ဒါကိုအခွင့်ကောင်းယူပြီး အိမ်ခြံမြေပွဲစားတွေကလဲ ဈေးတွေအဆမတန်လုပ်တာရှိတယ်၊ လောဘသမားတွေကတော့ အချိန်တန်ရင် သူ့လမ်းသူသွားမှာပါ”လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။

အခုလို နယ်မြို့တွေကနေ ဘေးလွတ်ရာကို တိမ်းရှောင်လာမယ့် ငွေကြေးမပြည့်စုံတဲ့ စစ်ဘေးရှောင်တွေကိုလဲ ရန်ကုန်ရှိ မှော်ဘီ၊ တိုက်ကြီးနဲ့ လှည်းကူးမြို့တို့က မြို့ခံအချို့က အကူအညီပေးတဲ့အနေနဲ့ ခြံ၀န်းထဲလာရောက်နေထိုင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားဖိတ်ခေါ်တာတွေရှိနေပါတယ်။

ပြီးခဲ့ရက်ပိုင်းကလဲ ပြင်ဦးလွင်မြို့ကနေ ကားထောင်နဲ့ချီပြီး မန္တလေးမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြသူတွေရှိကာ အဲ့ဒီထဲမှာ စစ်ကောင်စီတပ်မိသားစု၀င်တွေလဲ ပါ၀င်ပြီး အခုရက်ပိုင်းထဲ ရန်ကုန်ရှိ သာကေတမြို့ကို ရောက်လာတာတွေရှိတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို