နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကြားဖြတ်အစိုးရ သို့မဟုတ် တပ်ပေါင်းစု ဖွဲ့စည်းရေး Civil Society For Myanmar (CSM) က တိုက်တွန်း

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သြဂုတ်လ (၁၅) ရက်။

လက်ရှိအခြေအနေမှာ မြန်မာပြည်ရှိ ပြည်သူပြည်သားတွေဟာ ကြီးထွားလာတဲ့ ပြည်တွင်းစစ်ဒဏ်ကို အခံစားရဆုံး ဖြစ်နေပြီး စစ်အုပ်စုဟာလည်း ပြိုကျလုနီးပါး ဖြစ်နေချိန်မှာ တော်လှန်ရေးကို ဦးဆောင်နိုင်တဲ့ အင်အားစုတွေဟာ တစုတစည်းတည်း ဖြစ်မနေဘဲ သီးခြားစီ ဖြစ်နေတဲ့အတွက် စစ်အုပ်စုကို ထိရောက်သင့်သလောက် ထိရောက်အောင် တစုတစည်းတည်း မတိုက်နိုင်ကြတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ စစ်တပ်က အနိုင်ရ NLD ပါတီကို အာဏာပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် နယ်စပ်ကို ထွက်ခွာလာသော ရွေးကောက်ခံ ကိုယ်စားလှယ်တွေ စုစည်းပြီး စင်ပြိုင်အစိုးရ NCGUB မှ ဖွဲ့စည်းခဲ့ပေမယ့် အဲ့ဒီအစိုးရမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ခေါင်းဆောင်တွေကို မထည့်သွင်းဘဲ ထားခဲ့တာကြောင့် အမည်ခံအစိုးရသာ ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာ အမေရိကန်နိုင်ငံမှာ ဇတ်သိမ်းသွားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအချက်ကို သင်္ခန်းစာယူပြီး အဲ့ဒီအချိန်က မလုပ်ဆောင်မိခဲ့တဲ့ ကြားဖြတ်အစိုးရတစ်ရပ်ကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းကြီးတွေက ခေါင်းဆောင်တွေကို ပါဝင်ဖွဲ့စည်းပြီး အကြမ်းဖက် စစ်အုပ်စုကို တိုက်ခိုက်သင့်ကြောင်းနဲ့ စစ်အုပ်စု ပြုတ်ကျတဲ့အချိန်မှာ တိုင်းပြည်မှာ မင်းမဲ့စရိုက် မဖြစ်ပေါ်စေဖို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။

ကြားဖြတ်အစိုးရတစ်ရပ် ဒါမှမဟုတ် ၁၉၈၉ ခုနှစ် ကရင်ပြည်နယ် မာနယ်ပလောမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (Democratic Alliance of Burma-DAB) လို တပ်ပေါင်းစု ဖွဲ့စည်းဖို့ တိုက်တွန်းထားပါတယ်။

အချက်အလက်။

၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် မဲနယ်ပလောမှာ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (Democratic Alliance of Burma-DAB) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဘိုမြ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဘရမ်ဆိုင်း၊ မွန်ပြည်သစ်ပါတီ (MNSP) ဥက္ကဋ္ဌ နိုင်ရွှေကျင်၊ ပြည်သူ့ပြည်ချစ်ပါတီ (PPP) ဥက္ကဋ္ဌ ဦးသွင်တို့က ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ကြပါတယ်။ အဖွဲ့ဝင်ပေါင်း ၂၅ ဖွဲ့ ပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ။

ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (Democratic Alliance of Burma-DAB) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ်

NCGUB အဝေးရောက်အစိုးရအဖွဲ့ဝင်များကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 10 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 7 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 8 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 20 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 18 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ
မြန်မာသတင်း

ဆားလင်းကြီးမြို့မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ မုံရွာနမခကနေ စကစက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးသီးတွေကြဲချတာ။ စစ်သင်္ဘောတွေကလဲ မြစ်ကမ်းဘေး ဝဲ၊ယာက
မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 42 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မှော်ဘီက အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ မှော်ဘီမြို့မရဲစခန်းက အစောင့်ရဲခွေးတွေကို အဝေးထိန်းမိုင်း(၂)လုံးကို
မြန်မာသတင်း

ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူတာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
ဇွန်လ (၂၈)ရက်။ ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်တာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းသားတွေနဲ့ တွေ့ဆုံချိန်‌ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ မဲမသမာတာတွေကြောင့် နိုင်ငံကို