ဩဂုတ်လ (၁၅)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီအချိန်က ပဲခူးရိုးမထဲရှိ ဂမုန်းကြိုးဝိုင်းမှာ သစ်ခိုးထုတ်နေတဲ့အဖွဲ့ကို သတိပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပဲခူးရိုးမထဲရှိ စစ်ဆင်ရေးနယ်မြေထဲ နယ်မြေရှင်းလင်းဖို့အတွက် ကင်းလှည့်နေချိန် ဂမုန်းကြိုးဝိုင်းအမှတ် (၅၆)နဲ့ (၅၇)မှာ ကျွန်းနုပင်တွေကို ခုတ်ယူသယ်ဆောင်နေတဲ့ သစ်ခိုးထုတ်သူတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သစ်ခိုးထုတ်နေတဲ့အဖွဲ့ကို ကျွန်းနုပင်တွေ ထပ်မံခုတ်ယူတာ မပြုလုပ်ကြဖို့ သတိပေးပြောဆိုကာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တောသယံဇာတတွေကိုလဲ ကာကွယ်ထိန်းသိမ်းဖို့ တာ၀န်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပဲခူးရိုးမထဲက ကျွန်းနုပင်တွေကို ခိုးထုတ်တာတွေ မပြုလုပ်ကြဖို့နဲ့ ခိုးထုတ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ ကြိုတင်စတိပေးထားချက်အရ သိရပါတယ်။